အသက္(၁၂)ႏွစ္အရြယ္ သားအရင္းျဖစ္သူမွ ဖခင္အား ဓါးျဖင့္ ခုတ္သတ္

အသက္(၁၂)ႏွစ္အရြယ္ သားအရင္းျဖစ္သူမွ ဖခင္အား ဓါးျဖင့္ ခုတ္သတ္
အောက်တိုဘာ 14, 2017
By Tachileik News Agency

အရက္ေသာက္စား မူးယစ္ကာ မိသားစုအား ႀကိမ္းဝါးသည္ဟု ဆိုသည့္ ဖခင္ျဖစ္သူအား အသက္(၁၂)ႏွစ္အရြယ္ သားအရင္းျဖစ္သူက  ဓါးျဖင့္ ခုတ္သတ္မႈ မေကြးတိုင္းေဒသႀကီး မင္းလွၿမိဳ႕နယ္၊ စမ္းအိုင္ ေက်းရြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း မင္းလွၿမိဳ႕မရဲစခန္းမွ သိရသည္။

“အဲဒီေန႔ ေန႔လယ္ ၁၂နာရီခဲြ အခ်ိန္ေလာက္ ယာခင္းကျပန္အလာ ယာေျမာက္ထိပ္မွာ လူေတြဝိုင္း ၾကည့္ေနၾကတာေတြ႔လို႔ ဝင္ၾကည္႔လိုက္ေတာ႔ ကြ်န္မခင္ပြန္းကို ဒဏ္ရာေတြနဲ႔ ေသဆံုးေနတာကိုေတြ႔ရတာ ပါ”ဟု ေသဆံုးသူ၏ဇနီး ေဒၚလွညိမ္းက ေျပာသည္။

၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၃)ရက္ေန႔ ေန႔လယ္(၁၂)နာရီ၀န္းက်င္အခ်ိန္က အခင္းျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္  အသက္(၅၂)ႏွစ္ရွိ  ဦးေသာင္းႏိုင္အား သားအရင္ျဖစ္သူ အသက္(၁၂)ႏွစ္အရြယ္ရိွ ဟန္သြင္ေမာင္က ဓားျဖင့္ခုတ္၍ ေသဆံုးရျခင္း ျဖစ္ေၾကာင္းကို မိခင္ျဖစ္သူမွ သိရိွရသျဖင့္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး၏ ေနအိမ္သို႔ သြားေရာက္ခဲ႔ရာ ယင္းေနအိမ္တြင္ သားျဖစ္သူအား ေတြ႕ရွိရေၾကာင္း ၎ထံက သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ သားျဖစ္သူအား အက်ိဳးအေၾကာင္းေမးျမန္းရာ ဖခင္ျဖစ္သူမွာ အရက္ေသာက္စား မူးယစ္ကာ မိသားစုအား ႀကိမ္းဝါးရိုက္ႏွက္ေလ႔ရိွသည္ကို မေက်နပ္ျဖစ္ေနရာမွ အခင္းျဖစ္သည့္ ေန႔၏ ေန႔လယ္ ၁၂နာရီအခ်ိန္ခန္႔တြင္လည္း ဖခင္ျဖစ္သူက အရက္မူးၿပီး ၎ကို ႀကိမ္းဝါးလိုက္လံရိုက္ႏွက္သျဖင္႔ ရုတ္တရက္ေဒါသျဖစ္ကာ လက္ထဲတြင္အသင့္ကိုင္ေဆာင္ထားသည့္ အရိုး(၉)လကၼ၊ အသြား(၁၈)လကၼခန္႔၊ ဗ်က္ ၂လကၼခဲြခန္႔ရိွ ကိုင္း ခုတ္ဓား ႏွင္႔ ခုတ္လိုက္မိျခင္းျဖစ္သည္ဟု ေျပာျပသိရိွရေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ခင္ပြန္းျဖစ္သူကို ဓားႏွင္႔ခုတ္သတ္ခဲ့သည့္ သားျဖစ္သူအား အေရးယူ ေပးပါရန္ မိခင္ျဖစ္သူ ေဒၚလွညိမ္းက တရားလိုျပဳလုပ္၍ ယင္းေန႔ ည(၉)နာရီအခ်ိန္တြင္ တိုင္တန္းသျဖင္႔ မင္းလွၿမိဳ႕မ ရဲစခန္းမွ (ပ)၂၂၇/၂၀၁၇(အမႈႀကီးအမွတ္စဥ္ ၂/၂၀၁၇)ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင္႔ကာ ေမာင္ဟန္သြင္ေမာင္(၁၂ႏွစ္)အား ဖမ္းဆီး၍ အမႈကို စစ္ေဆးကာ အျမန္ဆံုးတရားစဲြဆိုတင္ပို႔ ႏိုင္ရန္ စီစဥ္ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု- ဖီးနစ္ ၊ ႀကိမ္လံုး


~~~~~~~~⊰❂ unicode ~~~~~~~~

အရက်သောက်စား မူးယစ်ကာ မိသားစုအား ကြိမ်းဝါးသည်ဟု ဆိုသည့် ဖခင်ဖြစ်သူအား အသက်(၁၂)နှစ်အရွယ် သားအရင်းဖြစ်သူက ဓားဖြင့် ခုတ်သတ်မှု မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ စမ်းအိုင် ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း မင်းလှမြို့မရဲစခန်းမှ သိရသည်။

“အဲဒီနေ့ နေ့လယ် ၁၂နာရီခွဲ အချိန်လောက် ယာခင်းကပြန်အလာ ယာမြောက်ထိပ်မှာ လူတွေဝိုင်း ကြည့်နကြေတာတွေ့လို့ ဝင်ကြည့်လိုက်တော့ ကျွန်မခင်ပွန်းကို ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရတာ ပါ”ဟု သေဆုံးသူ၏ဇနီး ဒေါ်လှညိမ်းက ပြောသည်။

၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ နေ့လယ်(၁၂)နာရီဝန်းကျင်အချိန်က အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အသက်(၅၂)နှစ်ရှိ ဦးသောင်းနိုင်အား သားအရင်ဖြစ်သူ အသက်(၁၂)နှစ်အရွယ်ရှိ ဟန်သွင်မောင်က ဓားဖြင့်ခုတ်၍ သေဆုံးရခြင်း ဖြစ်ကြောင်းကို မိခင်ဖြစ်သူမှ သိရှိရသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ သွားရောက်ခဲ့ရာ ယင်းနေအိမ်တွင် သားဖြစ်သူအား တွေ့ရှိရကြောင်း၎င်းထံက သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သားဖြစ်သူအား အကျိုးအကြောင်းမေးမြန်းရာ ဖခင်ဖြစ်သူမှာ အရက်သောက်စား မူးယစ်ကာ မိသားစုအား ကြိမ်းဝါးရိုက်နှက်လေ့ရှိသည်ကို မကျေနပ်ဖြစ်နေရာမှ အခင်းဖြစ်သည့် နေ့၏ နေ့လယ် ၁၂နာရီအချိန်ခန့်တွင်လည်း ဖခင်ဖြစ်သူက အရက်မူးပြီး၎င်းကို ကြိမ်းဝါးလိုက်လံရိုက်နှက်သဖြင့် ရုတ်တရက်ဒေါသဖြစ်ကာ လက်ထဲတွင်အသင့်ကိုင်ဆောင်ထားသည့် အရိုး(၉)လက္မ၊ အသွား(၁၈)လက္မခန့်၊ ဗျက် ၂လက္မခွဲခန့်ရှိ ကိုင်း ခုတ်ဓား နှင့် ခုတ်လိုက်မိခြင်းဖြစ်သည်ဟု ပြောပြသိရှိရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူကို ဓားနှင့်ခုတ်သတ်ခဲ့သည့် သားဖြစ်သူအား အရေးယူ ပေးပါရန် မိခင်ဖြစ်သူ ဒေါ်လှညိမ်းက တရားလိုပြုလုပ်၍ ယင်းနေ့ ည(၉)နာရီအချိန်တွင် တိုင်တန်းသဖြင့် မင်းလှမြို့မ ရဲစခန်းမှ (ပ)၂၂၇/၂၀၁၇(အမှုကြီးအမှတ်စဉ် ၂/၂၀၁၇)ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ မောင်ဟန်သွင်မောင်(၁၂နှစ်)အား ဖမ်းဆီး၍ အမှုကို စစ်ဆေးကာ အမြန်ဆုံးတရားစွဲဆိုတင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- ဖီးနစ်၊ ကြိမ်လုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~