က်ိဳင္းတံု - မုိင္းျဖတ္ ျပည္ေထာင္စုလမ္းမတြင္ ယာဥ္မေတာ္တဆအမ်ားဆံုးျဖစ္သည့္ေနရာမ်ား၌ လမ္းေဘးအရံအတားမ်ား တပ္ဆင္ေန

က်ိဳင္းတံု - မုိင္းျဖတ္ ျပည္ေထာင္စုလမ္းမတြင္ ယာဥ္မေတာ္တဆအမ်ားဆံုးျဖစ္သည့္ေနရာမ်ား၌ လမ္းေဘးအရံအတားမ်ား တပ္ဆင္ေန
စက်တင်ဘာ 9, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံု-တာခ်ီလိတ္ျပည္ေထာင္စုလမ္းမႀကီးမွ ယာဥ္မေတာ္တဆမႈအမ်ားဆံုးႏွင့္ လူေသေပ်ာက္မႈ အမ်ားဆံုးျဖစ္ပြားသည့္ မိုင္းျဖတ္ၿမိဳ႕ႏွင့္ ဆိုင္းေလေက်းရြာၾကား လမ္းပိုင္းတြင္ လမ္းေဘးအရံအတားမ်ား တပ္ဆင္ေနရာ စက္တင္ဘာလ (၉)ရက္ေန႔တြင္ မုိင္းျဖတ္မွ တာေက်ာက္အထိ ၿပီးစီးသြားၿပီျဖစ္ေၾကာင္း သိရသည္။

“ေသာ္တာဝင္းကုမၸဏီက တာဝန္ရိွသူေတြကေတာ့ သူတို႔ တစ္ျဖည္းျဖည္းနဲ႔ က်ိဳင္းတံုအထိေတာ့ တပ္သြားမယ္လို႔ ေျပာပါတယ္။ မေန႔က လုိက္စစ္ၾကည့္တဲ့အေနအထားမွာေတာ့ အေတာ္ေလးကို ခိုင္ခိုင္ခန္႔ခန္႔လုပ္ထားတာ ေတြ႔ရပါတယ္။ သတိေပးဆိုင္းဘုတ္ကိုလည္း အမ်ားျမင္သာေအာင္ ျပန္ျပင္ဖို႔ လမ္းဦးစီးဌာနကို ကၽြန္ေတာ္ မေန႔ကေျပာခဲ့ပါတယ္”ဟု အဆိုပါလမ္းပိုင္းအား စက္တင္ဘာလ (၈)ရက္ေန႔က လုိက္လံစစ္ေဆးခဲ့သည့္ မုိင္းျဖတ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ယာဥ္မေတာ္တဆမႈမၾကာခဏျဖစ္ပြားသျဖင့္ ျပည္နယ္လႊတ္ေတာ္တြင္ ၂၀၁၆ ခုႏွစ္က တင္ျပၿပီးေနာက္ က်ိဳင္းတံု - တာခ်ီလိတ္ကားလမ္းအား လုပ္ကိုင္ခြင့္ရထားသည့္ ေသာ္တာဝင္းကုမၸဏီက မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ယာဥ္မေတာ္တဆမႈ မၾကာခဏျဖစ္ပြားသည့္ေနရာမ်ားအား လမ္းေဘးအရံအတားမ်ား တပ္ဆင္ျခင္းကို ၂၀၁၇ ခုႏွစ္ ၾသဂုတ္လတြင္ စတင္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

 “ကၽြန္ေတာ္က မိုင္းျဖတ္ကိုယ္စားလွယ္ဆိုေတာ့ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း လမ္းပိုင္းမွာ မေတာ္မဆမႈ အျဖစ္မ်ားတဲ့ ေနရာေတြအတြက္ ေဆာင္ရြက္ေပးဖို႔ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ ၆ ရက္ေန႔က က်င္းပတဲ့ အေရးေပၚအစည္းအေဝး ၁/၂၀၁၆ မွာ တင္ျပခဲ့တာျဖစ္ပါတယ္။ ဒီလမ္းပိုင္းမွာ ကားေတြျပဳတ္က်ၿပီး လူေတြ ခဏခဏေသတယ္။ ဒါကို ျပည္နယ္အစိုးရက လုပ္ေပးမလား ဒါမွမဟုတ္ သက္ဆုိင္ရာကုမၸဏီက တာဝန္ယူလုပ္ေပးမွာလားဆိုတာ ေမးေတာ့ ၂၀၁၇ - ၂၀၁၈ ဘ႑ာေရးႏွစ္မွာ သက္ဆုိင္ရာကုမၸဏီက လုပ္ေပးပါ့မယ္ဆိုၿပီး ျပည္နယ္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးက ေျဖသြားပါတယ္။ အခုဘတ္ဂ်က္မွာ ၾသဂုတ္လကစၿပီး လမ္းေဘးအရံအတားေတြ လုပ္ေနတာ အခုက တာေက်ာက္အထိေတာ့ ၿပီးသြားပါၿပီ”ဟု မိုင္းျဖတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအားကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မုိင္းျဖတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ မုိင္းျဖတ္ၿမိဳ႕နယ္ ျပည္သူ႔ေဆာက္လုပ္ေရး ဦးစီးဌာနႏွင့္ မုိင္းျဖတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕တို႔ထံမွ (၅)ႏွစ္စာမွတ္တမ္းမ်ားအရ က်ိဳင္းတံု - တာခ်ီလိတ္လမ္းမွ မုိင္းျဖတ္ၿမိဳ႕နယ္ အတြင္း ယာဥ္မေတာ္တဆမႈအမ်ားဆံုးျဖစ္ပြားသည့္ (၅)ေနရာေတြ႔ရသျဖင့္ လမ္းေဘးအရံအတားမ်ား လုပ္ေဆာင္ေပးရန္ ျပည္နယ္လႊတ္ေတာ္သို႔ တင္ျပရန္ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္းထံမွ သိရသည္။

