တာခ်ီလိတ္တြင္ စက္တင္ဘာႏွင့္ ေအာက္တိုဘာလအတြင္း လိုင္စင္မဲ့ဆုိင္ကယ္ မွတ္ပံုတင္ေလွ်ာက္ထားမႈ ေလ်ာ့နည္းလာ

တာခ်ီလိတ္တြင္ စက္တင္ဘာႏွင့္ ေအာက္တိုဘာလအတြင္း လိုင္စင္မဲ့ဆုိင္ကယ္ မွတ္ပံုတင္ေလွ်ာက္ထားမႈ ေလ်ာ့နည္းလာ
အောက်တိုဘာ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ စက္တင္ဘာလမွ ေအာက္တိုဘာလ တတိယပတ္အထိ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ား လိုင္စင္ေလွ်ာက္ထားသူ (၁၇၆)ဦးသာရိွေၾကာင္း သိရသည္။

"လက္ရိွအေျခအေနမွာ တစ္ေန ့ကို အမ်ားဆုံး (၃)စီးပဲလာလုပ္တယ္။ လာလုပ္တဲ့ အစီးေရ ေတာ္ေတာ္နည္းပါတယ္။ ပထမအဆင့္ အေနနဲ ့ One Stop Service နဲ ့ လုပ္ေပးတုန္းကေတာ့ ကၽြန္ေတာ္တို ့ရုံးမွာပဲ ဌာနေပါင္းစုံ ထိုင္ၿပီး လုပ္ေပးပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ဌာနေတြက ကိုယ့္ဌာနေတြမွာပဲ ကိုယ္ထို္င္ၿပီး လုပ္ေပးေနပါတယ္"ဟု တာခ်ီလိတ္ခရိုင္ ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးစိုုင္းလံုေက်ာက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ဒုတိယအဆင့္အေနျဖင့္ စက္တင္ဘာလမွ စတင္ကာ ေန႔စဥ္ ေဒသလိုင္စင္ထုတ္ေပးလ်က္ရိွရာ စက္တင္ဘာလတြင္ (၁၄၅)စီးႏွင့္ ဒုတိယလ ျဖစ္သည့္ ေအာက္တိုဘာလ တတိယပတ္အတြင္း (၃၁)စီး စုစုေပါင္း (၁၇၆)စီး လိုင္စင္ ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"လိုင္စင္လုပ္ထားတဲ့ ဆိုင္ကယ္ေစ်းနဲ ့ မလုပ္ထားတဲ့ ဆိုင္ကယ္ကို ယွဥ္ၿပီး အျပင္မွာ သြားေရာင္းမယ္ဆိုရင္ လိုင္စင္လုပ္ထားတဲ့ လူက ရႈံးသလို ျဖစ္ေနတယ္ေလ။ ၿပီးေတာ့ လိုင္စင္လုပ္တဲ့ ဒဏ္ေၾကးေတြကလည္း ျမင့္တာပါတယ္။ ဒါေၾကာင့္ လိုင္စင္လုပ္တဲ့လူေတြကလည္း နည္းတယ္လို ့ ျမင္တယ္။ ေနာက္ၿပီးေတာ့ အခုက One Stop Service မဟုတ္ေတာ့ဘဲနဲ ့ ဌာန(၃)ခုေလာက္ သြားေနရတဲ့အတြက္ ဌာနတစ္ခုခုက လူႀကီးေတြက အစည္းအေ၀းေတြ ဘာေတြ တက္ေနတဲ့ အခ်ိန္နဲ ့ တိုးတယ္ဆိုရင္ေတာ့ (၂)ရက္ေလာက္ ေစာင့္ရတယ္။ အကယ္၍ လူႀကီးေတြရိွရင္ေတာ့ တစ္ရက္တည္းနဲ ့ ၿပီးပါတယ္"ဟု ဆိုင္ကယ္လိုင္စင္ သြားေရာက္ေလွ်ာက္ထားခဲ့သူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

