တာလေမြို့နေ စေတနာရှင်များမှ ရခိုင်ပြည်နယ်အတွက် လှူဒါန်းသည့် ကျပ်(၃၂)သိန်းကျော် နှင့် ဘတ်(၂၀၀၀၀)ကျော်အား တာချီလိတ်ရှိ ကော်မတီသို့ လွှဲပြောင်းလှူဒါန်း

တာလေမြို့နေ စေတနာရှင်များမှ ရခိုင်ပြည်နယ်အတွက် လှူဒါန်းသည့် ကျပ်(၃၂)သိန်းကျော် နှင့် ဘတ်(၂၀၀၀၀)ကျော်အား တာချီလိတ်ရှိ ကော်မတီသို့ လွှဲပြောင်းလှူဒါန်း
စကျတငျဘာ 16, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့တွင် (၁၀)ရက်တိတိ ရခိုင်ပြည်နယ်အတွက် အလှူခံဌာန ဖွင့်လှစ်ခဲ့ရာမှ စုပေါင်း ပါဝင် လှူဒါန်းလာသည့် ကျပ်(၃၂)သိန်းကျော် နှင့် ဘတ်(၂၀၀၀၀)ကျော် အပါအ၀င် ထောက်ပံ့ပစ္စည်းများအား  ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့နယ်)သို့ ၂၀၁၇ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်က လာရောက်၍ ပေးအပ်လှူဒါန်းလာကြောင်း သိရသည်။

တာလေမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင်  စက်တင်ဘာလ(၆)ရက်နေ့မှ စက်တင်ဘာလ (၁၅)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အဆိုပါ အလှူခံဌာနတွင် (၁၀)ရက်တာ ကာလအတွင်း မြန်မာကျပ်ငွေ (၃၂၉၄၄၀၀)ကျပ် နှင့် ထိုင်းဘတ်ငွေ (၂၀၃၃၀)ဘတ် အပြင် ဆေးဝါး၊ ခေါက်ဆွဲခြောက် နှင့် ဖိနပ်များအား တာလေမြို့နေ စေတနာရှင်များမှ စုပေါင်းပါဝင် လှူဒါန်းလာခြင်း ဖြစ်ကြောင်း သိရသည်။

တာလေမြို့နေ စေတနာရှင်များမှ စုပေါင်းပါဝင်လှူဒါန်းလာသည့် ငွေကြေးများနှင့် ထောက်ပံ့ပစ္စည်းများအား  ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေး အလှူခံဌာန (တာလေမြို့)မှ ဦးငြိမ်းသောင်နှင့် တာဝန်ရှိသူများက လာရောက်၍ ပေးအပ်လှူဒါန်းရာတွင်  ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့နယ်) နာယက၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဥက္ကဌ ဦးအောင်ဖြိုးရှိန် အပါအ၀င် ကော်မတီဝင်များမှ လက်ခံရယူခဲ့ကြသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလမြေို့တွင် (၁၀)ရက်တိတိ ရခိုင်ပြည်နယ်အတွက် အလှူခံဌာန ဖွင့်လှစ်ခဲ့ရာမှ စုပေါင်း ပါဝင် လှူဒါန်းလာသည့် ကျပ်(၃၂)သိန်းကျော် နှင့် ဘတ်(၂၀၀၀၀)ကျော် အပါအဝင် ထောက်ပံ့ပစ္စည်းများအား ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့နယ်)သို့ ၂၀၁၇ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်က လာရောက်၍ ပေးအပ်လှူဒါန်းလာကြောင်း သိရသည်။

တာလမြေို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စက်တင်ဘာလ(၆)ရက်နေ့မှ စက်တင်ဘာလ (၁၅)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အဆိုပါ အလှူခံဌာနတွင် (၁၀)ရက်တာ ကာလအတွင်း မြန်မာကျပ်ငွေ (၃၂၉၄၄၀၀)ကျပ် နှင့် ထိုင်းဘတ်ငွေ (၂၀၃၃၀)ဘတ် အပြင် ဆေးဝါး၊ ခေါက်ဆွဲခြောက် နှင့် ဖိနပ်များအား တာလမြေို့နေ စေတနာရှင်များမှ စုပေါင်းပါဝင် လှူဒါန်းလာခြင်း ဖြစ်ကြောင်း သိရသည်။

တာလမြေို့နေ စေတနာရှင်များမှ စုပေါင်းပါဝင်လှူဒါန်းလာသည့် ငွေကြေးများနှင့် ထောက်ပံ့ပစ္စည်းများအား ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေး အလှူခံဌာန (တာလမြေို့)မှ ဦးငြိမ်းသောင်နှင့် တာဝန်ရှိသူများက လာရောက်၍ ပေးအပ်လှူဒါန်းရာတွင် ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့နယ်) နာယက၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဥက္ကဌ ဦးအောင်ဖြိုးရှိန် အပါအဝင် ကော်မတီဝင်များမှ လက်ခံရယူခဲ့ကြသည်။

ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့နယ်)မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တိုက်ရိုက် ချိတ်ဆက်၍ လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်နေလျက်ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တဆင့်လှူဒါန်းသည့် အစီအစဉ်တွင်လည်း ပါဝင်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~