ေတာင္ႀကီး - က်ိဳင္းတံုလမ္း ပန္ၾကဴရြာအနီး ေတာင္ၿပိဳမႈရွင္းလင္းၿပီးျဖစ္၍ ပံုမွန္အတိုင္း သြားလာႏိုင္

ေတာင္ႀကီး - က်ိဳင္းတံုလမ္း ပန္ၾကဴရြာအနီး ေတာင္ၿပိဳမႈရွင္းလင္းၿပီးျဖစ္၍ ပံုမွန္အတိုင္း သြားလာႏိုင္
စက်တင်ဘာ 19, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ မိုးရြာသြန္းမႈေၾကာင့္ ပန္ၾကဴေက်းရြာနွင္႔ (၄)မိုင္ခန္႔အကြာ က်ိဳင္းတံု-ေတာင္ႀကီးလမ္းတြင္ စက္တင္ဘာလ (၁၉)ရက္ နံနက္(၉)နာရီခန္႔က ေျမၿပိဳက်၍ လမ္းပိတ္သြားခဲ့ေသာ္လည္း လမ္းဦးစီးဌာနက ျပဳျပင္ထားၿပီးျဖစ္၍ ပံုမွန္အတုိင္းသြားလာႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

"မနက္ (၉)နာရီေလာက္က ပန္ၾကဴနားက ေရတံခြန္နားမွာ ေျမၿပိဳၿပီးေတာ႔ လမ္းပိတ္ေနတယ္လို႔ ကၽြန္ေတာ္တို႔လိုင္းက ကားသမားတစ္ေယာက္က ဖုန္းနဲ႔ သတင္းပို႔ပါတယ္။ ေျမၿပိဳတာက လမ္းဦးစီးက စက္ေတြနဲ႔ ရွင္းေပးခဲ႔တယ္လို႔ သိရပါတယ္။ (၁၅)မိနစ္ေလာက္ပဲ လမ္းပိတ္သြားတာပါ။ အခု ပုံမွန္အတိုင္း သြားလာလို႔ ရေနပါၿပီ"ဟု က်ိဳင္းတံု - ေတာင္ႀကီးယာဥ္လုိင္းေျပးဆြဲေနသည့္ ခ်မ္းသာေအာင္ယာဥ္လိုင္းမွ က်ိဳင္းတံုဂိတ္မွဴး ဦးေမာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံု-ေတာင္ႀကီးလမ္းပိုင္းတြင္ မိုးရာသီကာလမ်ားအတြင္း မိုးမ်ားသည့္အခ်ိန္တြင္ ေတာင္ၿပိဳမႈမ်ား မၾကာခဏ ျဖစ္ေလ့ရိွေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု #ရဲထြဋ္လိႈင္

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီး - ကျိုင်းတုံလမ်း ပန်ကြူရွာအနီး တောင်ပြိုမှုရှင်းလင်းပြီးဖြစ်၍ ပုံမှန်အတိုင်း သွားလာနိုင်
*********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မိုးရွာသွန်းမှုကြောင့် ပန်ကြူကျေးရွာနှင့် (၄)မိုင်ခန့်အကွာ ကျိုင်းတုံ-တောင်ကြီးလမ်းတွင် စက်တင်ဘာလ (၁၉)ရက် နံနက်(၉)နာရီခန့်က မြေပြိုကျ၍ လမ်းပိတ်သွားခဲ့သော်လည်း လမ်းဦးစီးဌာနက ပြုပြင်ထားပြီးဖြစ်၍ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

"မနက် (၉)နာရီလောက်က ပန်ကြူနားက ရေတံခွန်နားမှာ မြေပြိုပြီးတော့ လမ်းပိတ်နေတယ်လို့ ကျွန်တော်တို့လိုင်းက ကားသမားတစ်ယောက်က ဖုန်းနဲ့ သတင်းပို့ပါတယ်။ မြေပြိုတာက လမ်းဦးစီးက စက်တွေနဲ့ ရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ (၁၅)မိနစ်လောက်ပဲ လမ်းပိတ်သွားတာပါ။ အခု ပုံမှန်အတိုင်း သွားလာလို့ ရနေပါပြီ"ဟု ကျိုင်းတုံ - တောင်ကြီးယာဉ်လိုင်းပြေးဆွဲနေသည့် ချမ်းသာအောင်ယာဉ်လိုင်းမှ ကျိုင်းတုံဂိတ်မှူး ဦးမော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံ-တောင်ကြီးလမ်းပိုင်းတွင် မိုးရာသီကာလများအတွင်း မိုးများသည့်အချိန်တွင် တောင်ပြိုမှုများ မကြာခဏ ဖြစ်လေ့ရှိကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #ရဲထွဋ်လှိုင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~