တာခ်ီလိတ္တြင္ သံုးဘီးဆိုင္ကယ္ႏွင့္ မိသားစု(၄)ဦး စီးနင္းလာသည့္ ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ အသက္ရွင္ က်န္ရစ္ခဲ့သည့္ သားအမိႏွစ္ဦးအတြက္ တာခ်ီလိတ္မွ ေစတနာရွင္မ်ားက ေထာက္ပံ့ေငြမ်ား ေပးအပ္

တာခ်ီလိတ္တြင္ သံုးဘီးဆိုင္ကယ္ႏွင့္ မိသားစု(၄)ဦး စီးနင္းလာသည့္ ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ အသက္ရွင္ က်န္ရစ္ခဲ့သည့္ သားအမိႏွစ္ဦးအတြက္ တာခ်ီလိတ္မွ ေစတနာရွင္မ်ားက ေထာက္ပံ့ေငြမ်ား ေပးအပ္
အောက်တိုဘာ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ ေရႊဘန္းေအာင္ဟိုတယ္ေရွ႕ ကားလမ္းမႀကီး ေပၚတြင္ စက္တင္ဘာလ (၂၉)ရက္ေန႔ညပိုင္းက မိသားစုေလးဦး စီးနင္းလာသည့္ ဆိုင္ကယ္ႏွင့္ သံုးဘီးဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆုိင္ တုိက္မိ၍ ဆိုင္ကယ္ေမာင္းႏွင္သူႏွင့္ ကေလးတစ္ဦးေနရာတြင္ ေသဆံုးသြားၿပီး အမ်ိဳးသမီးတစ္ဦးမွာ ျပင္းထန္စြာ ဒဏ္ရာရရိွသြားရာမွ ၎ႏွင့္ ၎၏ သားအတြက္ တာခ်ီလိတ္ၿမိဳ႕နယ္လူမႈေရးႏွင့္ကူညီေထာက္ပံ့ေရးေကာ္မတီ၏ ဦးေဆာင္မႈျဖင့္ တာခ်ီလိတ္မွ ေစတနာရွင္မ်ား ပါ၀င္လွဴဒါန္းလာသည့္ ေထာက္ပံ့ေငြမ်ားအား ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၇)ရက္ေန႔ ေန႔လယ္ပိုင္းက ေနအိမ္သို႔ သြားေရာက္၍ လက္၀ယ္အေရာက္ ေပးအပ္လိုက္ေၾကာင္း သိရသည္။

ေထာက္ပ့ံေငြမ်ားေပးအပ္ရာတြင္ တာခ်ီလိတ္ၿမိဳ႕နယ္လူမႈေရးႏွင့္ကူညီေထာက္ပံ့ေရးေကာ္မတီ နာယကျဖစ္သူ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု ႏွင့္ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္ အပါအ၀င္ ေဆခမ္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းႀကံဳတို႔မွ ေပးအပ္ရာ မမြန္မြန္ ႏွင့္ ၎၏ သားငယ္တို႔မွ လက္ခံရယူခဲ့ၾကသည္။

ယာဥ္တိုက္မႈ ျဖစ္စဥ္မွာ ေဟာင္လိတ္လမ္းဆံုမီးပိြဳင့္ဘက္မွ ေလဆိပ္ လမ္းဆံုဘက္သို႔ ေမာင္းႏွင္လာသည့္ သံုးဘီးဆုိင္ကယ္သည္ မ်က္ႏွာခ်င္းဆိုင္မွ မိသားစု(၄)ဦးစီးနင္းလာသည့္ ဆိုင္ကယ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ မေတာ္တဆ တိုက္မိသျဖင့္ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသားႏွင့္ အသက္ (၈)ႏွစ္အရြယ္ မိန္းကေလးတို႔ ေနရာတြင္ ေသဆံုးသြားၿပီး ေနာက္မွ လိုက္ပါလာသည့္ သားငယ္မွာ ဒဏ္ရာ အနည္းငယ္သာ ရရွိခဲ့ကာ အမ်ိဳးသမီးမွာ ဒဏ္ရာ ျပင္းထန္စြာ ရရိွသြားသျဖင့္ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံု၌ ကုသမႈခံယူေနခ်ိန္တြင္ ၎၏ ေဆး၀ါးကုသမွဳအတြက္ ေထာက္ပံ့မႈမ်ား လိုအပ္ေန၍ တာခ်ီလိတ္ၿမိဳ႕နယ္လူမႈေရးႏွင့္ကူညီေထာက္ပံ့ေရးေကာ္မတီ၏ ဦးေဆာင္မႈျဖင့္ တာခ်ီလိတ္မွ ေစတနာရွင္မ်ားမွ ပါ၀င္လွဴဒါန္းလာၾကရာတြင္ ထိုင္းဘတ္ေငြ(၃၀၀၀၀)ဘတ္တိတိ ႏွင့္ ျမန္မာက်ပ္ေငြ(၂)သိန္းတိတိရရွိေၾကာင္း သိရသည္။

