ေအးသာယာၿမိဳ႕ ပလပ္ေျမမွ က်ဴးေက်ာ္အိမ္မ်ားအား ေတာင္ႀကီးခရိုင္စီမံခန္႔ခြဲေရးေကာ္မတီအဖြဲ႕စံုျဖင့္ ရွင္းလင္း

ေအးသာယာၿမိဳ႕ ပလပ္ေျမမွ က်ဴးေက်ာ္အိမ္မ်ားအား ေတာင္ႀကီးခရိုင္စီမံခန္႔ခြဲေရးေကာ္မတီအဖြဲ႕စံုျဖင့္ ရွင္းလင္း
စက်တင်ဘာ 7, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးခရိုင္ ေအးသာယာၿမိဳ႕ အမွတ္(၃)ရပ္ကြက္၊ နယ္ေျမ (၁)၊ (၂)ႏွင့္ (၃)ရိွ ပလပ္ေျမဧက (၂၀)ခန္႔မွ ဖယ္ရွားရန္ သတိေပးေၾကညာခ်က္ထုတ္ျပန္ထားေသာ္လည္း ဖယ္ရွားရန္က်န္ရိွေနသည့္ အိမ္ေျခ (၁၀)လံုးအား စက္တင္ဘာလ (၇)ရက္ေန႔တြင္ ေတာင္ႀကီးခရိုင္စီမံခန္႔ခြဲေရးေကာ္မတီက အဖြဲ႕စံုျဖင့္ဖယ္ရွားလိုက္ေၾကာင္း သိရသည္။

“သူတို႕အားလံုး  ၾသဂုတ္လ (၁၁) ရက္ေန႔ကတည္းက အိမ္အလံုး (၆၀) ေလာက္ရွိတယ္။ ဒီၾကားထဲမွာ သူတို႔ကိုယ္တိုင္ အိမ္ဖ်က္သြားတာေတြရွိတယ္။ ထပ္က်န္ေနေသးေတာ့ စက္တင္ဘာလ (၁) ရက္ကေန (၅) ရက္ေန႔အထိ အကုန္လံုး ရွင္းလင္းဖယ္ရွားေပးဖို႔ အသိေပးေၾကညာခ်က္ ထပ္ထုတ္ထားၿပီးၿပီ။ ရက္ျပည့္ေတာ့ အိမ္ေျခ (၁၀) လံုးက က်န္ေနေသးတယ္။ ဒီေန႔ ကၽြန္ေတာ္္တို႕သြားဖ်က္တဲ႕ခ်ိန္မွာ (၁၀) လံုးပဲက်န္တယ္။ အဲဒီ (၁၀) လံုးကလည္း အမိုးေတြ၊ အကာေတြ ဘာမွမက်န္ေတာ့ဘူး။ ၀ါးတိုင္ေတြပဲက်န္တယ္။ အကုန္လံုး ဖယ္ရွားနိုင္ဖို႔ကို ကၽြန္ေတာ္တုိ႔ သက္ဆိုင္ရာဌာနေတြနဲ႕ေပါင္းၿပီး အကုန္သြားဖ်က္တယ္။ အရင္ကတည္းက ဒီေျမေတြက အစိုးရပိုင္ေျမ က်ဴးေက်ာ္ေနတဲ့သူေတြပါ။ သူတို႔ထပ္ၿပီး က်ဴးေက်ာ္လာမယ္ဆိုရင္ေတာ့ အစိုးရအပိုင္းက ျပန္လည္ထိန္းခ်ဳပ္သြားမွာပါ” ဟု ေတာင္ႀကီးခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္အံ႔ေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အစိုးရစီမံခန္႔ခြဲပိုင္ခြင့္ရွိေသာ အဆိုပါ ပလပ္ေျမတြင္ ယခင္က အိမ္ေျခ (၈၃) လံုးႏွင့္ အကြက္ရိုက္ထားေသာ ေျမကြက္(၃၀)ခန္႔ ရိွေနသျဖင့္ ဖယ္ရွားရန္ ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၂) ရက္ေန႔တြင္ သတိေပးေၾကညာခ်က္ ထုတ္ျပန္ထားေသာ္လည္း ၾသဂုတ္လ (၁၁) ရက္ေန႔အထိ အိမ္အလံုး (၆၀) မွာ ဖယ္ရွားျခင္းမရွိေသာေၾကာင့္ စက္တင္ဘာလ (၁) ရက္ေန႔မွ (၅) ရက္ေန႔အတြင္း အားလံုးဖယ္ရွားရန္ ဒုတိယအႀကိမ္ သတိေပးေၾကညာခ်က္ ထပ္မံထုတ္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနရာအား က်ဴးေက်ာ္ေနထုိင္သူမ်ားရိွသျဖင့္ ၁၈၈၉ ခုႏွစ္ အထက္ျမန္မာျပည္ ေျမခြန္ေတာ္ ဥပေဒစည္းမ်ည္း၊ နည္းဥပေဒ (၁၀) အရ အခြန္ေတာ္အရာရွိအေနျဖင့္ အစိုးရစီမံခန္႕ခြဲခြင့္ရွိသည့္ ေျမျဖစ္သည့္အတြက္ တရားရံုးအမိန္႔အတိုင္း လက္ေရာက္ျပန္ လည္ရယူျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို
ဓါတ္ပံု #ေတာင္ႀကီးသား

~~~~~~~~⊰❂ unicode ~~~~~~~~
အေးသာယာမြို့ ပလပ်မြေမှ ကျူးကျော်အိမ်များအား တောင်ကြီးခရိုင်စီမံခန့်ခွဲရေးကော်မတီအဖွဲ့စုံဖြင့် ရှင်းလင်း
*******
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် အေးသာယာမြို့ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ (၁)၊ (၂)နှင့် (၃)ရှိ ပလပ်မြေဧက (၂၀)ခန့်မှ ဖယ်ရှားရန် သတိပေးကြေညာချက်ထုတ်ပြန်ထားသော်လည်း ဖယ်ရှားရန်ကျန်ရှိနေသည့် အိမ်ခြေ (၁၀)လုံးအား စက်တင်ဘာလ (၇)ရက်နေ့တွင် တောင်ကြီးခရိုင်စီမံခန့်ခွဲရေးကော်မတီက အဖွဲ့စုံဖြင့်ဖယ်ရှားလိုက်ကြောင်း သိရသည်။

“သူတို့အားလုံး  သြဂုတ်လ (၁၁) ရက်နေ့ကတည်းက အိမ်အလုံး (၆၀) လောက်ရှိတယ်။ ဒီကြားထဲမှာ သူတို့ကိုယ်တိုင် အိမ်ဖျက်သွားတာတွေရှိတယ်။ ထပ်ကျန်နေသေးတော့ စက်တင်ဘာလ (၁) ရက်ကနေ (၅) ရက်နေ့အထိ အကုန်လုံး ရှင်းလင်းဖယ်ရှားပေးဖို့ အသိပေးကြေညာချက် ထပ်ထုတ်ထားပြီးပြီ။ ရက်ပြည့်တော့ အိမ်ခြေ (၁၀) လုံးက ကျန်နေသေးတယ်။ ဒီနေ့ ကျွန်တော််တို့သွားဖျက်တဲ့ချိန်မှာ (၁၀) လုံးပဲကျန်တယ်။ အဲဒီ (၁၀) လုံးကလည်း အမိုးတွေ၊ အကာတွေ ဘာမှမကျန်တော့ဘူး။ ၀ါးတိုင်တွေပဲကျန်တယ်။ အကုန်လုံး ဖယ်ရှားနိုင်ဖို့ကို ကျွန်တော်တို့ သက်ဆိုင်ရာဌာနတွေနဲ့ပေါင်းပြီး အကုန်သွားဖျက်တယ်။ အရင်ကတည်းက ဒီမြေတွေက အစိုးရပိုင်မြေ ကျူးကျော်နေတဲ့သူတွေပါ။ သူတို့ထပ်ပြီး ကျူးကျော်လာမယ်ဆိုရင်တော့ အစိုးရအပိုင်းက ပြန်လည်ထိန်းချုပ်သွားမှာပါ” ဟု တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော အဆိုပါ ပလပ်မြေတွင် ယခင်က အိမ်ခြေ (၈၃) လုံးနှင့် အကွက်ရိုက်ထားသော မြေကွက်(၃၀)ခန့် ရှိနေသဖြင့် ဖယ်ရှားရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် သတိပေးကြေညာချက် ထုတ်ပြန်ထားသော်လည်း သြဂုတ်လ (၁၁) ရက်နေ့အထိ အိမ်အလုံး (၆၀) မှာ ဖယ်ရှားခြင်းမရှိသောကြောင့် စက်တင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း အားလုံးဖယ်ရှားရန် ဒုတိယအကြိမ် သတိပေးကြေညာချက် ထပ်မံထုတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာအား ကျူးကျော်နေထိုင်သူများရှိသဖြင့် ၁၈၈၉ ခုနှစ် အထက်မြန်မာပြည် မြေခွန်တော် ဥပဒေစည်းမျည်း၊ နည်းဥပဒေ (၁၀) အရ အခွန်တော်အရာရှိအနေဖြင့် အစိုးရစီမံခန့်ခွဲခွင့်ရှိသည့် မြေဖြစ်သည့်အတွက် တရားရုံးအမိန့်အတိုင်း လက်ရောက်ပြန် လည်ရယူခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို
ဓါတ်ပုံ #တောင်ကြီးသား

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~