ေတာင္ႀကီးၿမိဳ႕နယ္အတြင္းမွ စားေသာက္ကုန္ထုတ္လုပ္ငန္းရွင္မ်ားအား ထုတ္ကုန္ဆိုင္ရာဌာနမ်ားက ဆက္စပ္ဥပေဒမ်ားရွင္းလင္းေဆြးေႏြး

ေတာင္ႀကီးၿမိဳ႕နယ္အတြင္းမွ စားေသာက္ကုန္ထုတ္လုပ္ငန္းရွင္မ်ားအား ထုတ္ကုန္ဆိုင္ရာဌာနမ်ားက ဆက္စပ္ဥပေဒမ်ားရွင္းလင္းေဆြးေႏြး
စက်တင်ဘာ 22, 2017
By 🌸
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕နယ္ ရပ္ကြက္ (၁၉)ခုရိွ အေသးစား၊ အလတ္စားႏွင့္ အိမ္တြင္းမႈလုပ္ငန္းမ်ားမွ လုပ္ငန္းရွင္ (၆၄)ဦးအား စားသံုးသူအခြင့္အေရးႏွင့္အညီ ထုတ္ကုန္မ်ားထုုတ္လုပ္ႏုိင္ေရးအတြက္ လိုက္နာရမည့္ဥပေဒမ်ားကို စားသံုးသူေရးရာဦးစီးဌာနက ေတာင္ႀကီးၿမိဳ႕၌ စက္တင္ဘာလ (၂၂)ရက္ေန႔တြင္ ရွင္းလင္းေဆြးေႏြးေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ေဒသတြင္း အေသးစားအလတ္စားလုပ္ငန္းေတြက အရည္အေသြးရိွတဲ့ ထုတ္ကုန္ေတြ ထုတ္ဖို႔လိုတယ္။ ဒါေတြကို ရွမ္းျပည္နယ္အစိုးရကို တင္ျပတယ္။ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ကလည္း အတည္ျပဳတယ္။ ဒီေတာ့ ေဒသတြင္းအေျခအေနေတြကို ကြင္းဆင္းေလ့လာတဲ့အခါ လုပ္ငန္းအေတာ္မ်ားမ်ားက မွတ္ပံုတင္မရိွဘူး။ ထုတ္ကုန္ေတြမွာလည္း အရည္အေသြး ေထာက္ခံခ်က္ေတြမရိွသလို ဆက္စပ္ဥပေဒေတြကိုလည္း နားမလည္တာ ေတြ႕ရတယ္။ ဒီေတာ့ လုပ္ငန္းေတြ ရပ္ဆုိင္းခိုင္းရမယ့္ အေနအထားေတြ ေတြ႔လာရတယ္။ သူတို႔လုပ္ငန္းေတြ ရပ္ဆုိင္းခုိင္းတာထက္ ေခၚယူေတြ႕ဆံုၿပီးေတာ့ လုပ္ငန္းမွတ္ပံုတင္တာ၊ အရည္အေသြးေထာက္ခံခ်က္ေတြ ယူဖို႔လိုတာရွင္းျပမယ္။ လုပ္ခုိင္းမယ္။ သူတို႔အတြက္လည္း အဆင္ေျပမယ္။ ႏုိင္ငံေတာ္အတြက္လည္း အခြန္အခရလာမယ္။ အရည္အေသြးရိွတဲ့ ကုန္စည္ေတြလည္း ထုတ္လုပ္လာႏုိင္မယ္ဆိုၿပီး အခုလို လုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆံုပြဲေတြကို စီစဥ္ျဖစ္တာပါ”ဟု ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေတြ႔ဆံုေဆြးေႏြးပြဲတြင္ စားသံုးသူေရးရာဦးစီးဌာန၊ ျပည္နယ္စည္ပင္သာယာေရးဌာန၊ ျပည္နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္း ဦးစီးဌာန၊ ျပည္နယ္စက္မႈႀကီးၾကပ္ႏွင့္ စစ္ေဆးေရးဦးစီးဌာန၊ ျပည္နယ္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနတို႔က သက္ဆိုင္သည့္ ဥပေဒမ်ားအေၾကာင္းကို လုပ္ငန္းရွင္မ်ားအား ေဆြးေႏြးရွင္းလင္းျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း စားသံုးသူေရးရာဦးစီးဌာန၊  ျပည္နယ္စက္မႈႀကီးၾကပ္ႏွင့္ စစ္ေဆးေရးဦးစီးဌာန၊ စည္ပင္သာယာေရးဦးစီးဌာနႏွင့္ အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနတို႔၏ ကြင္းဆင္းေလ့လာခ်က္မ်ားအရ ေဒသတြင္း ကုန္ထုတ္လုပ္ငန္းမ်ား အရည္အေသြးရိွထုတ္ကုန္မ်ားအား ဥပေဒႏွင့္အညီ ထုတ္လုပ္ႏုိင္ေရးအတြက္ လုပ္ငန္းရွင္မ်ားအား ေဆြးေႏြးရွင္းလင္းျခင္းအား ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသတြင္ ပထမဆံုးအႀကိမ္အျဖစ္ ေအာင္ပန္းၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္ ဇြန္လအတြင္းက လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

“ ေအာင္ပန္းမွာက စားေသာက္ကုန္ထုတ္ အိမ္တြင္းမႈလုပ္ငန္းအမ်ားစုရိွေတာ့ အဲဒီမွာ ပထမဆံုး က်င္းပတယ္။ ဒီလိုေဆြးေႏြးၿပီးတဲ့အခါမွာ လုပ္ငန္းေတြရဲ႕ ၈၀ ရာခုိင္ႏႈန္းေလာက္ လမ္းမွန္ေပၚေရာက္လာတယ္လို႔ ကၽြန္ေတာ္တို႔ သံုးသပ္ပါတယ္” ဟု ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

 ရွမ္းျပည္နယ္အတြင္း စားသံုးသူအခြင့္အေရးထိခိုက္ေစသည့္ စားေသာက္ကုန္မ်ား ေစ်းကြက္တြင္ မရိွေစေရးအတြက္ စားေသာက္ကုန္ တင္သြင္း၊ ေရာင္းခ်၊ ထုတ္လုပ္သူမ်ားအား ရက္(၉၀)စီမံခ်က္ျဖင့္ လိုအပ္သည့္ အေထာက္အထားမ်ား ရရိွေစရန္ ကူညီေဆာင္ရြက္ေပးျခင္း၊ ပညာေပးျခင္းတို႔  လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရႏွင့္ စားသံုးသူေရးရာဦးစီးဌာနတို႔က ျပည္နယ္အတြင္း ဥပေဒျပဌာန္းခ်က္မ်ားႏွင့္ညီညြတ္မႈမရွိေသာ စားေသာက္ကုန္မ်ား  ထုတ္လုပ္၊ တင္သြင္း၊ ေရာင္းခ်မႈမ်ားအား ရွင္းလင္းေရးအတြက္ ၾသဂုတ္လမွစ၍ ရက္(၉၀)စီမံခ်က္ျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့နယ်အတွင်းမှ စားသောက်ကုန်ထုတ်လုပ်ငန်းရှင်များအား ထုတ်ကုန်ဆိုင်ရာဌာနများက ဆက်စပ်ဥပဒေများရှင်းလင်းဆွေးနွေး
***********
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ရပ်ကွက် (၁၉)ခုရှိ အသေးစား၊ အလတ်စားနှင့် အိမ်တွင်းမှုလုပ်ငန်းများမှ လုပ်ငန်းရှင် (၆၄)ဦးအား စားသုံးသူအခွင့်အရေးနှင့်အညီ ထုတ်ကုန်များထုုတ်လုပ်နိုင်ရေးအတွက် လိုက်နာရမည့်ဥပဒေများကို စားသုံးသူရေးရာဦးစီးဌာနက တောင်ကြီးမြို့၌ စက်တင်ဘာလ (၂၂)ရက်နေ့တွင် ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသတွင်း အသေးစားအလတ်စားလုပ်ငန်းတွေက အရည်အသွေးရှိတဲ့ ထုတ်ကုန်တွေ ထုတ်ဖို့လိုတယ်။ ဒါတွေကို ရှမ်းပြည်နယ်အစိုးရကို တင်ပြတယ်။ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကလည်း အတည်ပြုတယ်။ ဒီတော့ ဒေသတွင်းအခြေအနေတွေကို ကွင်းဆင်းလေ့လာတဲ့အခါ လုပ်ငန်းအတော်များများက