အထက(တာခ်ီလိတ္) ေက်ာင္းသား/သူေဟာင္းမ်ား၏ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲတြင္ ဆရာ/မ (၅၉)ဦးအား ကန္ေတာ့မည္

အထက(တာခ်ီလိတ္) ေက်ာင္းသား/သူေဟာင္းမ်ား၏ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲတြင္ ဆရာ/မ (၅၉)ဦးအား ကန္ေတာ့မည္
အောက်တိုဘာ 29, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ႏွစ္အကန္႔အသတ္မရွိ ေက်ာင္းသား/သူ ေဟာင္းမ်ားမွ စုေပါင္း၍ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲအား က်င္းပ ျပဳလုပ္မည္ျဖစ္ရာ ေက်ာင္းသား/သူေဟာင္း အငယ္ ႏွင့္အႀကီးမ်ား အားလံုး ပါ၀င္ႏိုင္ရန္အတြက္ ကန္ေတာ့ခံ ဆရာ/မမ်ားအား အသက္(၅၀)ႏွစ္အထက္ မွ အသက္(၇၅)ႏွစ္အထက္အထိ သတ္မွတ္ထားရွိၿပီး ကန္ေတာ့ခံ ဆရာ/မ စုစုေပါင္း (၅၉)ဦး ပါ၀င္မည္ျဖစ္ေၾကာင္း သိရသည္။

ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲအား စုေပါင္း ပါ၀င္ဆင္ႏႊဲႏိုင္ရန္အတြက္ ေက်ာင္းသား/ သူေဟာင္းမ်ားက ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၂၉)ရက္ေန႔ ည(၇)နာရီခြဲအခ်ိန္က တာခ်ီလိတ္ခရိုင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနရံုးရွိ Community Centre ခန္းမတြင္ ေတြ႕ဆံုကာ ကန္ေတာ့ခံ ဆရာ/မမ်ား သတ္မွတ္ေရးကိစၥ၊ ေၾကာ္ျငာဗီႏိုင္းမ်ား တပ္ဆင္ေရးကိစၥ ႏွင့္ အဆိုပါ ပြဲအတြင္း ေကြ်းေမြးဧည့္ခံမည့္ ကိစၥရပ္မ်ားႏွင့္ ရန္ပံုေငြ ေကာက္ခံေရးကိစၥရပ္မ်ားကို ေဆြးေႏြးၾကသည္။

အဆိုပါ ပြဲအား အထက(တာခ်ီလိတ္)ေက်ာင္းေရွ႕ရွိ မ်က္ႏွာစာ၌ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔ ညေန(၃)နာရီမွ စ၍ က်င္းပၿပီး ညေန(၅)နာရီခြဲအတိတြင္ ဆရာ/မမ်ားအား စုေပါင္း ကန္ေတာ့ၾကမည္ျဖစ္ရာ အသက္(၇၅)ႏွစ္အထက္ ဆရာ/မမ်ား၊ အသက္(၅၅)ႏွစ္အထက္ ဆရာ/မမ်ား ႏွင့္ အသက္(၅၀)ႏွစ္အထက္ ဆရာ/မမ်ား စသည္ျဖင့္ (၃)မ်ဳိးသတ္မွတ္ကာ ေက်ာင္းသား/သူေဟာင္းမ်ားက ကန္ေတာ့ၾကမည္ျဖစ္ေၾကာင္း ႏွင့္ ပါ၀င္ဆင္ႏဲႊမည့္ ေက်ာင္းသားေဟာင္းမ်ားတြင္ (၁၉၇၀)ခုႏွစ္၀န္းက်င္က ေက်ာင္းသားေဟာင္းမ်ားလည္း ပါ၀င္သည့္အတြက္ အသက္(၇၅)ႏွစ္အထက္ ကန္ေတာ့ခံဆရာ/မမ်ားလည္း ပါ၀င္မည္ျဖစ္ေၾကာင္း သိရသည္။

