Update News

တာချီလိတ်မြို့ အာခါဈေးထိပ် မီးပွိုင့်မှ စ၍ မိုင်းကိုး နှင့် မိုင်းဖုန်း ကျေးရွာအုပ်စုများအထိ စက်တင်ဘာလ(၁၆)ရက်နေ့တွင် တစ်နေကုန် လျှပ်စစ်မီး ဖြတ်တောက်မည်



၂၀၁၇ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၈)နာရီမှ စ၍ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်အထိ အာခါဈေး မီးပွိုင့်ထိပ်မှ လေယာဉ်ကွင်းအထိ အပါအ၀င် မြို့ပြင် ကျေးရွာများဖြစ်သည့် မိုင်းကိုးကျေးရွာ အုပ်စုနှင့် မိုင်းဖုန်းကျေးရွာအုပ်စု ၀မ်ပုံကျေးရွာအထိ ဖြတ်တောက်မည်ဖြစ်ကြောင်း မီးလင်းရေးရုံးခွဲ(တာဝေ)မှ သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ ကျွန်းတောတွင် ပါဝါလိုင်းသစ်ဆွဲမည်ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရန်အတွက် မြို့ပြင် ရပ်ကွက်/ကျေးရွာများအထိ လျှပ်စစ်မီးအား တစ်နေကုန် ဖြတ်တောက် ထားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၈)နာရီမှ စ၍ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်အထိ အာခါဈေး မီးပွိုင့်ထိပ်မှ လေယာဉ်ကွင်းအထိ အပါအဝင် မြို့ပြင် ကျေးရွာများဖြစ်သည့် မိုင်းကိုးကျေးရွာ အုပ်စုနှင့် မိုင်းဖုန်းကျေးရွာအုပ်စု ဝမ်ပုံကျေးရွာအထိ ဖြတ်တောက်မည်ဖြစ်ကြောင်း မီးလင်းရေးရုံးခွဲ(တောဝ)မှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::