တာချီလိတ်မြို့၏ မြို့ကွက်သစ် အပိုင်း(ဈ) စီမံကိန်းရှိ ကျူးကျော်များအား ဖယ်ရှားပြီး စီမံကိန်းဆက်လက် လုပ်ဆောင်မည်

တာချီလိတ်မြို့၏ မြို့ကွက်သစ် အပိုင်း(ဈ) စီမံကိန်းရှိ ကျူးကျော်များအား ဖယ်ရှားပြီး စီမံကိန်းဆက်လက် လုပ်ဆောင်မည်
စကျတငျဘာ 25, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ) မြေယာကွက်သစ်ဖော်ဆောင်နေသည့် မြေနေရာမှာ အစိုးရစီမံခန့်ခွဲခွင့်ရှိသည့်မြေဖြစ်သဖြင့် လက်ရှိ ဝင်ရောက်နေထိုင်သူများမှာ ကျူးကျော်သူများဖြစ်၍ ဖယ်ရှားရမည်ဖြစ်ပြီး မြေယာကွက်ဖော်ဆောင်မှု ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း စက်တင်ဘာလ (၂၅)ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထပ်မံသတိပေးပြောကြားလိုက်သည်။

အဆိုပါ မြေနေရာရှိ ကျူးကျော်နေထိုင်သူ အိမ်ခြေ(၅၀)ကျော်အား စက်တင်ဘာလ (၁၄)ရက်နေ့မှစ၍ တစ်လပြည့်သည့်နေ့အတွင်း ဖယ်ရှားကြရန် နို့တစ်စာများ ထုတ်ထားပြီးနောက် ၎င်းမြေနေရာတွင် လက်ရှိ ဝင်ရောက်နေထိုင်သူများအပါအဝင် မြေယာကွက်သစ်နှင့် ပတ်သက်သူများကို တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် တွေ့ဆုံရှင်းလင်းခြင်းဖြစ်သည်။


အစိုးရစီမံခန့်ခွဲခွင့် ရှိသည့်မြေဖြစ်ကြောင်း အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ဒေါ်နန်းခမ်းတစ်နှင့် ဒေါ်နန်းခမ်းတစ်၏ ခြံစောင့် တာဝန်ခံ ဦးယောရှုတို့ထံမှ မြေကွက်ဝယ်ယူထားသူများရှိခဲ့ပြီး ကျူးကျော်နေထိုင်သူများ အဖြစ် လက်ရှိတွင် နို့တစ်စာပေးပို့ခံထားရသူများမှာ ၎င်းတို့မြေ ဝယ်ယူထားသူများ နှင့်သာ ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တက်ရောက်လာသူများအား ရှင်းလင်းပြောကြားသည်။



အဆိုပါမြေယာကွက်သစ်စီမံကိန်းနေရာမှာ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ-၃၉ အရ ခွင့်ပြုချထားပေးသည့်မြေဖြစ်သဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နေပြီး နို့တစ်စာပို့ထားသည့် ကျူးကျော်များကို နောက်ထပ်နှစ်ကြိမ်အထိ သတိပေးမည်ဖြစ်ကာ မလိုက်နာပါက ဥပဒေအရ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

၎င်းမြေနေရာမှာ နိုင်ငံတော်အစိုးရ ကိုယ်စား ဆောင်ရွက်နေသည့် ကော်လိတ္တော်အရာရှိ၏ စီမံခန့်ခွဲပိုင်ခွင့် အောက်တွင်ရှိနေပြီး မြို့ကွက်သစ်ဖော်ထုတ်ရေးကော်တီနှင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အမြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက အဆိုပါ အစည်းအဝေးတွင် အသိပေးပြောကြားခဲ့သည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ) မြေယာကွက်သစ်ဖော်ဆောင်နေသည့် မြေနေရာမှာ အစိုးရစီမံခန့်ခွဲခွင့်ရှိသည့်မြဖြေစ်သဖြင့် လက်ရှိ ဝင်ရောက်နေထိုင်သူများမှာ ကျူးကျော်သူများဖြစ်၍ ဖယ်ရှားရမည်ဖြစ်ပြီး မြေယာကွက်ဖော်ဆောင်မှု ဆက်လက် လုပ်ကို်င်မည်ဖြစ်ကြောင်း စက်တင်ဘာလ (၂၅)ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထပ်မံသတိပေးပြောကြားလိုက်သည်။

အဆိုပါ မြေနေရာရှိ ကျူးကျော်နေထိုင်သူ အိမ်ခြေ(၅၀)ကျော်အား စက်တင်ဘာလ (၁၄)ရက်နေ့မှစ၍ တစ်လပြည့်သည့်နေ့အတွင်း ဖယ်ရှားကြရန် နို့တစ်စာများ ထုတ်ထားပြီးနောက်၎င်းမြေနေရာတွင် လက်ရှိ ဝင်ရောက်နေထိုင်သူများအပါအဝင် မြေယာကွက်သစ်နှင့် ပတ်သက်သူများကို တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝး ခန်းမတွင် တွေ့ဆုံရှင်းလင်းခြင်းဖြစ်သည်။

