ဒီး​ေမာ့ဆိုၿမိဳ႕နယ္​ ​ေခါက္​ပ​ေလာ့​ေက်းရြာတြင္​ မူးယစ္ေဆး၀ါး ေရာင္းခ်ေနေၾကာင္း ၀င္ေရာက္ရွာေဖြရာမွ အမ်ဳိးသားႏွစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

ဒီး​ေမာ့ဆိုၿမိဳ႕နယ္​ ​ေခါက္​ပ​ေလာ့​ေက်းရြာတြင္​ မူးယစ္ေဆး၀ါး ေရာင္းခ်ေနေၾကာင္း ၀င္ေရာက္ရွာေဖြရာမွ အမ်ဳိးသားႏွစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 17, 2017
By Tachileik News Agency

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေခါက္ပေလာ့ေက်းရြာတြင္ စိတ္ႂကြ႐ူးသြပ္ ေဆးျပားႏွင့္အတူ ဆက္စပ္ပစၥည္းမ်ားကို အမ်ဳိးသားႏွစ္ဦးထံက ေအာက္တိုဘာလ ၁၇ ရက္ေန႔တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ေခါက္ပေလာ့ေက်းရြာရွိ ဦးစတဲဖားႏို၏ ေနအိမ္တြင္ မူးယစ္ေဆး၀ါးမ်ား ေရာင္းခ်ေနေၾကာင္း သတင္းရရွိ၍ ေအာက္တိုဘာလ(၁၇)ရက္ေန႔ နံနက္ (၆)နာရီ၀န္းက်င္အခ်ိန္က ပူးေပါင္းအဖြဲ႔ျဖင့္ ၀င္ေရာက္ရွာေဖြ ဖမ္းဆီးျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္သို႔ ဝင္ေရာက္႐ွာေဖြရာတြင္ အိမ္႐ွင္ ဦးစတဲဖားႏိုအား အသင့္ေတြ႔ရၿပီး ဆက္လက္ ႐ွာေဖြရာ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၉၅)ျပားႏွင့္ မူးယစ္ေဆးဝါး ေရာင္းခ်ရေငြဟု ယူဆရသည့္ ျမန္မာေငြစကၠဴေရာရာ တစ္သိန္းတစ္ေသာင္းအား အစိမ္းေရာင္ ေျပာက္က်ားအိတ္အတြင္းမွ ေတြ႕ရၿပီး မူးယစ္ေဆးဝါးသုံးစြဲရာတြင္ အသုံးျပဳေသာ ဝါး႐ုိးႏွစ္ေခ်ာင္းတပ္ ပလတ္စတစ္ဘူးအားေနအိမ္ေ႐ွ႕ ေက်ာက္စည္ပိုင္းအတြင္းမွ ေတြ႕ရွိရ၍ ဒီးေမာ့ဆိုၿမိဳ႕မ ရဲစခန္းမွ ရဲအုပ္ေအာင္ေအာင္ေဝ မွ သက္ေသမ်ားေ႐ွ႕တြင္ ႐ွာေဖြ ပုံစံျဖင့္ သိမ္းဆည္းခဲ့သည္။

တစ္ဆက္တည္း ေနအိမ္ေဘး အဖီ႐ွိ အိပ္ခန္းတြင္း ထပ္မံ႐ွာေဖြရာ ရန္ႏိုင္လင္းအား အိပ္လ်က္ေတြ႕ရၿပီး ၎အိပ္သည့္ ေခါင္းရင္းေအာက္ ကာကီေရာင္ေဘးလြယ္အိတ္အတြင္းမွ WY စာတမ္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉)ျပားပါ တစ္ထုပ္ႏွင့္ wy စာတမ္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂)ျပား စုစုေပါင္း (၁၁)ျပားအား Red Ruby ေဆးလိပ္ ဘူးခြံအတြင္း ထည့္လ်က္ေတြ႕ရၿပီး ၎ အသုံးျပဳေသာ Samsung galaxy note7 အမ်ိဳးအစား ဟန္းဆက္ႏွင့္ ဆင္းကဒ္မ်ားကိုလည္းေကာင္း အိပ္ခန္းေ႐ွ႕စားပြဲေပၚမွ မူးယစ္ေဆးဝါးသုံးစြဲရာတြင္ အသုံးျပဳသည့္ ဝါး႐ုိးတြင္ ရာဘာပိုက္စြပ္ အ႐ုိးတပ္လ်က္ အခ်ိဳရည္ဘူးတစ္ဘူးအားလည္းေကာင္း ရန္ႏိုင္လင္း ထံမွ သိမ္းဆည္းရမိခဲ့သည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ဦးစတဲဖားႏိုႏွင့္ ရန္ႏိုင္လင္းတို႔အား ဒီးေမာ့ဆိုၿမိဳ႕မရဲစခန္း တြင္ မယ(ပ)၁၀/၂၀၁၇| မူး/စိတ္ပုဒ္မ ၁၅/၁၆ (ဂ)/၁၉(က)/၂၀(က)/၂၁ အရ အမႈဖြင့္အေရးယူထား႐ွိၿပီး အမႈအား ဒုရဲအုပ္ မ်ိဳးလင္းႏိုင္မွ လက္ခံစစ္ေဆးလ်က္႐ွိေၾကာင္း သိရသည္။

