လားရိႈးတြင္ ဌာနဆိုင္ရာမ်ားႏွင့္ ၿမိဳ႕ခံလူထုေပါင္း၍ တန္ေဆာင္တိုင္ပြဲက်င္းပမည္

လားရိႈးတြင္ ဌာနဆိုင္ရာမ်ားႏွင့္ ၿမိဳ႕ခံလူထုေပါင္း၍ တန္ေဆာင္တိုင္ပြဲက်င္းပမည္
အောက်တိုဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ ဌာနဆိုင္ရာမ်ားႏွင့္ ၿမိဳ႕လူထု ပထမဦးဆံုးအႀကိမ္ ပူးေပါင္း က်င္းပမည့္ တန္ေဆာင္တိုင္မီးပံုးပ်ံပြဲကို လားရိႈး - နမၼတူလမ္းနံေဘး နားကြမ္းေက်းရြာအုပ္စုရွိ တိုင္းရင္းသား ယဥ္ေက်းမႈကြင္းအတြင္း ႏိုဝင္ဘာလ(၂)ရက္ေန႔ႏွင့္ (၃) ရက္ေန႔တို႔တြင္ ျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

“လားရိႈးၿမိဳ႕က ဌာနဆိုင္ရာေတြနဲ႔ ၿမိဳ႕ေနလူထုပူးေပါင္းၿပီး ပထမဦးဆံုးအႀကိမ္က်င္းပျပဳလုပ္မွာျဖစ္ပါတယ္။ မီးပံုးပ်ံပြဲရဲ႕ ကုန္က်စရိတ္ကေတာ့ ခန္႔မွန္းေျခ က်ပ္သိန္း(၅၀၀)ခန္႔မွန္းထားပါတယ္။ တိုင္းရင္းသား ယဥ္ေက်းမႈကြင္းကလည္း အခုမွစတင္ၿပီး ျပဳလုပ္ထားတဲ့ကြင္းျဖစ္ပါတယ္။ လားရိႈးၿမိဳ႕နယ္အတြင္းမွာရွိတဲ့ တိုင္းရင္းသားေတြရဲ့ အထိမ္းအမွတ္ပြဲေတြက်င္းပဖို႔ရာ ျပဳလုပ္ေပးတာျဖစ္ၿပီး တိုင္းရင္းသား ယဥ္ေက်းမႈကြင္းမွာ မီးပံုးပ်ံပြဲကို ႏွစ္စဥ္ ႏွစ္တိုင္း ဆက္ၿပီး က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္” ဟု မီးပံုးပ်ံပြဲျဖစ္ေျမာက္ေရး ျပန္ၾကားေရးေကာ္မတီမွ အတြင္းေရးမွဴးေဒၚမမက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈး - နမၼတူ အေဝးေျပးလမ္းနံေဘး(လားရိႈးၿမိဳ႕ေရွာင္လမ္းအနီး) နားကြမ္းေက်းရြာအုပ္စု နယ္နိမိတ္ အတြင္း (၄)ဧကေက်ာ္ က်ယ္ဝန္းသည့္ေျမေနရာတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္ျဖင့္ တိုင္းရင္းသား ယဥ္ေက်းမႈ ကြင္းတစ္ခု တည္ေဆာက္ေပးေနျခင္းျဖစ္ၿပီး ေဒသတြင္းရွိ တုိင္းရင္းသားမ်ား၏ စည္းလံုးညီညြတ္မႈ၊ ခ်စ္ၾကည္ရင္းနီးမႈအား ျမွင့္တင္ေပးရန္၊ တိုင္းရင္းသားမ်ား၏ ဓေလ့ထံုးစံ၊ အစဥ္အလာရိုးရာ အထိမ္းအမွတ္ ပြဲေတာ္မ်ားကို က်င္းပရန္၊ ေဒသတြင္း ခရီးသြားလုပ္ငန္းမ်ားအား အေထာက္အကူျပဳႏိုင္ရန္ ရည္ရြယ္၍ တိုင္းရင္းသားယဥ္ေက်းမႈကြင္းအျဖစ္ ပထမဦးဆံုးအႀကိမ္ ေနရာသတ္မွတ္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

