ဟဲဟိုးလေဆိပ်အား နိုင်ငံတကာလေဆိပ်အဆင့်မြှင့်တင်ပြီး မူဆယ်တွင် လေယာဉ်ကွင်းသစ် ဆောက်လုပ်ပေးမည်

ဟဲဟိုးလေဆိပ်အား နိုင်ငံတကာလေဆိပ်အဆင့်မြှင့်တင်ပြီး မူဆယ်တွင် လေယာဉ်ကွင်းသစ် ဆောက်လုပ်ပေးမည်
အောကျတိုဘာ 25, 2017
By Tachileik News Agency




နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် လေယာဉ်ကွင်းအသစ်ကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် PPP စနစ်ဖြင့် အကောင်အထည်ဖော်ရန် ဇွန်လ(၁)ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၇) က မူအားဖြင့် ခွင့်ပြုထားခြင်းဖြစ်ကြောင်း အောက်တိုဘာလ (၂၅) ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ မေးမြန်းချက်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မူဆယ်ဒေသနေ ပြည်သူများအနေဖြင့် အစိုးရဌာနကိစ္စများ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးကိစ္စများအတွက် မြို့ကြီးများသို့လွယ်ကူစွာဖြင့် အချိန်မီ သွားလာဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော မြို့တစ်မြို့ဖြစ်သည့် မူဆယ်မြို့အတွက် လေယာဉ်ကွင်းအသစ်ကို အစိုးရပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သည့် PPP စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် (၁-၆-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၇) သို့ တင်ပြခဲ့ရာ မူအားဖြင့် ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပါသဖြင့် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ရှမ်းပြည်နယ်တွင်း နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲနိုင်ရေးအတွက် တရုတ်နိုင်ငံ လင်ချမ်းပြည်နယ်အစိုးရ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင်းခရိုင်တို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်လည်း ရှမ်းပြည်နယ်အစိုးရအနေဖြင့် ဆွေးနွေးမှုများလည်း လုပ်ဆောင်ထားကြောင်း သိရပြီး လက်ရှိတွင် ဟဲဟိုးလေဆိပ်မှ ပြည်တွင်း လေကြောင်းလိုင်း (၇)ခုမှ ပျံသန်းပြေးဆွဲနေခြင်း ဖြစ်သည်။

လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ မေးမြန်းချက်ဖြစ်သည့် မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေး မြို့များဖြစ်သော မူဆယ်နှင့် မြ၀တီမြို့များတွင် လေယာဉ်ကွင်းဆောက်လုပ်ရန် အစီအစဉ် ရှိ၊ မရှိနှင့်ပတ်သက်၍ မြဝတီမြို့တွင် လေယာဉ်ကွင်းဟောင်းမြေနေရာ မရှိသည့်အပြင် လေယာဉ်ကွင်းတည်ဆောက်ရန် မြေနေရာရှာဖွေဆောင်ရွက်ထားမှုလည်း မရှိပါသဖြင့် လေယာဉ်ကွင်းသစ် တည်ဆောက်မည်ဆိုလျှင် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် သင့်တော်ပြီး လုံလောက်သည့် မြေနေရာကို ကွင်းဆင်း ရှာဖွေရွေးချယ်ရန် လိုအပ်မည်ဖြစ်ပြီး လက်ရှိတွင် မြဝတီမြို့အတွက် လေယာဉ်ကွင်းသစ် ဖောက်လုပ်ရန် စီစဉ် လျာထားမှု မရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြားခဲ့သည်။

သတင်း - ချယ်ရီထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ဟဲဟိုးလေဆိပ်တွင် နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းနိုင်ရန် အဆင့်မြှင့်တင်ရေးနှင့် မူဆယ်မြို့တွင် လေယာဉ်ကွင်းအသစ်ကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် PPP စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မူဆယ်မှာ လေယာဉ်ကွင်းအတွက် တင်ပြထားတာပါ။ ဒါတွေက ပြည်ထောင်စုက တိုက်ရိုက် ကိုင်တာတွေပေါ့။ ဟဲဟိုးလေယာဉ်ကွင်းကို နိုင်ငံတကာအဆင့်မြှင့်မယ့်ကိစ္စကတော့ တင်ဒါခေါ်ပြီးသွားပြီ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အစိုးရက ဟဲဟိုးလေဆိပ်တွင် နိုင်ငံတကာ ခရီးစဉ်များ ၂၀၁၇ အတွင်း ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြထားခဲ့ခြင်းဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် လေယာဉ်ကွင်းအသစ်ကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် PPP စနစ်ဖြင့် အကောင်အထည်ဖော်ရန် ဇွန်လ(၁)ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၇) က မူအားဖြင့် ခွင့်ပြုထားခြင်းဖြစ်ကြောင်း အောက်တိုဘာလ (၂၅) ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ မေးမြန်းချက်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြကြေားခဲ့ခြင်းဖြစ်သည်။

“မူဆယ်ဒေသနေ ပြည်သူများအနဖြေင့် အစိုးရဌာနကိစ္စများ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးကိစ္စများအတွက် မြို့ကြီးများသို့လွယ်ကူစွာဖြင့် အချိန်မီ သွားလာဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော မြို့တစ်မြို့ဖြစ်သည့် မူဆယ်မြို့အတွက် လေယာဉ်ကွင်းအသစ်ကို အစိုးရပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သည့် PPP စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် (၁-၆-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၇) သို့ တင်ပြခဲ့ရာ မူအားဖြင့် ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပါသဖြင့် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ရှမ်းပြည်နယ်တွင်း နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲနိုင်ရေးအတွက် တရုတ်နိုင်ငံ လင်ချမ်းပြည်နယ်အစိုးရ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင်းခရိုင်တို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်လည်း ရှမ်းပြည်နယ်အစိုးရအနဖြေင့် ဆွေးနွေးမှုများလည်း လုပ်ဆောင်ထားကြောင်း သိရပြီး လက်ရှိတွင် ဟဲဟိုးလေဆိပ်မှ ပြည်တွင်း လေကြောင်းလိုင်း (၇)ခုမှ ပျံသန်းပြေးဆွဲနခြေင်း ဖြစ်သည်။

လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ မေးမြန်းချက်ဖြစ်သည့် မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေး မြို့များဖြစ်သော မူဆယ်နှင့် မြဝတီမြို့များတွင် လေယာဉ်ကွင်းဆောက်လုပ်ရန် အစီအစဉ် ရှိ၊ မရှိနှင့်ပတ်သက်၍ မြဝတီမြို့တွင် လေယာဉ်ကွင်းဟောင်းမြေနေရာ မရှိသည့်အပြင် လေယာဉ်ကွင်းတည်ဆောက်ရန် မြေနေရာရှာဖွေဆောင်ရွက်ထားမှုလည်း မရှိပါသဖြင့် လေယာဉ်ကွင်းသစ် တည်ဆောက်မည်ဆိုလျှင် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် သင့်တော်ပြီး လုံလောက်သည့် မြေနေရာကို ကွင်းဆင်း ရှာဖွေရွေးချယ်ရန် လိုအပ်မည်ဖြစ်ပြီး လက်ရှိတွင် မြဝတီမြို့အတွက် လေယာဉ်ကွင်းသစ် ဖောက်လုပ်ရန် စီစဉ် လျာထားမှု မရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြကြေားခဲ့သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~