လွိုင်​​ကော်​မြို့တွင် ​၁၄ နှစ်အရွယ်ကျောင်းသူအား အဓမ္မပြုကျင့်​သူကို ဖမ်းဆီးအမှုဖွင့်ထား

လွိုင်​​ကော်​မြို့တွင် ​၁၄ နှစ်အရွယ်ကျောင်းသူအား အဓမ္မပြုကျင့်​သူကို ဖမ်းဆီးအမှုဖွင့်ထား
အောက်တိုဘာ 24, 2017
By Tachileik News Agency





သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့တွင်​ အသက်​ ၁၄ နှစ်​အရွယ်​ ​လေးတန်​း​ကျောင်​းသူ တစ်​ဦးအား ခြိမ်​း​ခြောက်​​ခေါ်​ဆောင်​၍ အဓမ္မပြုကျင်​့သူကို လွိုင်​​ကော်​မြို့မရဲစခန်​းတွင်​ ဖမ်​းဆီး၍ အမှုဖွင်​့အ​ရေးယူ​ဆောင်​ရွက်​​နေ​ကြောင်​း သိရသည်​။

​အဆိုပါကျောင်းသူမှာ အောက်တိုဘာလ (၂၂)ရက်နေ့ ည(၇)နာရီခန့်က သူငယ်ချင်းဖြစ်သူ၏နေအိမ်မှ ပြန်လာစဉ် အသိအကျွမ်းဖြစ်သူ အသက် (၃၅)နှစ် အရွယ်အမျိုးသားတစ်ဦးက နေအိမ်သို့ လိုက်ပို့မည်ဟုဆိုကာ လယ်ကွင်းပြင်အနီးတွင် အဓမ္မပြုကျင့်ကာ ခြိမ်းခြောက်ပြီး နေအိမ်တွင် ခေါ်ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၂၃)ရက်နေ့တွင် အဆိုပါကျောင်းသူပျောက်နေသဖြင့် အစ်ကိုနှင့် အစ်မဖြစ်သူက လိုက်လံရှာဖွေရာမှ တွေ့ရှိရခြင်းဖြစ်ပြီး အဓမ္မပြုကျင့်ခံထားရသည်ကို သိရသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက်မပြည့်သေးသည့် ကလေးငယ်ကို အဓမ္မပြုကျင့်သူ ​ဇော်​​ဇော်​နိုင်​အား လွိုင်​​ကော်​မြို့မရဲစခန်​းတွင်​ (ပ)၁၄၁/ ၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ ဖြင်​့ အမှုဖွင်​့အ​ရေးယူ ​ဆောင်​ရွက်​​နေ​ကြောင်​းသိရသည်​။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~