လက္ရွိ၌ အသက္ရွင္က်န္ရစ္သည့္ မမြန္မြန္ ႏွင့္ သားျဖစ္သူတို႔ႏွင့္ ပတ္သက္၍ ၎၏ ေဆြမ်ဳိးမ်ား သိရွိႏိုင္ရန္အတြက္ စံုစမ္းမႈမ်ား ျပဳလုပ္ရာတြင္ ကိုသူရေဇာ္၏ ကူညီေပးမႈျဖင့္ ၎၏ ဇာတိျဖစ္သည့္ ကြမ္းၿခံကုန္းမွ ေဆြမ်ဳိးမ်ားႏွင့္ ခ်ိတ္ဆက္ ဆက္သြယ္ႏိုင္ခဲ့ကာ ေဆြမ်ဳိးမ်ား ေရာက္ရွိလာၿပီး ေအာက္တိုဘာလ၏ ေနာက္ဆံုးပတ္ထဲတြင္ ေနရပ္သို႔ ျပန္မည္ျဖစ္ေၾကာင္းႏွင့္ အခင္းျဖစ္ပြားသည့္ ကာလတြင္ မြန္မြန္မွာ အေရးေပၚေဆး၀ါးကုသမႈ ခံယူေနရသည္ျဖစ္သည့္အတြက္ သားျဖစ္သူအား တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးႏွင့္ အဖြဲ႔မွ ေခတၱ ထိန္းသိမ္းေစာင့္ေရွာက္ေပးခဲ့ေၾကာင္း သိရသည္။

" မမြန္မြန္ အတြက္ အေရးေပၚ ကူညီမႈေတြ လိုတယ္ဆိုတာကို စခန္းမွဴးကေန တစ္ဆင့္ သိရေတာ့ တာခ်ီလိတ္ၿမိဳ႕နယ္လူမႈေရးႏွင့္ကူညီေထာက္ပံ့ေရးေကာ္မတီ အေနနဲ႔ ကူညီေထာက္ပံ့ေပးႏိုင္ရန္အတြက္ ေထာက္ပံ့ေငြ လက္ခံတဲ့အခါမွာ 1G1 7Hotel ပိုင္ရွင္ ကိုေအာင္ႏိုင္တို႔ စံလင္းၿဖဳိးကုမၸဏီက ကိုအားတီတို႔၊ ရဲအုပ္ေ၀လင္းထြန္းတို႔ အပါအ၀င္ အလွဴရွင္ (၁၁)ဦး လာေရာက္လွဴဒါန္းလာၾကပါတယ္။ အားလံုးေပါင္း ဘတ္ေငြ(၃)ေသာင္း နဲ႔ က်ပ္ေငြ(၂)သိန္းရရွိပါတယ္။ ကြ်န္ေတာ္တို႔ ဒီေန႔ပဲ ေကာ္မတီရဲ႕ နာယကနဲ႔အတူ လက္၀ယ္အေရာက္ သြားေရာက္ ေထာက္ပံ့ေပးခဲ့ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ လူမႈေရးႏွင့္ ကူညီေထာက္ပံ့ေရးေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က ေျပာသည္။

ဒဏ္ရာျပင္းထန္စြာ ရရွိထားသည့္ မမြန္မြန္မွာ လမ္းမေလွ်ာက္ႏိုင္သည့္အတြက္ ရန္ကုန္မွ တစ္ဆင့္ ကြမ္းၿခံကုန္းသို႔ ျပန္ရန္အတြက္ ရန္ကုန္မွ ပရဟိတအဖြဲ႔ျဖင့္လည္း ခ်ိတ္ဆက္ထားေၾကာင္း သိရသည္။

