ျပည္တြင္းျပည္ပဧည့္သည္ စိတ္ဝင္စားမႈမ်ားလာသျဖင့္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ၌ လက္ပန္းခ်ီေရးဆဲြသူဦးေရ တိုးလာ

ျပည္တြင္းျပည္ပဧည့္သည္ စိတ္ဝင္စားမႈမ်ားလာသျဖင့္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ၌ လက္ပန္းခ်ီေရးဆဲြသူဦးေရ တိုးလာ
အောက်တိုဘာ 24, 2017
By Tachileik News Agency

ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမတြင္ ျပည္တြင္း၊ျပည္ပ ဧည့္သည္မ်ား ႀကိဳက္ႏွစ္သက္မႈမ်ားလာသျဖင့္ လက္တြင္ ပန္းခ်ီေရးဆဲြသူဦးေရ (၃၀)အထိ တိုးလာေၾကာင္းသိရသည္။

“ပုဂံဘုရားေတြရဲ႕ နံရံေဆးေရးပန္းခ်ီ၊ ယြန္းထည္ပန္းခ်ီ၊ ပုဂံပန္းခက္နဲ႔ ကႏုတ္ေတြကို ဘုရားဖူးေတြရဲ႕ လက္ေပၚမွာ စုတ္နဲ႔ ခ်က္ခ်င္းဆဲြေပးရတာေၾကာင္႔ လက္ပန္းခ်ီလို႔ အမည္တြင္တာပါ။ ေရေဆးပန္းခ်ီဆိုေပမဲ့ ေရမစိုရင္ သံုးရက္ေလာက္အထိ ခံပါတယ္။ လူငယ္အမ်ားစုကလည္း ပုဂံေရာက္အမွတ္တရအျဖစ္ ေဖ႔စ္ဘုတ္ေတြေပၚမွာ တင္ခ်င္လို႔ ဆဲြၾကတာပါ”ဟု ျမင္းကပါရြာမွ မိဘဂုဏ္ လက္ပန္းခ်ီလုပ္ငန္းရွင္ အသက္(၁၇ႏွစ္) အရြယ္ ေမာင္အာကာျမင္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ပန္းခ်ီေရးဆြဲျခင္းလုပ္ငန္းမွာ ပုဂံယဥ္ေက်းမႈနယ္ေျမတြင္ လြန္ခဲ႔သည့္တစ္ႏွစ္ေက်ာ္ခန္႔မွစ၍ ေပၚေပါက္ လာခဲ့ျခင္းျဖစ္ၿပီး ဘုရားဖူးျပည္သူမ်ား စိတ္ဝင္စားမႈမ်ားလာသည္မွာ ႏွစ္လခန္႔ သာရိွေသးေၾကာင္း သိရသည္။

“ဒီနယ္ေျမမွာ ယြန္းထည္လုပ္ငန္းနဲ႔ ယြန္းပန္းခ်ီလုပ္ငန္းက ပုဂံနဲ႔ တစ္သားတည္းရိွေနတဲ႔လုပ္ငန္း ျဖစ္ေပမယ့္ ေနာက္မ်ိဳးဆက္သစ္ေတြက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ စိတ္ဝင္စားမႈ ေလ်ာ႔နည္းလာခဲ့ၾကပါတယ္။ တခ်ိဳ႕ေတြကေတာ႔ ယြန္းပန္းခ်ီအတတ္ပညာကိုအသံုးျပဳၿပီး ဘုရားေတြမွာ ပိတ္စေပၚ ခ်က္ခ်င္းေရးၿပီး ေရာင္းခဲ့ၾကရာ လက္ေပၚမွာဆဲြေပးဖို႔ ေတာင္းဆိုလာၾကလို႔ ဆဲြေပးရာက လက္ပန္းခ်ီလုပ္ငန္းဟာ အခုလို တြင္က်ယ္လာခဲ႔တာပါ”ဟု ယြန္းထည္လုပ္ငန္းရွင္ ကိုသိန္းလိႈင္က ေျပာသည္။

