တာချီလိတ်၌ ပြုလုပ်သည့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ရဲလုပ်ငန်း၌ ပူးပေါင်းကူညီသူများအား ဂုဏ်ပြုချီးမြှင့်

တာချီလိတ်၌ ပြုလုပ်သည့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ရဲလုပ်ငန်း၌ ပူးပေါင်းကူညီသူများအား ဂုဏ်ပြုချီးမြှင့်
အောကျတိုဘာ 2, 2017
By Tachileik News Agency



တာချီလိတ်ခရိုင်အတွင်း ရဲတပ်ဖွဲ့၏ ပရဟိတလုပ်ငန်းများတွင် ပါဝင်လှူဒါန်းသည့် 1G1 7 ဟိုတယ်မှ ဦးအောင်နိုင်၊ ဟိုတယ်တာချီလိတ်မှ ဦးထွန်းနေဦး၊ မြင့်ဦးအောင် သတ္တုတူးဖော်ရေးမှ ဦးမြင့်ဦး၊ ရှမ်း/အရှေ့ရေပေးဝေရေးကုမ္ပဏီမှ ဦးလောတာ၊ BT စက်သုံးဆီပန့်မှ ဗိုလ်မှူးနေဝင်း (ငြိမ်း)၊ CNCMC ၊ အငြိမ်းစား ရဲအမှုထမ်း ရဲအုပ်လှထွန်း၏ မိသားစု၊ တပင်ရွှေထီးဆီပန့်မှ ဦးအားဖာ၊ “ဝ”ဆက်ဆံရေးရုံးမှ ဦးကက်စိန်၊ ကြီးမြတ်သောရွှေမြင်းရွှေဆိုင်မှ ဦးအားချန်နှင့် ရန်ကင်းဆီပန့်မှ ဦးကျဆီးတို့ကိုလည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်အဖွဲ့ဝင် (၈)ဦး၊ အမှုထမ်းကောင်းဆုရသည့် ရဲတပ်ဖွဲ့ဝင်(၂၅)ဦးနှင့် ရဲလုပ်ငန်းပရဟိတများတွင် ပါဝင်လှူဒါန်းသူ (၁၁)ဦးတို့အား အောက်တိုဘာလ (၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ကျင်းပသည့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

အမှုထမ်းကောင်းဆုရရှိသည့် ခရိုင်ရဲတပ်ဖွဲ့၊ မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ ရဲကင်းစခန်း၊ ယာဉ်ထိန်းနှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့လုပ်ငန်းများတွင် ပူးပေါင်းကူညီသည့် ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့ဝင် ဦးစိုင်းဆမ်ခမ်း၊ မကာဟိုခမ်းရပ်ကွက်မှ ကြက်ခြေနီ ဦးစိုင်းသီဟ၊ ဝမ်ကောင်းရပ်ကွက် ပြည်သူ့စစ် ဦးထွန်းထွန်းလေး၊ မယ်ခေါင်ရပ်ကွက် ပြည်သူ့စစ် ဦးစိုင်းကျော်အောင်၊ ဝမ်မိုင်ရွာ ပြည်သူ့စစ် ဦးမင်းသူ၊ စက်မှုဇုန် ပြည်သူ့စစ် ဦးမြင့်ထွန်းနှင့် ပါခုတ်ရွာပြည်သူ့စစ် ဦးတင်ရွှေတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

တာချီလိတ်ခရိုင်အတွင်း ရဲတပ်ဖွဲ့၏ ပရဟိတလုပ်ငန်းများတွင် ပါဝင်လှူဒါန်းသည့် 1G1 7 ဟိုတယ်မှ ဦးအောင်နိုင်၊ ဟိုတယ်တာချီလိတ်မှ ဦးထွန်းနေဦး၊ မြင့်ဦးအောင် သတ္တုတူးဖော်ရေးမှ ဦးမြင့်ဦး၊ ရှမ်း/အရှေ့ရေပေးဝေရေးကုမ္ပဏီမှ ဦးလောတာ၊ BT စက်သုံးဆီပန့်မှ ဗိုလ်မှူးနေဝင်း (ငြိမ်း)၊ CNCMC၊ အငြိမ်းစား ရဲအမှုထမ်း ရဲအုပ်လှထွန်း၏ မိသားစု၊ တပင်ရွှေထီးဆီပန့်မှ ဦးအားဖာ၊ “ဝ”ဆက်ဆံရေးရုံးမှ ဦးကက်စိန်၊ ကြီးမြတ်သောရွှမြေင်းရွှေဆိုင်မှ ဦးအားချန်နှင့် ရန်ကင်းဆီပန့်မှ ဦးကျဆီးတို့ကိုလည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။

၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်သူများ၏ တပ်ဖွဲ့ဝင်မိဘများအား ပံ့ပိုးမှု အကောင်းဆုံးပေးသည့် မိဘများအဖြစ် ဂုဏ်ပြုဆု၊ နေအိမ်လိုင်းခန်းများ အတွင်းအပြင် သန့်ရှင်းသာယာလှပမှု ဂုဏ်ပြုဆုများကိုလည်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဆွေ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်ခရိုင် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~