"ေနရပ္ျပန္တဲ့အခါ ရန္ကုန္ ေလဆိပ္ကေန ကြမ္းၿခံကုန္းအထိ ျပန္ဖို႔ အခက္အခဲ ျဖစ္မွာစိုးလို႔ ကြ်န္ေတာ္တို႔ အေနနဲ႔ ရန္ကုန္က ကိုႀကီးႏွင့္ညီအစ္ကိုေမာင္ႏွမမ်ားပရဟိတအဖြဲ႔နဲ႔လည္း ခ်ိတ္ဆက္ထားပါတယ္။ အဲ့ဒီအဖြဲ႔ကလည္း ကူညီေပးသြားမယ္လို႔ ေျပာပါတယ္"ဟု ၎က ဆက္လက္ေျပာျပသည္။

တာခ်ီလိတ္ၿမိဳ႕နယ္လူမႈေရးႏွင့္ကူညီေထာက္ပံ့ေရးေကာ္မတီအား တာခ်ီလိတ္ၿမိဳ႕နယ္အပါအ၀င္ တာခ်ီလိတ္ခရိုင္အတြင္း သဘာ၀ေဘးအႏၱရာယ္ေၾကာင့္ ျဖစ္ေပၚလာမႈမ်ားႏွင့္ အျခားအေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ျဖစ္ေပၚလာသည့္ ကိစၥရပ္မ်ားတြင္ ေစတနာရွင္မ်ားျဖင့္ ပူးေပါင္းကာ ကူညီမႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ ဖြဲ႔စည္းထားျခင္း ျဖစ္ၿပီး အဆိုပါ ေကာ္မတီတြင္ နာယကမ်ားအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ႏွင့္ ဦးျမင့္ဦး(မုတ္ဆိတ္)တို႔မွ ပါ၀င္ေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် ရွှေဘန်းအောင်ဟိုတယ်ရှေ့ ကားလမ်းမကြီး ပေါ်တွင် စက်တင်ဘာလ (၂၉)ရက်နေ့ညပိုင်းက မိသားစုလေးဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူနှင့် ကလေးတစ်ဦးနေရာတွင် သေဆုံးသွားပြီး အမျိုးသမီးတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားရာမှ၎င်းနှင့်၎င်း၏ သားအတွက် တာချီလိတ်မြို့နယ်လူမှုရေးနှင့်ကူညီထောက်ပံ့ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် တာချီလိတ်မှ စေတနာရှင်များ ပါဝင်လှူဒါန်းလာသည့် ထောက်ပံ့ငွေများအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့ နေ့လယ်ပိုင်းက နေအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက် ပေးအပ်လိုက်ကြောင်း သိရသည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် တာချီလိတ်မြို့နယ်လူမှုရေးနှင့်ကူညီထောက်ပံ့ရေးကော်မတီ နာယကဖြစ်သူ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် ဥက္ကဌ ဦးအောင်ဖြိုးရှိန် အပါအဝင် ဆေခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကြုံတို့မှ ပေးအပ်ရာ မမွန်မွန် နှင့်၎င်း၏ သားငယ်တို့မှ လက်ခံရယူခဲ့ကြသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဟောင်လိတ်လမ်းဆုံမီးပွိုင့်ဘက်မှ လေဆိပ် လမ်းဆုံဘက်သို့ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်သည် မျက်နှာချင်းဆိုင်မှ မိသားစု(၄)ဦးစီးနင်းလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် မတော်တဆ တိုက်မိသဖြင့် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားနှင့် အသက် (၈)နှစ်အရွယ် မိန်းကလေးတို့ နေရာတွင် သေဆုံးသွားပြီး နောက်မှ လိုက်ပါလာသည့် သားငယ်မှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကာ အမျိုးသမီးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသဖြင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေချိန်တွင်၎င်း၏ ဆေးဝါးကုသမှုအတွက် ထောက်ပံ့မှုများ လိုအပ်နေ၍ တာချီလိတ်မြို့နယ်လူမှုရေးနှင့်ကူညီထောက်ပံ့ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် တာချီလိတ်မှ စေတနာရှင်များမှ ပါဝင်လှူဒါန်းလာကြရာတွင် ထိုင်းဘတ်ငွေ(၃၀၀၀၀)ဘတ်တိတိ နှင့် မြန်မာကျပ်ငွေ(၂)သိန်းတိတိရရှိကြောင်း သိရသည်။