တွေ့ဆုံရှင်းလင်းပွဲသို့ ဟိန်းထက်အောင်ကုမ္ပဏီ၊ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ထံက မြေကွက် ဝယ်ယူထားသူများအပြင် အဆိုပါမြေယာအား ယခင်က ပိုင်ဆိုင်သူဟုဆိုသည့် ဒေါ်နန်းခမ်းတစ်နှင့် ဒေါ်နန်းခမ်းတစ်၏ ခြံစောင့် တာဝန်ခံ ဦးယောရှုတို့ထံမှ မြေကွက်ဝယ်ယူထားသူများ တက်ရောက်ပြီး၎င်းတို့ ကြုံနေရသည့်ပြဿနာများအား တင်ပြဆွေးနွေးကြခြင်းဖြစ်သည်။

အစိုးရစီမံခန့်ခွဲခွင့် ရှိသည့်မြဖြေစ်ကြောင်း အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ဒေါ်နန်းခမ်းတစ်နှင့် ဒေါ်နန်းခမ်းတစ်၏ ခြံစောင့် တာဝန်ခံ ဦးယောရှုတို့ထံမှ မြေကွက်ဝယ်ယူထားသူများရှိခဲ့ပြီး ကျူးကျော်နေထိုင်သူများ အဖြစ် လက်ရှိတွင် နို့တစ်စာပေးပို့ခံထားရသူများမှာ၎င်းတို့မြေ ဝယ်ယူထားသူများ နှင့်သာ ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တက်ရောက်လာသူများအား ရှင်းလင်းပြောကြားသည်။

ကျူးကျော်အဖြစ် နို့တစ်စာလက်ခံရရှိထားသူများက၎င်းတို့၏နစ်နာဆုံးရှုံးမှုအတွက် မြေကွက် ရောင်းချထားသည့် ဒေါ်နန်းခမ်းတစ်၏ ခြံစောင့် တာဝန်ခံ ဦးယောရှုအား တရားဥပဒေအရ ရင်ဆိုင် သွားမည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အိမ်ယာကွက်ဖော်ဆောင်ရန် လုပ်ကိုင်ခွင့်ရထားသည့် ဟိန်းထက်အောင်ကုမ္ပဏီက ဆက်လက် အကောင်အထည်ဖော်ခြင်းမရှိသဖြင့် အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနများနှင့် အတူ တွေ့ဆုံညှိနှိုင်းလိုကြောင်း မြေကွက်ဝယ်ယူထားသူများက တင်ပြတောင်းဆိုထားသည်။

အဆိုပါမြေယာကွက်သစ်စီမံကိန်းနေရာမှာ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ-၃၉ အရ ခွင့်ပြုချထားပေးသည့်မြဖြေစ်သဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နပြေီး နို့တစ်စာပို့ထားသည့် ကျူးကျော်များကို နောက်ထပ်နှစ်ကြိမ်အထိ သတိပေးမည်ဖြစ်ကာ မလိုက်နာပါက ဥပဒေအရ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

၎င်းမြေနေရာမှာ နိုင်ငံတော်အစိုးရ ကိုယ်စား ဆောင်ရွက်နေသည့် ကော်လိတ္တော်အရာရှိ၏ စီမံခန့်ခွဲပိုင်ခွင့် အောက်တွင်ရှိနပြေီး မြို့ကွက်သစ်ဖော်ထုတ်ရေးကော်တီနှင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအေဝးကို အမြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက အဆိုပါ အစည်းအဝေးတွင် အသိပေးပြောကြားခဲ့သည်။

မြေယာကွက်သစ်စီမံကိန်းမှာ ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ကျိုင်းတုံမြို့က ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့ နေ့စွဲပါစာဖြင့် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ (၃၉)အရ ဧရိယာ ဧက (၄၀)အား တိုးချဲ့မြို့ကွက်သစ် မြေအဖြစ် အကောင်အထည်ဖော်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း တာဝန်ယူဖော်ဆောင်သည့် ကုမ္ပဏီများက ၂၀၁၇ ခုနှစ်အထိ ပြီးပြတ်အောင် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိသေးဘဲ ဖြစ်နေချိန်တွင် မူလ မြေပိုင်ရှင်ဆိုသူထံမှ ဝယ်ယူနေထိုင်သူများ ရှိလာသဖြင့် မြေယာပိုင်ဆိုင်မှု ပြဿနာများ ရှိလာခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~