တာေလ - ပါလွ်ဳိး - က်ဳိင္းလပ္ သြားလမ္းေပၚ ဝမ္ပံုရြာတံတားမွ တစ္ဆင့္ ယာဥ္မ်ား ပံုမွန္အတိုင္း သြားလာႏိုင္

တာေလ - ပါလွ်ဳိး - က်ဳိင္းလပ္ သြားလမ္းေပၚ ဝမ္ပံုရြာတံတားမွ တစ္ဆင့္ ယာဥ္မ်ား ပံုမွန္အတိုင္း သြားလာႏိုင္
စက်တင်ဘာ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ က်ိဳင္းလပ္ၿမိဳ႕ မုိင္းပါလ်ိဳးေက်းရြာအုပ္စု၊ နမ့္ကုိင္းေက်းရြာ ႏွင့္ ၀မ္ပံုေက်းရြာအၾကားရွိ တာေလ - ပါလ်ိဳး- က်ိဳင္းလပ္ သြားလမ္းမွ မုိင္တုိင္ အမွတ္ ၃၁/၅၀၀ ရွိ ၀မ္ပံုရြာ တံတားမွာ နမ့္ဟေခ်ာင္းေရ တုိက္စားသျဖင့္ စက္တင္ဘာလ (၂)ရက္ေန႔က ေမ်ာပါ သြားခဲ့ရာမွ တာ၀န္ရွိသူမ်ား၏ ျပဳျပင္မႈေၾကာင့္ စက္တင္ဘာလ(၄)ရက္ေန႔တြင္ ယာဥ္မ်ား အဆင္ေျပစြာ သြားလာ ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

စက္တင္ဘာလ(၂)ရက္ေန႔အကူး နံနက္ (၂)နာရီခြဲ၀န္းက်င္က ေခ်ာင္းေရစီးေၾကာင့္ အက်ယ္ ၁၅ ေပ × အရွည္ ၂၀ ေပရွိ အဆိုပါ ကြန္ကရစ္တံတားမွာ ေမ်ာပါသြားခဲ့ရာ တာခ်ီလိတ္ၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ တာ၀န္ရွိသူမ်ား၊ နယ္ေျမခံတပ္မွ တပ္မေတာ္စစ္သည္မ်ား၊ က်ဳိင္းလပ္ၿမိဳ႕မွ တာ၀န္ရွိသူမ်ား ပူးေပါင္း၍ ေန႔ေရာညပါ စက္/ယာဥ္ယႏၱရားမ်ားျဖင့္ ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ရေၾကာင္း သိရသည္။

သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက အဆိုပါ ေနရာတြင္ ေပ(၆၀)ရွိ ေဘလီတံတားအျဖစ္ ျပန္လည္ ျပင္ဆင္ရာ စက္တင္ဘာလ(၄)ရက္ေန႔ ေန႔လယ္ပိုင္းက ေဘာင္မ်ား တပ္ဆင္ၿပီးစီးၿပီး ဆက္လက္၍ တံတားၾကမ္း ခင္းမ်ား ခင္းျခင္း၊ ခ်ဥ္းကပ္လမ္းျပင္ဆင္ျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္ရာ စက္တင္ဘာ(၄)ရက္ေန႔ ညေန(၃)နာရီ၀န္းက်င္တြင္ အဆိုပါ တံတားမွ တစ္ဆင့္ ယာဥ္မ်ား အဆင္ေျပစြာ သြားလာႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - က်ဳိင္းလပ္ ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ မိုင်းပါလျိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာ နှင့် ဝမ်ပုံကျေးရွာအကြားရှိ တာလေ - ပါလျိုး- ကျိုင်းလပ် သွားလမ်းမှ မိုင်တိုင် အမှတ် ၃၁/၅၀၀ ရှိ ဝမ်ပုံရွာ တံတားမှာ နမ့်ဟချောင်းရေ တိုက်စားသဖြင့် စက်တင်ဘာလ (၂)ရက်နေ့က မျောပါ သွားခဲ့ရာမှ တာဝန်ရှိသူများ၏ ပြုပြင်မှုကြောင့် စက်တင်ဘာလ(၄)ရက်နေ့တွင် ယာဉ်များ အဆင်ပြေစွာ သွားလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ(၂)ရက်နေ့အကူး နံနက် (၂)နာရီခွဲဝန်းကျင်က ချောင်းရေစီးကြောင့် အကျယ် ၁၅ ပေ × အရှည် ၂၀ ပေရှိ အဆိုပါ ကွန်ကရစ်တံတားမှာ မျောပါသွားခဲ့ရာ တာချီလိတ်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ တပ်မတော်စစ်သည်များ၊ ကျိုင်းလပ်မြို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ နေ့ရောညပါ စက်/ယာဉ်ယန္တရားများဖြင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ နေရာတွင် ပေ(၆၀)ရှိ ဘေလီတံတားအဖြစ် ပြန်လည် ပြင်ဆင်ရာ စက်တင်ဘာလ(၄)ရက်နေ့ နေ့လယ်ပိုင်းက ဘောင်များ တပ်ဆင်ပြီးစီးပြီး ဆက်လက်၍ တံတားကြမ်း ခင်းများ ခင်းခြင်း၊ ချဉ်းကပ်လမ်းပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ စက်တင်ဘာ(၄)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်တွင် အဆိုပါ တံတားမှ တစ်ဆင့် ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကျိုင်းလပ် ထွေ/အုပ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~