မွတ္ပံုတင္ျပဳလုပ္မည့္ ဆုိင္ကယ္မ်ားအား ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနတြင္ စစ္ေဆးေရး အဖြဲ႕က ဆိုင္ကယ္အမ်ိဳးအစား၊ ေမာ္ဒယ္သတ္မွတ္ခ်က္မ်ား စိစစ္ေပးၿပီး သတ္မွတ္ ဒဏ္ေၾကးအား ျမန္မာ့စီးပြားေရး ဘဏ္တြင္ ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဒဏ္ေၾကးေပးသြင္းၿပီးေၾကာင္း ခ်လန္ျဖတ္ပုိင္းႏွင့္ အတူ ျမန္မာ့အာမခံလုပ္ငန္းတြင္ သူတစ္ပါး ထိခုိက္နစ္နာမႈ အာမခံေၾကး ေပးေဆာင္ၿပီးပါက ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးတြင္ ယာဥ္မွတ္ပံုတင္ စာအုပ္(ကမ-၃)၊ ယာဥ္သက္ေသခံလက္မွတ္မ်ား ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္ မတ္လမွ ဇြန္လဆန္းအထိ ပထမအဆင့္ အေနျဖင့္ ေဒသလိုင္စင္ထုတ္ထားသည့္ ဆုိင္ကယ္အစီးေရမွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္(၈၃၂)စီး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ (၄၇၇)စီးႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ (၅၄၂၈)စီး စုစုေပါင္း (၆၇၃၇)စီးရိွေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စက်တင်ဘာလမှ အောက်တိုဘာလ တတိယပတ်အထိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ လိုင်စင်လျှောက်ထားသူ (၁၇၆)ဦးသာရှိကြောင်း သိရသည်။

"လက်ရှိအခြေအနေမှာ တစ်နေ့ကို အများဆုံး (၃)စီးပဲလာလုပ်တယ်။ လာလုပ်တဲ့ အစီးရေ တော်တော်နည်းပါတယ်။ ပထမအဆင့် အနေနဲ့ One Stop Service နဲ့ လုပ်ပေးတုန်းကတော့ ကျွန်တော်တို့ရုံးမှာပဲ ဌာနပေါင်းစုံ ထိုင်ပြီး လုပ်ပေးပါတယ်။ ဒီတစ်ခေါက်မှာတော့ ဌာနတွေက ကိုယ့်ဌာနတွေမှာပဲ ကိုယ်ထို်င်ပြီး လုပ်ပေးနေပါတယ်"ဟု တာချီလိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ဒုတိယအဆင့်အနဖြေင့် စက်တင်ဘာလမှ စတင်ကာ နေ့စဉ် ဒေသလိုင်စင်ထုတ်ပေးလျက်ရှိရာ စက်တင်ဘာလတွင် (၁၄၅)စီးနှင့် ဒုတိယလ ဖြစ်သည့် အောက်တိုဘာလ တတိယပတ်အတွင်း (၃၁)စီး စုစုပေါင်း (၁၇၆)စီး လိုင်စင် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လိုင်စင်လုပ်ထားတဲ့ ဆိုင်ကယ်ဈေးနဲ့ မလုပ်ထားတဲ့ ဆိုင်ကယ်ကို ယှဉ်ပြီး အပြင်မှာ သွားရောင်းမယ်ဆိုရင် လိုင်စင်လုပ်ထားတဲ့ လူက ရှုံးသလို ဖြစ်နေတယ်လေ။ ပြီးတော့ လိုင်စင်လုပ်တဲ့ ဒဏ်ကြေးတွေကလည်း မြင့်တာပါတယ်။ ဒါကြောင့် လိုင်စင်လုပ်တဲ့လူတွေကလည်း နည်းတယ်လို့ မြင်တယ်။ နောက်ပြီးတော့ အခုက One Stop Service မဟုတ်တော့ဘဲနဲ့ ဌာန(၃)ခုလောက် သွားနေရတဲ့အတွက် ဌာနတစ်ခုခုက လူကြီးတွေက အစည်းအေဝးတွေ ဘာတွေ တက်နေတဲ့ အချိန်နဲ့ တိုးတယ်ဆိုရင်တော့ (၂)ရက်လောက် စောင့်ရတယ်။ အကယ်၍ လူကြီးတွေရှိရင်တော့ တစ်ရက်တည်းနဲ့ ပြီးပါတယ်"ဟု ဆိုင်ကယ်လိုင်စင် သွားရောက်လျှောက်ထားခဲ့သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မှတ်ပုံတင်ပြုလုပ်မည့် ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးရေး အဖွဲ့က ဆိုင်ကယ်အမျိုးအစား၊ မော်ဒယ်သတ်မှတ်ချက်များ စိစစ်ပေးပြီး သတ်မှတ် ဒဏ်ကြေးအား မြန်မာ့စီးပွားရေး ဘဏ်တွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒဏ်ကြေးပေးသွင်းပြီးကြောင်း ချလန်ဖြတ်ပိုင်းနှင့် အတူ မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါး ထိခိုက်နစ်နာမှု အာမခံကြေး ပေးဆောင်ပြီးပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်သက်သေခံလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် မတ်လမှ ဇွန်လဆန်းအထိ ပထမအဆင့် အနဖြေင့် ဒေသလိုင်စင်ထုတ်ထားသည့် ဆိုင်ကယ်အစီးရေမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်(၈၃၂)စီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၄၇၇)စီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၅၄၂၈)စီး စုစုပေါင်း (၆၇၃၇)စီးရှိကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~