က်ိဳင္းတံုတြင္ ဖမ္းဆီးရမိသည့္ တရားမဝင္တင္သြင္းလာေသာ ဝက္ေခါက္ပိႆာခ်ိန္ ၆၀၀ ေက်ာ္အား မီးရိႈ႕ဖ်က္ဆီး

က်ိဳင္းတံုတြင္ ဖမ္းဆီးရမိသည့္ တရားမဝင္တင္သြင္းလာေသာ ဝက္ေခါက္ပိႆာခ်ိန္ ၆၀၀ ေက်ာ္အား မီးရိႈ႕ဖ်က္ဆီး
စက်တင်ဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ေထာက္ခံခ်က္ မရိွဘဲ တရားမဝင္တင္သြင္းလာသည့္ တရုတ္နုိင္ငံထုတ္ ဝက္ေခါက္ပိႆာခ်ိန္ (၆၆၄.၂၀)အား သိမ္းဆည္းရမိသျဖင့္ စက္တင္ဘာလ (၁)ရက္ေန႔ ေန႔လယ္(၂)နာရီက မီးရထားဘူတာရံုဝန္းတြင္ စားသံုးသူအျငင္းပြားမွဳေျဖရွင္းေရးအဖြဲ႕က မီးရိႈ႕ ဖ်က္ဆီးလုိက္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ ဝင္စစ္တဲ့အခါမွာ သူတို႔မွာ လိုင္စင္လည္းမရိွ၊ ေထာက္ခံခ်က္လည္း မရိွပါဘူးဆိုတာ သူတို႔ဝန္ခံတယ္။ သူတို႔လည္း ေထာက္ခံခ်က္၊ လိုင္စင္ရိွတယ္ထင္လို႔ ဝယ္လိုက္မိတာပါ။ ေနာက္ကို ဒီလိုဝယ္ယူမႈေတြ မလုပ္ပါဘူးဆိုတာလည္း ခံဝန္ကတိလက္မွတ္ေရးထုိးတယ္။ ေနာက္တစ္ခါဆိုရင္ေတာ့ အေရးယူမွာျဖစ္ပါတယ္။ စားသံုးသူအကာအကြယ္ေပးေရးဥပေဒအရ သူတို႔ အယူခံဝင္လုိ႔ရတယ္။ အယူခံဝင္မယ္ဆိုရင္ ေျခာက္လအတြင္း အယူခံဝင္လုိ႔ရေပမယ့္ ေထာက္ခံခ်က္ယူရမယ္။ ေထာက္ခံခ်က္ရဖို႔က သံုးေလးငါးလ ဒါမွမဟုတ္ တစ္ႏွစ္ၾကာခ်င္လည္း ၾကာသြားမယ္။ ဝက္ေခါက္က တစ္လ၊ႏွစ္လဆို ပ်က္စီးေတာ့မွာ။ ဒါေၾကာင့္ သူတို႔က အယူခံမဝင္ေတာ့ဘဲ လက္မွတ္ေရးထိုးၿပီး အသိမ္းဆည္းခံလုိက္တယ္”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုခရိုင္စားသံုးသူအျငင္းပြားမွဳေျဖရွင္းေရးအဖြဲ႕ႏွင့္ သက္ဆုိင္ရာဌာနတာဝန္ရွိသူမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ က်ိဳင္းတံုၿမိဳ႕၊ ရပ္ကြက္(၃)၊ ေလာက္ဝိုးရပ္တြင္ တင္သြင္းခြင့္ေထာက္ခံခ်က္မရိွဘဲ တင္သြင္းထားသည့္ တရုတ္ႏုိင္ငံထုတ္ ဝက္ေခါက္ စုစုေပါင္းအေလးခ်ိန္ (၆၆၄.၂၀)ပိႆာ ၊ တန္ဖိုးေငြ က်ပ္ (၅၃)သိန္းေက်ာ္ဖိုးအား ၾသဂုတ္လ (၃၁)ရက္ေန႔က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဝက္ေခါက္မ်ားအား တရားမဝင္တင္သြင္းသူထံမွ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသျဖင့္ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရး ပုဒ္မ ၁၉ (င)အရ သိမ္းဆည္းၿပီး ၁၉(စ)အရ မီးရိွႈ႕ ဖ်က္ဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

“သက္ဆိုင္ရာဌာနေတြကေန ေထာက္ခံခ်က္ယူၿပီး တရားဝင္တင္သြင္းလို႔ ရပါတယ္။ တခ်ိဳ႕ကုမၸဏီေတြဆို တရားဝင္တင္သြင္းေနတာေတြ ရိွပါတယ္။ တစ္ခုရိွတာက တရားဝင္သြင္းေတာ့ အခြန္အခလည္းရိွေတာ့ ေစ်းကြက္မွာ တရားမဝင္တင္သြင္းလာတာေတြက ေစ်းေလွ်ာ့ေရာင္းႏုိင္တာေပါ့။ ဝယ္တဲ့သူအခ်င္းခ်င္းမွာ လိုင္စင္နဲ႔တင္သြင္းတဲ့ဆီမွာ ဝယ္တဲ့သူေတြက ေစ်းပိုေပးဝယ္ရတာေပါ့။ အခုေရာင္းတဲ့သူေျပာဆိုေတာ့ အဲဒီဖုန္းနံပါတ္က ဆက္သြယ္လုိ႔မရေတာ့ဘူး” ဟု က်ိဳင္းတံုခရိုင္ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

