တာခ်ီလိတ္ၿမိဳ႕ ေ၀ွေလလန္ေက်းရြာတြင္ မီးေလာင္၍ ေနအိမ္တစ္လံုး ဆံုးရႈံး

တာခ်ီလိတ္ၿမိဳ႕ ေ၀ွေလလန္ေက်းရြာတြင္ မီးေလာင္၍ ေနအိမ္တစ္လံုး ဆံုးရႈံး
စက်တင်ဘာ 4, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေ၀ွေလလန္ေက်းရြာရွိ ေနအိမ္တြင္ လွ်ပ္စစ္ ၀ါယာေရွာ့ျဖစ္ရာမွ မီးေလာင္မႈျဖစ္ပြားကာ ေနအိမ္တစ္လံုး မီးေလာင္ဆံုးရႈံးသြားေၾကာင္း သိရသည္။

မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေ၀ွေလလန္ေက်းရြာရွိ ဦးအိုက္ႀကီးဆိုသူ၏ ေနအိမ္တြင္ စက္တင္ဘာလ(၄)ရက္ေန႔ ည(၆)နာရီ ၀န္းက်င္အခ်ိန္က လွ်ပ္စစ္၀ါယာေရွာ့ျဖစ္ရာမွ ေျမညီထပ္ အုတ္ခံ၊ ပထမထပ္ ပ်ဥ္ေထာင္ေနအိမ္တစ္လံုး မီးေလာင္ ဆံုးရႈံးသြားေၾကာင္း သိရသည္။

မီးေလာင္မႈ ျဖစ္ပြားေနစဥ္တြင္ လွ်ပ္စစ္မီးအႏၱရာယ္ႏွင့္ ပတ္သက္၍ ဆင့္ပြားမျဖစ္ေပၚေစရန္အတြက္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ စ၍ ၿမိဳ႕ျပင္ ရပ္ကြက္/ေက်းရြာမ်ားအထိ လွ်ပ္စစ္မီးအား ေခတၱျဖတ္ေတာက္ခဲ့ရေၾကာင္း မီးလင္းေရးရံုးခြဲ(တာေ၀)မွ သိရသည္။

မီးေလာင္မႈ စတင္ျဖစ္ပြားခ်ိန္မွာ ညေန(၆)နာရီ(၁၅)မိနစ္၀န္းက်င္က ျဖစ္ၿပီး သက္ဆိုင္ရာမ်ား ႏွင့္ ေက်းရြာေန ျပည္သူမ်ားျဖင့္ ပူးေပါင္း ၿငႇိမ္းသတ္မႈေၾကာင့္ မီးေလာင္ကြ်မ္းသည့္ အခ်ိန္မွာ (၁၅)မိနစ္ ၀န္းက်င္သာ ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈႏွင့္ ပတ္သက္၍ အိမ္ရွင္ျဖစ္သူ ဦးအိုက္ႀကီးအား ဥပေဒအရ အမႈဖြင့္ အေရး ယူေဆာင္ရြက္ထားရွိေၾကာင္း ႏွင့္ မီးေလာင္မႈ ျဖစ္ပြားရာသို႔ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ခ႐ိုင္ မီးသတ္ဦးစီးမွဴး လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးထြန္းႏိုင္ဦး အပါအ၀င္ ၿမိဳ႕နယ္မီးသတ္ဦးစီးအရာရွိ ဦးေအာင္ေဇာ္လင္း ႏွင့္ မီးသတ္တပ္ဖြဲ႕၀င္မ်ား မွ မီးသတ္ယာဥ္(၅)စီးျဖင့္ သြားေရာက္ၿငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ နေအိမ်တွင် လျှပ်စစ် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ ဦးအိုက်ကြီးဆိုသူ၏ နေအိမ်တွင် စက်တင်ဘာလ(၄)ရက်နေ့ ည(၆)နာရီ ဝန်းကျင်အချိန်က လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မြေညီထပ် အုတ်ခံ၊ ပထမထပ် ပျဉ်ထောင်နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားနေစဉ်တွင် လျှပ်စစ်မီးအန္တရာယ်နှင့် ပတ်သက်၍ ဆင့်ပွားမဖြစ်ပေါ်စေရန်အတွက် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စ၍ မြို့ပြင် ရပ်ကွက်/ကျေးရွာများအထိ လျှပ်စစ်မီးအား ခေတ္တဖြတ်တောက်ခဲ့ရကြောင်း မီးလင်းရေးရုံးခွဲ(တောဝ)မှ သိရသည်။

မီးလောင်မှု စတင်ဖြစ်ပွားချိန်မှာ ညနေ(၆)နာရီ(၁၅)မိနစ်ဝန်းကျင်က ဖြစ်ပြီး သက်ဆိုင်ရာများ နှင့် ကျေးရွာနေ ပြည်သူများဖြင့် ပူးပေါင်း ငြှိမ်းသတ်မှုကြောင့် မီးလောင်ကျွမ်းသည့် အချိန်မှာ (၁၅)မိနစ် ဝန်းကျင်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဦးအိုက်ကြီးအား ဥပဒေအရ အမှုဖွင့် အရေး ယူဆောင်ရွက်ထားရှိကြောင်း နှင့် မီးလောင်မှု ဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦး အပါအဝင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဇော်လင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ မှ မီးသတ်ယာဉ်(၅)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~