ေတာင္တြင္းႀကီး ယာဥ္ထိန္းရံုးတြင္ အဓိကရုဏ္းႏွိမ္ႏွင္းသည့္ ေရာ္ဘာက်ည္ေၾကာင့္ တစ္ဦးဒဏ္ရာရ

ေတာင္တြင္းႀကီး ယာဥ္ထိန္းရံုးတြင္ အဓိကရုဏ္းႏွိမ္ႏွင္းသည့္ ေရာ္ဘာက်ည္ေၾကာင့္ တစ္ဦးဒဏ္ရာရ
စက်တင်ဘာ 13, 2017
By 🌸
မေကြးတိုင္းေဒသႀကီး ၊ ေတာင္တြင္းႀကီးၿမိဳ႕ ၊ ၿမိဳ႕လယ္လမ္းဆံုရိွ ယာဥ္စည္းကမ္း ထိန္းသိမ္းေရး ရဲတပ္ဖြဲ႔ ရံုးခန္းအတြင္း စက္တင္ဘာလ (၁၃)ရက္ေန႔က ေရာ္ဘာက်ည္ဆံသံုးေသနတ္မွ မေတာ္တဆ က်ည္ထြက္၍ လူတစ္ဦးကိုထိမွန္ၿပီး ဒဏ္ရာရရိွသြားသျဖင္႔ မေကြးတိုင္း ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူေနရေၾကာင္း ေတာင္တြင္းႀကီးၿမိဳ႕မ ရဲစခန္းမွ သိရသည္။

လံုျခံဳေရး တာ၀န္ ထမ္းေဆာင္ေနေသာ ရဲတပ္ဖြဲ႔၀င္ ရဲတပ္ၾကပ္ႀကီးရဲ၀င္းသည္ အဓိက႐ုဏ္းမ်ားတြင္ လူစုခြဲထိန္းသိမ္းသည့္ ေရာ္ဘာက်ည္ဆံသံုးေသနတ္တစ္လက္အား  ရံုးသံုးဗီရိုအတြင္း သိမ္းဆည္းထားရာမွ စက္တင္ဘာ (၁၃) ရက္ေန႔ နံနက္ (၁၀) နာရီ (၁၅) မိနစ္အခ်ိန္ခန္႔တြင္ ထုတ္ယူစဥ္  ေမာင္းခလုတ္အားဆဲြမိ၍ ရာဘာက်ည္တစ္ေတာင့္ေပါက္ထြက္ခဲ့ၿပီး အနီးနား႐ိွ ရံုးခန္းအတြင္းထိုင္ေနသူ ကိုစိုးမိုးေအာင္အား ထိမွန္ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ထိမွန္မႈေၾကာင္႔ ကိုစိုးမိုးေအာင္တြင္ ယာဘက္ပါးေစာင္ ေပါက္ၿပဲဒဏ္ရာ ၊ ၀ဲဘက္ပါး ပြန္းပဲ့ ဒဏ္ရာ ၊ လည္ပင္းယာဘက္ ေပါက္ၿပဲဒဏ္ရာ ၊ ၀ဲဘက္ပုခံုးေပၚ ပြန္းပဲ့ဒဏ္ရာ ရ႐ွိခဲ့ၿပီး ေတာင္တြင္းႀကီး ျပည္ သူ႔ေဆးရံုတြင္ လိုအပ္သည့္ေဆးကုသမႈမ်ားျပဳလုပ္ၿပီးေနာက္ ေန႔လယ္(၁၁)နာရီ(၄၅)မိနစ္အခ်ိန္တြင္ မေကြးတိုင္း ျပည္သူ႔ေဆး ရံုသို႔လဲႊေျပာင္းပို႔ေဆာင္ထားခဲ့ေၾကာင္း သိရသည္ ။

သတင္း #ဖီးနစ္
ဓါတ္ပံု #ထက္သူရ(ေတာင္တြင္း)

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်တွင်းကြီး ယာဉ်ထိန်းရုံးတွင် အဓိကရုဏ်းနှိမ်နှင်းသည့် ရော်ဘာကျည်ကြောင့် တစ်ဦးဒဏ်ရာရ
********
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ ၊ မြို့လယ်လမ်းဆုံရှိ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ ရုံးခန်းအတွင်း စက်တင်ဘာလ (၁၃)ရက်နေ့က ရော်ဘာကျည်ဆံသုံးသေနတ်မှ မတော်တဆ ကျည်ထွက်၍ လူတစ်ဦးကိုထိမှန်ပြီး ဒဏ်ရာရရှိသွားသဖြင့် မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရကြောင်း တောင်တွင်းကြီးမြို့မ ရဲစခန်းမှ သိရသည်။

လုံခြုံရေး တာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီးရဲဝင်းသည် အဓိကရုဏ်းများတွင် လူစုခွဲထိန်းသိမ်းသည့် ရော်ဘာကျည်ဆံသုံးသေနတ်တစ်လက်အား  ရုံးသုံးဗီရိုအတွင်း သိမ်းဆည်းထားရာမှ စက်တင်ဘာ (၁၃) ရက်နေ့ နံနက် (၁၀) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ထုတ်ယူစဉ်  မောင်းခလုတ်အားဆွဲမိ၍ ရာဘာကျည်တစ်တောင့်ပေါက်ထွက်ခဲ့ပြီး အနီးနားရှိ ရုံးခန်းအတွင်းထိုင်နေသူ ကိုစိုးမိုးအောင်အား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ထိမှန်မှုကြောင့် ကိုစိုးမိုးအောင်တွင် ယာဘက်ပါးစောင် ပေါက်ပြဲဒဏ်ရာ ၊ ၀ဲဘက်ပါး ပွန်းပဲ့ ဒဏ်ရာ ၊ လည်ပင်းယာဘက် ပေါက်ပြဲဒဏ်ရာ ၊ ၀ဲဘက်ပုခုံးပေါ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပြီး တောင်တွင်းကြီး ပြည် သူ့ဆေးရုံတွင် လိုအပ်သည့်ဆေးကုသမှုများပြုလုပ်ပြီးနောက် နေ့လယ်(၁၁)နာရီ(၄၅)မိနစ်အချိန်တွင် မကွေးတိုင်း ပြည်သူ့ဆေး ရုံသို့လွှဲပြောင်းပို့ဆောင်ထားခဲ့ကြောင်း သိရသည် ။

သတင်း #ဖီးနစ်
ဓါတ်ပုံ #ထက်သူရ(တောင်တွင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~