ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးအတြက္ တာခ်ီလိတ္မွ (၁၁)ရက္အတြင္း လွဴဒါန္းေငြ က်ပ္သိန္း (၃၇၀)ေက်ာ္ရိွၿပီး ေကာ္မတီသို႔ အလွဴေငြမ်ား ဆက္လက္လွဴဒါန္းႏုိင္

ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးအတြက္ တာခ်ီလိတ္မွ (၁၁)ရက္အတြင္း လွဴဒါန္းေငြ က်ပ္သိန္း (၃၇၀)ေက်ာ္ရိွၿပီး ေကာ္မတီသို႔ အလွဴေငြမ်ား ဆက္လက္လွဴဒါန္းႏုိင္
စက်တင်ဘာ 7, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕) ၏ အလွဴခံဌာနဖြင့္လွစ္သည့္ (၁၁)ရက္ေျမာက္ေန႔ျဖစ္ေသာ စက္တင္ဘာလ (၇)ရက္ေန႔အထိရရိွသည့္ အလွဴေငြမွာ မတည္အလွဴေငြအပါအဝင္ စုစုေပါင္းက်ပ္ (၃၇၂)သိန္းေက်ာ္ႏွင့္ ထုိင္းဘတ္ေငြ (၁၉၀၀၀)ေက်ာ္ ျဖစ္ေၾကာင္း ေန႔စဥ္ထုတ္ျပန္သည့္စာရင္းမ်ားအရ သိရသည္။

ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕) ၏ အလွဴခံဌာနအား ၾသဂုတ္လ(၂၈)ရက္ ေန႔မွစ၍ စက္တင္ဘာလ (၇)ရက္ေန႔အထိ ဗယ္လင္တိုင္းကေဖးေရွ႕တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး အလွဴခံဌာန ဆက္လက္ဖြင့္လွစ္ျခင္းမရိွေတာ့ေသာ္လည္း ေကာ္မတီသို႔ အလွဴေငြမ်ား ဆက္လက္ လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

“အလွဴခံက ရက္သိပ္ၾကာလာရင္ လုပ္အားေပးေတြလည္း ဝန္ထုပ္ဝန္ပိုးျဖစ္လာတယ္။ ေနာက္ ဗယ္လင္တိုင္းဆို ေကၽြးေမြးဧည့္ခံရတဲ့ စားရိတ္ေတြလည္း အကုန္အက်မ်ားလာတယ္။ ဗယ္လင္တုိင္းမွာ အလွဴခံဌာန ဆက္မဖြင့္ဘူးဆိုေပမဲ့ ေကာ္မတီရဲ႕ဖုန္းနံပါတ္ေတြကို ဆက္သြယ္ၿပီး လွဴဒါန္းႏုိင္ပါတယ္။ လက္ရိွေကာက္ခံရရိွထားတဲ့ အလွဴေငြစာရင္း စုစုေပါင္းကို မနက္ျဖန္မွာ ထုတ္ျပန္ေပးပါမယ္။ ၿပီးရင္ ေကာ္မတီအစည္းအေဝးလုပ္ၿပီးေတာ့ ဒီအလွဴေငြေတြကို ရခုိင္ျပည္နယ္အစိုးရဆီကို ေငြသားပို႔မလား၊ အလွဴပစၥည္းေတြ ပို႔မလားဆိုတာ ဆံုးျဖတ္ၿပီး ထုတ္ျပန္ေပးမွာပါ။ ဆက္ၿပီး လွဴဒါန္းတာေတြကိုလည္း အခုလိုပဲ မွတ္တမ္းတင္ဓါတ္ပံုေတြနဲ႔ စာရင္းေတြ ထုတ္ျပန္ေပးသြားမွာပါ ”ဟု ေကာ္မတီဥကၠဌ ဦးေအာင္ၿဖိဳးရွိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေကာ္မတီအေနျဖင့္ ရခုိင္ျပည္နယ္တြင္း ပဋိပကၡျဖစ္ပြားေနသည့္ေဒသအား ကူညီေထာက္ပံ့ေရးႏွင့္ ရန္ပံုေငြရွာေဖြေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ရာ လွဴဒါန္းလိုသူမ်ားအေနျဖင့္ ေကာ္မတီနာယကမ်ားျဖစ္သည့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္၏ ဖုန္း ၀၉ ၄၅၂၈၀၈၀၄၄၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမႉးသန္းႏု၏ ဖုန္း ၀၉ ၂၀၁၆၉၇၄၊ ေကာ္မတီဥကၠဌ ဦးေအာင္ၿဖိဳးရွိန္၏ ဖုန္း ၀၉ ၄၃၁၃၆၄၃၁၊ ေကာ္မတီအတြင္းေရးမွဴး ဦးေစာထြန္းဦး၏ ဖုန္း ၀၉ ၅၂၄၂၀၄၉ တို႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။
ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕)က ေကာက္ခံရရိွထားသည့္ အလႈေငြမ်ားအနက္ က်ပ္သိန္း (၁၀၀)ႏွင့္ က်ပ္ (၁၀၂)သိန္းေက်ာ္တန္ဖိုးရိွသည့္ ဆန္ႏွင့္ဆီတို႔ကိုလည္း ရခုိင္ျပည္နယ္ အစိုးရအဖြဲ႕သို႔ ခ်ိတ္ဆက္လွဴဒါန္းထားၿပီးျဖစ္ေၾကာင္း သိရသည္။

အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္အတြင္းမွ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕)အား ၾသဂုတ္လ (၂၇)ရက္ေန႔က ဖြဲ႕စည္းလိုက္ျခင္းျဖစ္သည္။
အဆိိုပါေကာ္မတီ၏အလွဴခံဌာနအား တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္တြင္ ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး အလွဴခံသည့္ကာလအတြင္း ေကာ္မတီဝင္မ်ားႏွင့္ လာေရာက္လွဴဒါန္းသူမ်ားကို အဆိုပါဆိုင္က အခမဲ့ဧည့္ခံေကြ်းေမြးမႈမ်ားျဖင့္ ဒါနျပဳထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးအတွက် တာချီလိတ်မှ (၁၁)ရက်အတွင်း လှူဒါန်းငွေ ကျပ်သိန်း (၃၇၀)ကျော်ရှိပြီး ကော်မတီသို့ အလှူငွေများ ဆက်လက်လှူဒါန်းနိုင်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့) ၏ အလှူခံဌာနဖွင့်လှစ်သည့် (၁၁)ရက်မြောက်နေ့ဖြစ်သော စက်တင်ဘာလ (၇)ရက်နေ့အထိရရှိသည့် အလှူငွေမှာ မတည်အလှူငွေအပါအဝင် စုစုပေါင်းကျပ် (၃၇၂)သိန်းကျော်နှင့် ထိုင်းဘတ်ငွေ (၁၉၀၀၀)ကျော် ဖြစ်ကြောင်း နေ့စဉ်ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့) ၏ အလှူခံဌာနအား သြဂုတ်လ(၂၈)ရက် နေ့မှစ၍ စက်တင်ဘာလ (၇)ရက်နေ့အထိ ဗယ်လင်တိုင်းကဖေးရှေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အလှူခံဌာန ဆက်လက်ဖွင့်လှစ်ခြင်းမရှိတော့သော်လည်း ကော်မတီသို့ အလှူငွေများ ဆက်လက် လှူဒါန်းနိုင်ကြောင်း သိရသည်။

“အလှူခံက ရက်သိပ်ကြာလာရင် လုပ်အားပေးတွေလည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်။ နောက် ဗယ်လင်တိုင်းဆို ကျွေးမွေးဧည့်ခံရတဲ့ စားရိတ်တွေလည်း အကုန်အကျများလာတယ်။ ဗယ်လင်တိုင်းမှာ အလှူခံဌာန ဆက်မဖွင့်ဘူးဆိုပေမဲ့ ကော်မတီရဲ့ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။ လက်ရှိကောက်ခံရရှိထားတဲ့ အလှူငွေစာရင်း စုစုပေါင်းကို မနက်ဖြန်မှာ ထုတ်ပြန်ပေးပါမယ်။ ပြီးရင် ကော်မတီအစည်းအဝေးလုပ်ပြီးတော့ ဒီအလှူငွေတွေကို ရခိုင်ပြည်နယ်အစိုးရဆီကို ငွေသားပို့မလား၊ အလှူပစ္စည်းတွေ ပို့မလားဆိုတာ ဆုံးဖြတ်ပြီး ထုတ်ပြန်ပေးမှာပါ။ ဆက်ပြီး လှူဒါန်းတာတွေကိုလည်း အခုလိုပဲ မှတ်တမ်းတင်ဓါတ်ပုံတွေနဲ့ စာရင်းတွေ ထုတ်ပြန်ပေးသွားမှာပါ ”ဟု ကော်မတီဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားနေသည့်ဒေသအား ကူညီထောက်ပံ့ရေးနှင့် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ လှူဒါန်းလိုသူများအနေဖြင့် ကော်မတီနာယကများဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၏ ဖုန်း ၀၉ ၄၅၂၈၀၈၀၄၄၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၏ ဖုန်း ၀၉ ၂၀၁၆၉၇၄၊ ကော်မတီဥက္ကဌ ဦးအောင်ဖြိုးရှိန်၏ ဖုန်း ၀၉ ၄၃၁၃၆၄၃၁၊ ကော်မတီအတွင်းရေးမှူး ဦးစောထွန်းဦး၏ ဖုန်း ၀၉ ၅၂၄၂၀၄၉ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့)က ကောက်ခံရရှိထားသည့် အလှုငွေများအနက် ကျပ်သိန်း (၁၀၀)နှင့် ကျပ် (၁၀၂)သိန်းကျော်တန်ဖိုးရှိသည့် ဆန်နှင့်ဆီတို့ကိုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ချိတ်ဆက်လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့)အား သြဂုတ်လ (၂၇)ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဆိိုပါကော်မတီ၏အလှူခံဌာနအား တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အလှူခံသည့်ကာလအတွင်း ကော်မတီဝင်များနှင့် လာရောက်လှူဒါန်းသူများကို အဆိုပါဆိုင်က အခမဲ့ဧည့်ခံကျွေးမွေးမှုများဖြင့် ဒါနပြုထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~