လက္ပန္းခ်ီေရးဆဲြခအေနျဖင္႔ ပန္းကႏုတ္အမ်ိဳးအစားေပၚမူတည္၍ က်ပ္(၁၀၀၀)မွ က်ပ္(၄၀၀၀) အထိရိွၿပီး လုပ္ငန္းခြန္အေနျဖင္႔ စည္ပင္သာယာေရးဦးစီးဌာနသို႔ တစ္ေန႔လွ်င္ က်ပ္(၂၀၀)ႏႈန္း ေပးေဆာင္ရေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု -  #ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်း၊ပြည်ပ ဧည့်သည်များ ကြိုက်နှစ်သက်မှုများလာသဖြင့် လက်တွင် ပန်းချီရေးဆွဲသူဦးရေ (၃၀)အထိ တိုးလာကြောင်းသိရသည်။

“ပုဂံဘုရားတွေရဲ့ နံရံဆေးရေးပန်းချီ၊ ယွန်းထည်ပန်းချီ၊ ပုဂံပန်းခက်နဲ့ ကနုတ်တွေကို ဘုရားဖူးတွေရဲ့ လက်ပေါ်မှာ စုတ်နဲ့ ချက်ချင်းဆွဲပေးရတာကြောင့် လက်ပန်းချီလို့ အမည်တွင်တာပါ။ ရေဆေးပန်းချီဆိုပေမဲ့ ရေမစိုရင် သုံးရက်လောက်အထိ ခံပါတယ်။ လူငယ်အများစုကလည်း ပုဂံရောက်အမှတ်တရအဖြစ် ဖေ့စ်ဘုတ်တွေပေါ်မှာ တင်ချင်လို့ ဆွဲကြတာပါ”ဟု မြင်းကပါရွာမှ မိဘဂုဏ် လက်ပန်းချီလုပ်ငန်းရှင် အသက်(၁၇နှစ်) အရွယ် မောင်အာကာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ပန်းချီရေးဆွဲခြင်းလုပ်ငန်းမှာ ပုဂံယဉ်ကျေးမှုနယ်မြေတွင် လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်မှစ၍ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူများ စိတ်ဝင်စားမှုများလာသည်မှာ နှစ်လခန့် သာရှိသေးကြောင်း သိရသည်။

“ဒီနယ်မြေမှာ ယွန်းထည်လုပ်ငန်းနဲ့ ယွန်းပန်းချီလုပ်ငန်းက ပုဂံနဲ့ တစ်သားတည်းရှိနေတဲ့လုပ်ငန်း ဖြစ်ပေမယ့် နောက်မျိုးဆက်သစ်တွေက အကြောင်းအမျိုးမျိုးကြောင့် စိတ်ဝင်စားမှု လျော့နည်းလာခဲ့ကြပါတယ်။ တချို့တွေကတော့ ယွန်းပန်းချီအတတ်ပညာကိုအသုံးပြုပြီး ဘုရားတွေမှာ ပိတ်စပေါ် ချက်ချင်းရေးပြီး ရောင်းခဲ့ကြရာ လက်ပေါ်မှာဆွဲပေးဖို့ တောင်းဆိုလာကြလို့ ဆွဲပေးရာက လက်ပန်းချီလုပ်ငန်းဟာ အခုလို တွင်ကျယ်လာခဲ့တာပါ”ဟု ယွန်းထည်လုပ်ငန်းရှင် ကိုသိန်းလှိုင်က ပြောသည်။

လက်ပန်းချီရေးဆွဲခအနဖြေင့် ပန်းကနုတ်အမျိုးအစားပေါ်မူတည်၍ ကျပ်(၁၀၀၀)မှ ကျပ်(၄၀၀၀) အထိရှိပြီး လုပ်ငန်းခွန်အနဖြေင့် စည်ပင်သာယာရေးဦးစီးဌာနသို့ တစ်နေ့လျှင် ကျပ်(၂၀၀)နှုန်း ပေးဆောင်ရကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~