စကျတငျဘာ 11, 2017
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့တွင်းလုံခြုံရေးဆောင်ရွက်မှုအား စက်တင်ဘာလတွင် တိုးမြှင့်လုပ်ဆောင်နေကြောင်း တာချီလိတ်မြို့မ ရဲစခန်း စခန်းမှူးထံမှ သိရသည်။
တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် ညပိုင်းတွင် တာချီလိတ်မြို့အဝင်၊ အထွက်နေရာများတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပိတ်ဆို့စစ်ဆေးခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် လှည့်ကင်းဆောင်ရွက်ခြင်းများကို စက်တင်ဘာလအတွင်း ပုံမှန်လုံခြုံရေးထက် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် မြို့တွင်းလုံခြုံရေးနှင့် မြို့ဝင်နေရာများတွင် ညပိုင်းပိတ်ဆို့စစ်ဆေးခြင်းများ စက်တင်ဘာလအတွင်း တိုးမြှင့်လုပ်ဆောင်နေ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့တွင်းလုံခြံုရေးဆောင်ရွက်မှုအား စက်တင်ဘာလတွင် တိုးမြှင့်လုပ်ဆောင်နေကြောင်း တာချီလိတ်မြို့မ ရဲစခန်း စခန်းမှူးထံမှ သိရသည်။
“ကျွန်တော်တို့ နယ်မြေအေးချမ်းသာယာရေးလုံခြံုရေးကို မြို့အဝင်မှာရော ဒီဘက်က ပုန်းထွန်တို့ မြို့အထွက်တွေဘက်မှာရော စစ်ဆေးမှုတွေလုပ်တယ်။ လှည့်ကင်းလည်း ဆောင်ရွက်တယ်။ နေ့ခင်းမှာလည်း လှည့်ကင်းဆောင်ရွက်တယ်။ ခါတို်င်းထက် လုံခြံုရေးအခြေအနေ တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ဒါကြောင့်လည်း ဒီရက်ပိုင်းမှာ မှုခင်းတွေကျသွားတာတော့ တွေ့ရပါတယ်”ဟု တာချီလိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးကြည်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် ညပိုင်းတွင် တာချီလိတ်မြို့အဝင်၊ အထွက်နေရာများတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပိတ်ဆို့စစ်ဆေးခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် လှည့်ကင်းဆောင်ရွက်ခြင်းများကို စက်တင်ဘာလအတွင်း ပုံမှန်လုံခြံုရေးထက် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~