တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္အတြင္း အမ်ဳိးသားႏွစ္ဦးထံက ဘိန္းရည္ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္အတြင္း အမ်ဳိးသားႏွစ္ဦးထံက ဘိန္းရည္ ဖမ္းဆီးရမိ
အောက်တိုဘာ 26, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္အတြင္း၌ အမ်ဳိးသားႏွစ္ဦးထံက ဘိန္းရည္မ်ားကို ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၂၅)ရက္ေန႔ ည(၁၀)နာရီခြဲ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္ ေဆခမ္းရပ္ကြက္ အတြင္းရွိ ေနအိမ္တစ္အိမ္အား မူးယစ္ေဆး၀ါး သတင္းအရ ၀င္ေရာက္ စီးနင္းရွာေဖြရန္ ေဆာင္ရြက္ရာ အဆိုပါေနအိမ္မွာ ေသာ့ခတ္လ်က္ေတြ႕ရွိရသည့္အတြက္ ဆက္လက္ေစာင့္ၾကည့္ေနစဥ္ စိုင္းၾကာ ေမာင္းႏွင္ၿပီး အိုက္ေကာ အတူလိုက္ပါလာသည့္ Crown အမ်ဳိးအစား ေမာ္ေတာ္ယာဥ္သည္ ၿခံေရွ႕သို႔ ေရာက္ရွိလာသျဖင့္ ၎တို႔အား စစ္ေဆး ရွာေဖြရာမွ အိုက္ေကာ ၀တ္ဆင္ထားသည့္ ေဘာင္းဘီ အိတ္ကပ္အတြင္းမွ ေသာ့တံတစ္ေခ်ာင္း ရွာေဖြေတြ႕ရွိရကာ အဆိုပါ ေသာ့ျဖင့္ဖြင့္၍ ၀င္ေရာက္ရွာေဖြခဲ့ေၾကာင္း သိရသည္။

အဆိုပါ အဖြဲ႔မွ ဆက္လက္ရွာေဖြရာတြင္ ေနအိမ္ေရွ႕ မီးဖိုခန္းအတြင္း၌ M.150 ဖန္ပုလင္းငယ္အတြင္း ထည့္ထားသည့္ ဘိန္းရည္ဟု ယူဆရေသာ အေလးခ်ိန္(၁၁၀)မီလီလစ္တာခန္႔ရွိသည့္ အမဲေရာင္ အရည္ ႏွင့္ ေရခ်ဳိးခန္းအတြင္းမွ ခပ္ခူးရွဴရာတြင္ အသံုးျပဳသည့္ ၀ါးေျပာင္း(၁)ခုတို႔အား ေတြ႕ရွိရေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ အိုက္ေကာ ႏွင့္ စိုင္းၾကာတို႔ ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၆၀/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း၌ အမျိုးသားနှစ်ဦးထံက ဘိန်းရည်များကို ၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ဆေခမ်းရပ်ကွက် အတွင်းရှိ နေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက် စီးနင်းရှာဖွေရန် ဆောင်ရွက်ရာ အဆိုပါနေအိမ်မှာ သော့ခတ်လျက်တွေ့ရှိရသည့်အတွက် ဆက်လက်စောင့်ကြည့်နေစဉ် စိုင်းကြာ မောင်းနှင်ပြီး အိုက်ကော အတူလိုက်ပါလာသည့် Crown အမျိုးအစား မော်တော်ယာဉ်သည် ခြံရှေ့သို့ ရောက်ရှိလာသဖြင့်၎င်းတို့အား စစ်ဆေး ရှာဖွေရာမှ အိုက်ကော ဝတ်ဆင်ထားသည့် ဘောင်းဘီ အိတ်ကပ်အတွင်းမှ သော့တံတစ်ချောင်း ရှာဖွေတွေ့ရှိရကာ အဆိုပါ သော့ဖြင့်ဖွင့်၍ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှ ဆက်လက်ရှာဖွေရာတွင် နေအိမ်ရှေ့ မီးဖိုခန်းအတွင်း၌ M.150 ဖန်ပုလင်းငယ်အတွင်း ထည့်ထားသည့် ဘိန်းရည်ဟု ယူဆရသော အလေးချိန်(၁၁၀)မီလီလစ်တာခန့်ရှိသည့် အမဲရောင် အရည် နှင့် ရေချိုးခန်းအတွင်းမှ ခပ်ခူးရှူရာတွင် အသုံးပြုသည့် ဝါးပြောင်း(၁)ခုတို့အား တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အိုက်ကော နှင့် စိုင်းကြာတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၆၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~