တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ သီတင္းကၽြတ္မီးထြန္းပြဲေတာ္ ရွစ္ရက္ၾကာက်င္းပရန္ သဘင္ပညာရွင္မ်ား အစည္းအရံုးစီစဥ္ေန

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ သီတင္းကၽြတ္မီးထြန္းပြဲေတာ္ ရွစ္ရက္ၾကာက်င္းပရန္ သဘင္ပညာရွင္မ်ား အစည္းအရံုးစီစဥ္ေန
စက်တင်ဘာ 13, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ေအာက္တိုဘာလ (၃)ရက္ေန႔မွစ၍ ေအာက္တိုဘာလ (၁၀)ရက္ေန႔အထိ ရွစ္ရက္ၾကာက်င္းပမည့္ သီတင္းကၽြတ္မီးထြန္းပြဲေတာ္တြင္ ဇာတ္သဘင္၊ ေပ်ာ္ရႊင္စရာ ဝကၤပါ ပဲြေတာ္ႏွင့္ ကြင္းလံုးျပည့္ မီးထြန္းပဲြေတာ္တို႔ျဖင့္ စည္ကားစြာက်င္းပႏုိင္ရန္ ျပင္ဆင္ထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံ သဘင္ပညာရွင္မ်ား အစည္းအရံုးထံမွ သိရသည္။

 “ကၽြန္ေတာ္တို႔ အစည္းအရံုးက လုပ္တယ္ဆိုေပမဲ့ တစ္ၿမိဳ႕လံုးက ပူးေပါင္းေဆာင္ရြက္ၾကတာပါ။ ကုမၸဏီေတြ၊ လုပ္ငန္းရွင္ေတြ မီးပံုးလာခ်ိတ္လို႔ရတယ္လို႔ ဖိတ္ေခၚထားပါတယ္။ ကၽြန္ေတာ္တို႔က တစ္ကြင္းလံုးမွာ မီးပံုးေလးေတြ ခ်ိတ္ဆြဲခ်င္ပါတယ္။ ဒီလိုမီးပံုးေလးေတြ ခ်ိတ္ဆြဲဖို႔ သီးသန္႔ေကာက္ခံဖို႔လည္း မရိွပါဘူး။ စပြန္ဆာ သေဘာမ်ိဳးလည္း မဟုတ္ပါဘူး။ ကုမၸဏီေတြအေနနဲ႔ မီးပံုးေတြခ်ိတ္ခ်င္တယ္ဆိုရင္ လာခ်ိတ္လို႔ရပါတယ္။ လွ်ပ္စစ္မီးဖိုးကိုေတာ့ ကၽြန္ေတာ္တုိ႔က က်ခံမွာပါ”ဟု သီတင္းကၽြတ္ပြဲေတာ္ျဖစ္ေျမာက္ေရးေဆာင္ရြက္ေနသည့္ တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံ သဘင္ပညာရွင္မ်ား အစည္းအရံုး ဥကၠဌ ဦးခင္ေမာင္ျမင့္(ေရႊမဟာ)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သီတင္းကၽြတ္ပြဲေတာ္တြင္ မင္းသား ခ်စ္စြမ္းသာကျပမည့္ ေရႊလာဘ္ ေငြလာဘ္သဘင္လည္း (၈)ရက္တာ ပါဝင္မည္ျဖစ္ၿပီး ရံုဝင္ခႏႈန္းထားမ်ားအျဖစ္ ဘတ္(၃၀၀)၊ ဘတ္ (၂၀၀) ႏွင့္ ဘတ္ (၁၀၀) အသီးသီး သတ္မွတ္ထားေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္က ႏိုဝင္ဘာလကစတင္ဖြဲ႕စည္းခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕ ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားအစည္းအရံုး အေနျဖင့္ သီတင္းကၽြတ္မီးထြန္းပြဲေတာ္ကို ယခုႏွစ္တြင္ စတင္စီစဥ္ေနျခင္းျဖစ္ၿပီး ႏွစ္စဥ္က်င္းပသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် သီတင်းကျွတ်မီးထွန်းပွဲတော် ရှစ်ရက်ကြာကျင်းပရန် သဘင်ပညာရှင်များ အစည်းအရုံးစီစဉ်နေ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် အောက်တိုဘာလ (၃)ရက်နေ့မှစ၍ အောက်တိုဘာလ (၁၀)ရက်နေ့အထိ ရှစ်ရက်ကြာကျင်းပမည့် သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ဇာတ်သဘင်၊ ပျော်ရွှင်စရာ ဝင်္ကပါ ပွဲတော်နှင့် ကွင်းလုံးပြည့် မီးထွန်းပွဲတော်တို့ဖြင့် စည်ကားစွာကျင်းပနိုင်ရန် ပြင်ဆင်ထားကြောင်း တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးထံမှ သိရသည်။

 “ကျွန်တော်တို့ အစည်းအရုံးက လုပ်တယ်ဆိုပေမဲ့ တစ်မြို့လုံးက ပူးပေါင်းဆောင်ရွက်ကြတာပါ။ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ မီးပုံးလာချိတ်လို့ရတယ်လို့ ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်တို့က တစ်ကွင်းလုံးမှာ မီးပုံးလေးတွေ ချိတ်ဆွဲချင်ပါတယ်။ ဒီလိုမီးပုံးလေးတွေ ချိတ်ဆွဲဖို့ သီးသန့်ကောက်ခံဖို့လည်း မရှိပါဘူး။ စပွန်ဆာ သဘောမျိုးလည်း မဟုတ်ပါဘူး။ ကုမ္ပဏီတွေအနေနဲ့ မီးပုံးတွေချိတ်ချင်တယ်ဆိုရင် လာချိတ်လို့ရပါတယ်။ လျှပ်စစ်မီးဖိုးကိုတော့ ကျွန်တော်တို့က ကျခံမှာပါ”ဟု သီတင်းကျွတ်ပွဲတော်ဖြစ်မြောက်ရေးဆောင်ရွက်နေသည့် တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးခင်မောင်မြင့်(ရွှေမဟာ)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သီတင်းကျွတ်ပွဲတော်တွင် မင်းသား ချစ်စွမ်းသာကပြမည့် ရွှေလာဘ် ငွေလာဘ်သဘင်လည်း (၈)ရက်တာ ပါဝင်မည်ဖြစ်ပြီး ရုံဝင်ခနှုန်းထားများအဖြစ် ဘတ်(၃၀၀)၊ ဘတ် (၂၀၀) နှင့် ဘတ် (၁၀၀) အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က နိုဝင်ဘာလကစတင်ဖွဲ့စည်းခဲ့သည့် တာချီလိတ်မြို့ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး အနေဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယခုနှစ်တွင် စတင်စီစဉ်နေခြင်းဖြစ်ပြီး နှစ်စဉ်ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~