လက်ရှိ၌ အသက်ရှင်ကျန်ရစ်သည့် မမွန်မွန် နှင့် သားဖြစ်သူတို့နှင့် ပတ်သက်၍၎င်း၏ ဆွေမျိုးများ သိရှိနိုင်ရန်အတွက် စုံစမ်းမှုများ ပြုလုပ်ရာတွင် ကိုသူရဇော်၏ ကူညီပေးမှုဖြင့်၎င်း၏ ဇာတိဖြစ်သည့် ကွမ်းခြံကုန်းမှ ဆွေမျိုးများနှင့် ချိတ်ဆက် ဆက်သွယ်နိုင်ခဲ့ကာ ဆွေမျိုးများ ရောက်ရှိလာပြီး အောက်တိုဘာလ၏ နောက်ဆုံးပတ်ထဲတွင် နေရပ်သို့ ပြန်မည်ဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားသည့် ကာလတွင် မွန်မွန်မှာ အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရသည်ဖြစ်သည့်အတွက် သားဖြစ်သူအား တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးနှင့် အဖွဲ့မှ ခေတ္တ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

" မမွန်မွန် အတွက် အရေးပေါ် ကူညီမှုတွေ လိုတယ်ဆိုတာကို စခန်းမှူးကနေ တစ်ဆင့် သိရတော့ တာချီလိတ်မြို့နယ်လူမှုရေးနှင့်ကူညီထောက်ပံ့ရေးကော်မတီ အနေနဲ့ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ထောက်ပံ့ငွေ လက်ခံတဲ့အခါမှာ 1G1 7Hotel ပိုင်ရှင် ကိုအောင်နိုင်တို့ စံလင်းဖြိုးကုမ္ပဏီက ကိုအားတီတို့၊ ရဲအုပေ်ဝလင်းထွန်းတို့ အပါအဝင် အလှူရှင် (၁၁)ဦး လာရောက်လှူဒါန်းလာကြပါတယ်။ အားလုံးပေါင်း ဘတ်ငွေ(၃)သောင်း နဲ့ ကျပ်ငွေ(၂)သိန်းရရှိပါတယ်။ ကျွန်တော်တို့ ဒီနေ့ပဲ ကော်မတီရဲ့ နာယကနဲ့အတူ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ပါတယ်"ဟု တာချီလိတ်မြို့နယ် လူမှုရေးနှင့် ကူညီထောက်ပံ့ရေးကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် မမွန်မွန်မှာ လမ်းမလျှောက်နိုင်သည့်အတွက် ရန်ကုန်မှ တစ်ဆင့် ကွမ်းခြံကုန်းသို့ ပြန်ရန်အတွက် ရန်ကုန်မှ ပရဟိတအဖွဲ့ဖြင့်လည်း ချိတ်ဆက်ထားကြောင်း သိရသည်။

"နေရပ်ပြန်တဲ့အခါ ရန်ကုန် လေဆိပ်ကနေ ကွမ်းခြံကုန်းအထိ ပြန်ဖို့ အခက်အခဲ ဖြစ်မှာစိုးလို့ ကျွန်တော်တို့ အနေနဲ့ ရန်ကုန်က ကိုကြီးနှင့်ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့နဲ့လည်း ချိတ်ဆက်ထားပါတယ်။ အဲ့ဒီအဖွဲ့ကလည်း ကူညီပေးသွားမယ်လို့ ပြောပါတယ်"ဟု၎င်းက ဆက်လက်ပြောပြသည်။

တာချီလိတ်မြို့နယ်လူမှုရေးနှင့်ကူညီထောက်ပံ့ရေးကော်မတီအား တာချီလိတ်မြို့နယ်အပါအဝင် တာချီလိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာမှုများနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များတွင် စေတနာရှင်များဖြင့် ပူးပေါင်းကာ ကူညီမှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဆိုပါ ကော်မတီတွင် နာယကများအဖြစ် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် ဦးမြင့်ဦး(မုတ်ဆိတ်)တို့မှ ပါဝင်ကြောင်း သိရှိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~