တောင်ကြီးမြို့မဈေးတွင် မီးအသုံးပြုသည့်ဆိုင်တိုင်း မီးသတ်ဆေးဗူးထားရှိရန် စည်ပင်ကော်မတီသတိပေးထား
တောင်ကြီးမြို့မဈေးတွင် မီးအသုံးပြုသည့်ဆိုင်တိုင်း မီးသတ်ဆေးဗူးထားရှိရန် စည်ပင်ကော်မတီသတိပေးထား
စကျတငျဘာ 26, 2017
By 🌸
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မဈေးတွင် မီးလန့်မှုဖြစ်ပွားပြီးနောက် ပျံကျဈေးအတွင်း မီးအသုံးပြုသည့်ဆိုင်တိုင်း မီးသတ်ဆေးဗူးထားရှိရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက စက်တင်ဘာလ (၂၅)ရက်နေ့တွင် သတိပေးထားကြောင်း သိရသည်။
တောင်ကြီးမြို့မဈေးမြောက်ဘက်ရှိ ပျံကျဆိုင်တစ်ဆိုင်မှ မီးကြွင်းမီးကျန်ကြောင့် စက်တင်ဘာလ (၂၄)ရက်နေ့ ညနေက မီးလန့်မှုဖြစ်ပွားပြီးနောက် ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။
တောင်ကြီးမြို့မဈေးရှိ ဈေးရုံပေါင်း (၁၉)ရုံတွင် ဆိုင်ခန်းရှင်ပေါင်း (၁၈၁၃)ဦးနှင့် ပျံကျဈေးသည်ဦးရေ (၁၀၀၀)ကျော် ရောင်းချနေကြခြင်းဖြစ်သည်။
ဈေးစည်းကမ်းဖောက်ဖျက်ပါက ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ (၁၀/၂၀၁၃) ၊ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ရ၅၊ ပုဒ်မခွဲ(ဂ)အရလည်းကောင်း၊ ဈေးစည်းကမ်းများ (by_law) အရလည်းကောင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း #နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့မစျေးတွင် မီးအသုံးပြုသည့်ဆိုင်တိုင်း မီးသတ်ဆေးဗူးထားရှိရန် စည်ပင်ကော်မတီသတိပေးထား
**************
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မစျေးတွင် မီးလန့်မှုဖြစ်ပွားပြီးနောက် ပျံကျစျေးအတွင်း မီးအသုံးပြုသည့်ဆိုင်တိုင်း မီးသတ်ဆေးဗူးထားရှိရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက စက်တင်ဘာလ (၂၅)ရက်နေ့တွင် သတိပေးထားကြောင်း သိရသည်။
“မီးသုံးစွဲတဲ့ စျေးသည်တွေကို စည်းကမ်းတကျနဲ့ ကိုင်တွယ်ဖို့နဲ့ မီးသတ်ဆေးဘူးတွေ ထားရှိဖို့ပါ။ မနေ့ကလည်း စျေးအနောက်ဘက်က ပျံကျစျေးသည်တစ်ဆိုင်မှာ မီးလန့်တာတစ်ခုဖြစ်တော့ တခြားစျေးသည်တွေလည်း ဒီလိုထပ်မဖြစ်ရအောင်ပါ။ မီးသုံးစွဲတဲ့စျေးသည်တွေကို မီးကြွင်းမီးကျန် မကျန်ရှိအောင် စျေးပြန်ရင် ပစ္စည်းတွေ သေချာစိစစ်ပြီးမှ သိမ်းဆည်းဖို့ပြောထားပါတယ်။ စျေးထဲက မီးသုံးစွဲတဲ့စျေးသည်တွေကိုလည်း စျေးအတွင်းမှာ ချက်ပြုတ်ကြော်လှော်ဖို့ ခွင့်မပြုတော့ပါဘူး။ မီးနွေးရုံလောက်ပဲထားခိုင်းတော့ပါတယ်။ အရင်ဆိုတစ်ချို့ ကြော်လှော်တာတွေရှိတယ်။ မီးသုံးစွဲတဲ့ စျေးသည်တိုင်း မီးသတ်ဆေးဗူး တစ်ဆိုင်တစ်ဗူးထားရမယ်။ မီးအနွေးထားရင်လည်း အကာတွေနဲ့ သေသေချာချာထားထားရမယ်။ စျေးရောင်းရင်လည်း ကိုယ့် ဆိုင်အတွင်းမှာပဲ ရောင်းချရမယ်။ အပြင်ထွက်ပြီး မီးမွှေးကြော်လှော်တာတွေ ခွင့်မပြုတော့ပါဘူး။ ပျံကျတွေဆိုရင်လည်း စျေးသိမ်းရင်း အကုန်ပစ္စည်းတွေသိမ်းပြန်ရပါမယ်” ဟု တောင်ကြီးမြို့မစျေးတာဝန်ခံ ဦးခင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ကြီးမြို့မစျေးမြောက်ဘက်ရှိ ပျံကျဆိုင်တစ်ဆိုင်မှ မီးကြွင်းမီးကျန်ကြောင့် စက်တင်ဘာလ (၂၄)ရက်နေ့ ညနေက မီးလန့်မှုဖြစ်ပွားပြီးနောက် ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။
တောင်ကြီးမြို့မစျေးရှိ စျေးရုံပေါင်း (၁၉)ရုံတွင် ဆိုင်ခန်းရှင်ပေါင်း (၁၈၁၃)ဦးနှင့် ပျံကျစျေးသည်ဦးရေ (၁၀၀၀)ကျော် ရောင်းချနေကြခြင်းဖြစ်သည်။
စျေးစည်းကမ်းဖောက်ဖျက်ပါက ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ (၁၀/၂၀၁၃) ၊ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ရ၅၊ ပုဒ်မခွဲ(ဂ)အရလည်းကောင်း၊ စျေးစည်းကမ်းများ (by_law) အရလည်းကောင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း #နိုနို
ဓါတ်ပုံ #စည်ပင်သာယာရေးကော်မတီ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~