တန္ေဆာင္တိုင္မီးပံုးပ်ံပြဲ ႏွင့္ မီးရွဴးမီးပန္း လႊတ္တင္ပြဲတြင္ လႊတ္တင္ရန္အတြက္ စိန္နားပန္ မီးပံုးပ်ံ (၄) လံုး၊ ညမီးႀကီး မီးပံုးပ်ံ (၇)လံုး စီစဥ္ထားၿပီး မီးပံုးပ်ံတစ္လံုးလႊတ္တင္တိုင္းတြင္ အရန္ မီးပံုးပ်ံ အလံုး(၂၀၀)ကို လႊတ္တင္ မည္ျဖစ္ၿပီး စုစုေပါင္းအရန္ မီးပံုးပ်ံ အလံုးေရ (၂၂၀၀) အသံုးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မီးပံုးပ်ံလႊတ္တင္ပြဲအတြက္ ကုန္က်စရိတ္ က်ပ္သိန္း(၅၀၀)ခန္႔ရိွမည္ဟု ခန္႔မွန္းထားၿပီး လက္ရွိအခ်ိန္ထိ မီးပံုးပ်ံတန္ဖိုးမ်ားအပါအဝင္ လွဴဒါန္းမႈေငြ (၂၅၇) သိန္း ရရွိထားၿပီျဖစ္ေၾကာင္း ပြဲျဖစ္ေျမာက္ေရးေကာ္မတီထံမွ သိရသည္။

လားရိႈးတြင္ ၂၀၁၆ ခုႏွစ္ တန္ေဆာင္တိုင္ပြဲေတာ္ကို ပုဂၢလိက ကုမၸဏီတစ္ခုမွ ပထမဦးဆံုးအႀကိမ္ စတင္က်င္းပခဲ့ျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဌာနဆိုင်ရာများနှင့် မြို့လူထု ပထမဦးဆုံးအကြိမ် ပူးပေါင်း ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲကို လားရှိုး - နမ္မတူလမ်းနံဘေး နားကွမ်းကျေးရွာအုပ်စုရှိ တိုင်းရင်းသား ယဉ်ကျေးမှုကွင်းအတွင်း နိုဝင်ဘာလ(၂)ရက်နေ့နှင့် (၃) ရက်နေ့တို့တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“လားရှိုးမြို့က ဌာနဆိုင်ရာတွေနဲ့ မြို့နေလူထုပူးပေါင်းပြီး ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ မီးပုံးပျံပွဲရဲ့ ကုန်ကျစရိတ်ကတော့ ခန့်မှန်းခြေ ကျပ်သိန်း(၅၀၀)ခန့်မှန်းထားပါတယ်။ တိုင်းရင်းသား ယဉ်ကျေးမှုကွင်းကလည်း အခုမှစတင်ပြီး ပြုလုပ်ထားတဲ့ကွင်းဖြစ်ပါတယ်။ လားရှိုးမြို့နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ်ပွဲတွေကျင်းပဖို့ရာ ပြုလုပ်ပေးတာဖြစ်ပြီး တိုင်းရင်းသား ယဉ်ကျေးမှုကွင်းမှာ မီးပုံးပျံပွဲကို နှစ်စဉ် နှစ်တိုင်း ဆက်ပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု မီးပုံးပျံပွဲဖြစ်မြောက်ရေး ပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူးဒေါ်မမက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုး - နမ္မတူ အဝေးပြေးလမ်းနံဘေး(လားရှိုးမြို့ရှောင်လမ်းအနီး) နားကွမ်းကျေးရွာအုပ်စု နယ်နိမိတ် အတွင်း (၄)ဧကကျော် ကျယ်ဝန်းသည့်မြေနေရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တိုင်းရင်းသား ယဉ်ကျေးမှု ကွင်းတစ်ခု တည်ဆောက်ပေးနခြေင်းဖြစ်ပြီး ဒေသတွင်းရှိ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနီးမှုအား မြှင့်တင်ပေးရန်၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးစံ၊ အစဉ်အလာရိုးရာ အထိမ်းအမှတ် ပွဲတော်များကို ကျင်းပရန်၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများအား အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းသားယဉ်ကျေးမှုကွင်းအဖြစ် ပထမဦးဆုံးအကြိမ် နေရာသတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်မီးပုံးပျံပွဲ နှင့် မီးရှူးမီးပန်း လွှတ်တင်ပွဲတွင် လွှတ်တင်ရန်အတွက် စိန်နားပန် မီးပုံးပျံ (၄) လုံး၊ ညမီးကြီး မီးပုံးပျံ (၇)လုံး စီစဉ်ထားပြီး မီးပုံးပျံတစ်လုံးလွှတ်တင်တိုင်းတွင် အရန် မီးပုံးပျံ အလုံး(၂၀၀)ကို လွှတ်တင် မည်ဖြစ်ပြီး စုစုပေါင်းအရန် မီးပုံးပျံ အလုံးရေ (၂၂၀၀) အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးပုံးပျံလွှတ်တင်ပွဲအတွက် ကုန်ကျစရိတ် ကျပ်သိန်း(၅၀၀)ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး လက်ရှိအချိန်ထိ မီးပုံးပျံတန်ဖိုးများအပါအဝင် လှူဒါန်းမှုငွေ (၂၅၇) သိန်း ရရှိထားပြီဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

လားရှိုးတွင် ၂၀၁၆ ခုနှစ် တန်ဆောင်တိုင်ပွဲတော်ကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ပထမဦးဆုံးအကြိမ် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~