က်ိဳင္းတံု-မုိင္းလား-ဝမ္တာပံုေဒသမွတစ္ဆင့္ တရုတ္ႏုိင္ငံထုတ္ စားေသာက္ကုန္မ်ိဳးစံုကို က်ိဳင္းတံုၿမိဳ႕သို႔ တင္သြင္းေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓာတ္ပံု #စားသံုးသူေရးရာဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ထောက်ခံချက် မရှိဘဲ တရားမဝင်တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် ဝက်ခေါက်ပိဿါချိန် (၆၆၄.၂၀)အား သိမ်းဆည်းရမိသဖြင့် စက်တင်ဘာလ (၁)ရက်နေ့ နေ့လယ်(၂)နာရီက မီးရထားဘူတာရုံဝန်းတွင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဝင်စစ်တဲ့အခါမှာ သူတို့မှာ လိုင်စင်လည်းမရှိ၊ ထောက်ခံချက်လည်း မရှိပါဘူးဆိုတာ သူတို့ဝန်ခံတယ်။ သူတို့လည်း ထောက်ခံချက်၊ လိုင်စင်ရှိတယ်ထင်လို့ ဝယ်လိုက်မိတာပါ။ နောက်ကို ဒီလိုဝယ်ယူမှုတွေ မလုပ်ပါဘူးဆိုတာလည်း ခံဝန်ကတိလက်မှတ်ရေးထိုးတယ်။ နောက်တစ်ခါဆိုရင်တော့ အရေးယူမှာဖြစ်ပါတယ်။ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ သူတို့ အယူခံဝင်လို့ရတယ်။ အယူခံဝင်မယ်ဆိုရင် ခြောက်လအတွင်း အယူခံဝင်လို့ရပေမယ့် ထောက်ခံချက်ယူရမယ်။ ထောက်ခံချက်ရဖို့က သုံးလေးငါးလ ဒါမှမဟုတ် တစ်နှစ်ကြာချင်လည်း ကြာသွားမယ်။ ဝက်ခေါက်က တစ်လ၊နှစ်လဆို ပျက်စီးတော့မှာ။ ဒါကြောင့် သူတို့က အယူခံမဝင်တော့ဘဲ လက်မှတ်ရေးထိုးပြီး အသိမ်းဆည်းခံလိုက်တယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၊ လောက်ဝိုးရပ်တွင် တင်သွင်းခွင့်ထောက်ခံချက်မရှိဘဲ တင်သွင်းထားသည့် တရုတ်နိုင်ငံထုတ် ဝက်ခေါက် စုစုပေါင်းအလေးချိန် (၆၆၄.၂၀)ပိဿါ၊ တန်ဖိုးငွေ ကျပ် (၅၃)သိန်းကျော်ဖိုးအား သြဂုတ်လ (၃၁)ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝက်ခေါက်များအား တရားမဝင်တင်သွင်းသူထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး ပုဒ်မ ၁၉ (င)အရ သိမ်းဆည်းပြီး ၁၉(စ)အရ မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။

“သက်ဆိုင်ရာဌာနတွေကနေ ထောက်ခံချက်ယူပြီး တရားဝင်တင်သွင်းလို့ ရပါတယ်။ တချို့ကုမ္ပဏီတွေဆို တရားဝင်တင်သွင်းနေတာတွေ ရှိပါတယ်။ တစ်ခုရှိတာက တရားဝင်သွင်းတော့ အခွန်အခလည်းရှိတော့ ဈေးကွက်မှာ တရားမဝင်တင်သွင်းလာတာတွေက ဈေးလျှော့ရောင်းနိုင်တာပေါ့။ ဝယ်တဲ့သူအချင်းချင်းမှာ လိုင်စင်နဲ့တင်သွင်းတဲ့ဆီမှာ ဝယ်တဲ့သူတွေက ဈေးပိုပေးဝယ်ရတာပေါ့။ အခုရောင်းတဲ့သူပြောဆိုတော့ အဲဒီဖုန်းနံပါတ်က ဆက်သွယ်လို့မရတော့ဘူး” ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

ကျိုင်းတုံ-မိုင်းလား-ဝမ်တာပုံဒေသမှတစ်ဆင့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်မျိုးစုံကို ကျိုင်းတုံမြို့သို့ တင်သွင်းနကြခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓာတ်ပုံ #စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~