သတင္း - #ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ခေါက်ပလော့ကျေးရွာတွင် စိတ်ကြွရူးသွပ် ဆေးပြားနှင့်အတူ ဆက်စပ်ပစ္စည်းများကို အမျိုးသားနှစ်ဦးထံက အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခေါက်ပလော့ကျေးရွာရှိ ဦးစတဲဖားနို၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းရရှိ၍ အောက်တိုဘာလ(၁၇)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်အချိန်က ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာတွင် အိမ်ရှင် ဦးစတဲဖားနိုအား အသင့်တွေ့ရပြီး ဆက်လက် ရှာဖွေရာ စိတ်ကြွဆေးပြား စုစုပေါင်း (၁၉၅)ပြားနှင့် မူးယစ်ဆေးဝါး ရောင်းချရငွေဟု ယူဆရသည့် မြန်မာငွေစက္ကူရောရာ တစ်သိန်းတစ်သောင်းအား အစိမ်းရောင် ပြောက်ကျားအိတ်အတွင်းမှ တွေ့ရပြီး မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဝါးရိုးနှစ်ချောင်းတပ် ပလတ်စတစ်ဘူးအားနေအိမ်ရှေ့ ကျောက်စည်ပိုင်းအတွင်းမှ တွေ့ရှိရ၍ ဒီးမော့ဆိုမြို့မ ရဲစခန်းမှ ရဲအုပ်အောင်အောင်ဝေ မှ သက်သေများရှေ့တွင် ရှာဖွေ ပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

တစ်ဆက်တည်း နေအိမ်ဘေး အဖီရှိ အိပ်ခန်းတွင်း ထပ်မံရှာဖွေရာ ရန်နိုင်လင်းအား အိပ်လျက်တွေ့ရပြီး၎င်းအိပ်သည့် ခေါင်းရင်းအောက် ကာကီရောင်ဘေးလွယ်အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၉)ပြားပါ တစ်ထုပ်နှင့် wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂)ပြား စုစုပေါင်း (၁၁)ပြားအား Red Ruby ဆေးလိပ် ဘူးခွံအတွင်း ထည့်လျက်တွေ့ရပြီး၎င်း အသုံးပြုသော Samsung  galaxy note7 အမျိုးအစား ဟန်းဆက်နှင့် ဆင်းကဒ်များကိုလည်းကောင်း အိပ်ခန်းရှေ့စားပွဲပေါ်မှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဝါးရိုးတွင် ရာဘာပိုက်စွပ် အရိုးတပ်လျက် အချိုရည်ဘူးတစ်ဘူးအားလည်းကောင်း ရန်နိုင်လင်း ထံမှ သိမ်းဆည်းရမိခဲ့သည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ဦးစတဲဖားနိုနှင့် ရန်နိုင်လင်းတို့အား ဒီးမော့ဆိုမြို့မရဲစခန်း တွင် မယ(ပ)၁၀/၂၀၁၇| မူး/စိတ်ပုဒ်မ ၁၅/၁၆ (ဂ)/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားရှိပြီး အမှုအား ဒုရဲအုပ် မျိုးလင်းနိုင်မှ လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~