မှတ်ပုံတင်မရှိဘူး။ ထုတ်ကုန်တွေမှာလည်း အရည်အသွေး ထောက်ခံချက်တွေမရှိသလို ဆက်စပ်ဥပဒေတွေကိုလည်း နားမလည်တာ တွေ့ရတယ်။ ဒီတော့ လုပ်ငန်းတွေ ရပ်ဆိုင်းခိုင်းရမယ့် အနေအထားတွေ တွေ့လာရတယ်။ သူတို့လုပ်ငန်းတွေ ရပ်ဆိုင်းခိုင်းတာထက် ခေါ်ယူတွေ့ဆုံပြီးတော့ လုပ်ငန်းမှတ်ပုံတင်တာ၊ အရည်အသွေးထောက်ခံချက်တွေ ယူဖို့လိုတာရှင်းပြမယ်။ လုပ်ခိုင်းမယ်။ သူတို့အတွက်လည်း အဆင်ပြေမယ်။ နိုင်ငံတော်အတွက်လည်း အခွန်အခရလာမယ်။ အရည်အသွေးရှိတဲ့ ကုန်စည်တွေလည်း ထုတ်လုပ်လာနိုင်မယ်ဆိုပြီး အခုလို လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲတွေကို စီစဉ်ဖြစ်တာပါ”ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့က သက်ဆိုင်သည့် ဥပဒေများအကြောင်းကို လုပ်ငန်းရှင်များအား ဆွေးနွေးရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း စားသုံးသူရေးရာဦးစီးဌာန၊  ပြည်နယ်စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့၏ ကွင်းဆင်းလေ့လာချက်များအရ ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများ အရည်အသွေးရှိထုတ်ကုန်များအား ဥပဒေနှင့်အညီ ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား ဆွေးနွေးရှင်းလင်းခြင်းအား ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ပထမဆုံးအကြိမ်အဖြစ် အောင်ပန်းမြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ အောင်ပန်းမှာက စားသောက်ကုန်ထုတ် အိမ်တွင်းမှုလုပ်ငန်းအများစုရှိတော့ အဲဒီမှာ ပထမဆုံး ကျင်းပတယ်။ ဒီလိုဆွေးနွေးပြီးတဲ့အခါမှာ လုပ်ငန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက် လမ်းမှန်ပေါ်ရောက်လာတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်” ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

 ရှမ်းပြည်နယ်အတွင်း စားသုံးသူအခွင့်အရေးထိခိုက်စေသည့် စားသောက်ကုန်များ စျေးကွက်တွင် မရှိစေရေးအတွက် စားသောက်ကုန် တင်သွင်း၊ ရောင်းချ၊ ထုတ်လုပ်သူများအား ရက်(၉၀)စီမံချက်ဖြင့် လိုအပ်သည့် အထောက်အထားများ ရရှိစေရန် ကူညီဆောင်ရွက်ပေးခြင်း၊ ပညာပေးခြင်းတို့  လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က ပြည်နယ်အတွင်း ဥပဒေပြဌာန်းချက်များနှင့်ညီညွတ်မှုမရှိသော စားသောက်ကုန်များ  ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုများအား ရှင်းလင်းရေးအတွက် သြဂုတ်လမှစ၍ ရက်(၉၀)စီမံချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~