ေက်ာင္းသား/သူေဟာင္းမ်ားမွ က်င္းပမည့္ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲ ႏွင့္ ပတ္သက္၍ ရန္ပံုေငြထည့္၀င္လိုသူမ်ားျဖစ္ေစ၊ ပါ၀င္ဆင္ႏႊဲလို၍ျဖစ္ေစ ဦးတင္၀င္း 095241244 ၊ ဦးေအာင္ေက်ာ္၀င္းစိန္ 09250857449 ၊ မေရႊစင္ခက္ 0941003219 ၊ မနန္းေငြ (ထိုင္းဖုန္း) 0804999169 ၊ ၊ မျမတ္သႏၱာထက္ 09261299336 တို႔အား ဆက္သြယ္ေမးျမန္းႏိုင္မွာ ျဖစ္ေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)၏ နှစ်အကန့်အသတ်မရှိ ကျောင်းသား/သူ ဟောင်းများမှ စုပေါင်း၍ မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲအား ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ကျောင်းသား/သူဟောင်း အငယ် နှင့်အကြီးများ အားလုံး ပါဝင်နိုင်ရန်အတွက် ကန်တော့ခံ ဆရာ/မများအား အသက်(၅၀)နှစ်အထက် မှ အသက်(၇၅)နှစ်အထက်အထိ သတ်မှတ်ထားရှိပြီး ကန်တော့ခံ ဆရာ/မ စုစုပေါင်း (၅၉)ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲအား စုပေါင်း ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ကျောင်းသား/ သူဟောင်းများက ၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့ ည(၇)နာရီခွဲအချိန်က တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် တွေ့ဆုံကာ ကန်တော့ခံ ဆရာ/မများ သတ်မှတ်ရေးကိစ္စ၊ ကြော်ငြာဗီနိုင်းများ တပ်ဆင်ရေးကိစ္စ နှင့် အဆိုပါ ပွဲအတွင်း ကျွေးမွေးဧည့်ခံမည့် ကိစ္စရပ်များနှင့် ရန်ပုံငွေ ကောက်ခံရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါ ပွဲအား အထက(တာချီလိတ်)ကျောင်းရှေ့ရှိ မျက်နှာစာ၌ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေ(၃)နာရီမှ စ၍ ကျင်းပပြီး ညနေ(၅)နာရီခွဲအတိတွင် ဆရာ/မများအား စုပေါင်း ကန်တော့ကြမည်ဖြစ်ရာ အသက်(၇၅)နှစ်အထက် ဆရာ/မများ၊ အသက်(၅၅)နှစ်အထက် ဆရာ/မများ နှင့် အသက်(၅၀)နှစ်အထက် ဆရာ/မများ စသည်ဖြင့် (၃)မျိုးသတ်မှတ်ကာ ကျောင်းသား/သူဟောင်းများက ကန်တော့ကြမည်ဖြစ်ကြောင်း နှင့် ပါဝင်ဆင်နွှဲမည့် ကျောင်းသားဟောင်းများတွင် (၁၉၇၀)ခုနှစ်ဝန်းကျင်က ကျောင်းသားဟောင်းများလည်း ပါဝင်သည့်အတွက် အသက်(၇၅)နှစ်အထက် ကန်တော့ခံဆရာ/မများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား/သူဟောင်းများမှ ကျင်းပမည့် မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲ နှင့် ပတ်သက်၍ ရန်ပုံငွေထည့်ဝင်လိုသူများဖြစ်စေ၊ ပါဝင်ဆင်နွှဲလို၍ဖြစ်စေ ဦးတင်ဝင်း 095241244၊ ဦးအောင်ကျော်ဝင်းစိန် 09250857449၊ မရွှေစင်ခက် 0941003219၊ မနန်းငွေ (ထိုင်းဖုန်း) 0804999169၊ မမြတ်သန္တာထက် 09261299336 တို့အား ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~