
စကျတငျဘာ 13, 2017
By 🌸
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် ပါဝုန်းကျေးရွာတောင်သူများအား ပိုးသတ်ဆေး စနစ်တကျအသုံးပြုနိုင်ရေး လက်တွေ့သရုပ်ပြ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတွင် တောင်သူများ ပိုးသတ်ဆေးစနစ်တကျ အသုံးပြုနည်းကို စက်တင်ဘာလ (၁၂)ရက်နေ့ ညနေ (၄)နာရီခွဲခန့်က လက်တွေ့သရုပ်ပြပွဲ ပြုလုပ်ကြောင်း သိရသည်။
ဓါတုပိုးသတ်ဆေး၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးသတ်ဆေး အန္တရာယ်ကင်းရှင်းစွာ စနစ်တကျကိုင်တွယ်သုံးစွဲခြင်းနှင့် ဆေးဖျန်းပုံနည်းစနစ်များအား တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဌေးနှင့်အတူ ဌာနမှတာဝန်ရှိသူများက ကွင်းဆင်းပြီး လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~