
စကျတငျဘာ 24, 2017
By 🌸


ဓါတ်ပုံ #ပြည်နယ်အားကာ

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့တွင် လစဉ်ပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင်လူထုစက်ဘီးစီးပွဲတွင် အင်အား ၅၀၀ ကျော်ပါဝင်လာ
*****
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် လစဉ်နောက်ဆုံးရက်သတ္တပတ်တွင် လုပ်ဆောင်နေသည့် ဆေးလိပ်ငွေ့ကင်းစင် လူထုစက်ဘီးစီးပွဲအား စက်တင်ဘာလ (၂၄)ရက်နေ့ကပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအပါအဝင် လူထုအင်အား (၅၀၀)ကျော်ပါဝင်ကြောင်း သိရသည်။

စက်ဘီးစီးအဖွဲ့သည် နံနက်၆နာရီအချိန်တွင် ဗိုလ်ချုပ်ပန်းခြံရှေ့မှ-ကရင်မရေထွက်-လေ့ကျင့်ရေးအားကစားရုံလမ်းကြောင်းအတိုင်း စီးနင်းကြခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး ၊ ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးထန်အိတ်တို့နှင့်အတူ ရှမ်းပြည်နယ်စက်ဘီးဆပ်ကော်မတီများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဒေသခံပြည်သူများ ပါဝင်စီးနင်းကြကြောင်း သိရသည်။
ဆေးလိပ်ငွေ့ကင်းစင်လူထုစက်ဘီးစီးပွဲတော်အား သြဂုတ်လအတွင်းက စုစုပေါင်း အင်အား (၃၀၀)ကျော် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ဓါတ်ပုံ #ပြည်နယ်အားကာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~