“ဒီလမ္းပိုင္းျပင္ဖို႔အတြက္ မုိင္းျဖတ္နဲ႔ ဆုိင္းေလၾကား ငါးႏွစ္စာ စာရင္းေကာက္တယ္။ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လမ္းဦးစီးနဲ႔ ေနာက္ရဲနဲ႔ ကၽြန္ေတာ္တို႔ ငါးႏွစ္စာ စာရင္းျပန္ၾကည့္ၿပီး အျဖစ္အမ်ားဆံုးေနရာေတြ ဆြဲထုတ္လုိက္တဲ့အခါမွာ (၅)ေနရာထြက္လာတယ္။ အဲဒီ (၅)ေနရာကို ကၽြန္ေတာ္တို႔ဆီက ဦးအားကိုကို လႊဲေပးၿပီး လႊတ္ေတာ္မွာ တင္ခုိင္းလုိက္တယ္။ ဝန္ႀကီးဌာနကလည္း BOT ရထားတဲ့ ကုမၸဏီကို ညႊန္ၾကားပါတယ္။ အခုလည္း အဲဒီေနရာေတြကို အဓိကထား တပ္ဆင္ေနပါတယ္”ဟု ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္းက ေျပာသည္။

လက္ရိွတြင္ အဆိုပါလမ္းပိုင္းမွ ေျမၿပိဳသည့္ေနရာမ်ားအား ရွင္းလင္းေနသျဖင့္ လမ္းေဘးအရံအတား ကာရံျခင္းအား ေခတၱရပ္နားထားေသာ္လည္း ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #ULZT

~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံ - မိုင်းဖြတ် ပြည်ထောင်စုလမ်းမတွင် ယာဉ်မတော်တဆအများဆုံးဖြစ်သည့်နေရာများ၌ လမ်းဘေးအရံအတားများ တပ်ဆင်နေ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စုလမ်းမကြီးမှ ယာဉ်မတော်တဆမှုအများဆုံးနှင့် လူသေပျောက်မှု အများဆုံးဖြစ်ပွားသည့် မိုင်းဖြတ်မြို့နှင့် ဆိုင်းလေကျေးရွာကြား လမ်းပိုင်းတွင် လမ်းဘေးအရံအတားများ တပ်ဆင်နေရာ စက်တင်ဘာလ (၉)ရက်နေ့တွင် မိုင်းဖြတ်မှ တာကျောက်အထိ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

“သော်တာဝင်းကုမ္ပဏီက တာဝန်ရှိသူတွေကတော့ သူတို့ တစ်ဖြည်းဖြည်းနဲ့ ကျိုင်းတုံအထိတော့ တပ်သွားမယ်လို့ ပြောပါတယ်။ မနေ့က လိုက်စစ်ကြည့်တဲ့အနေအထားမှာတော့ အတော်လေးကို ခိုင်ခိုင်ခန့်ခန့်လုပ်ထားတာ တွေ့ရပါတယ်။ သတိပေးဆိုင်းဘုတ်ကိုလည်း အများမြင်သာအောင် ပြန်ပြင်ဖို့ လမ်းဦးစီးဌာနကို ကျွန်တော် မနေ့ကပြောခဲ့ပါတယ်”ဟု အဆိုပါလမ်းပိုင်းအား စက်တင်ဘာလ (၈)ရက်နေ့က လိုက်လံစစ်ဆေးခဲ့သည့် မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဖြတ်မြို့နယ်အတွင်း ယာဉ်မတော်တဆမှုမကြာခဏဖြစ်ပွားသဖြင့် ပြည်နယ်လွှတ်တော်တွင် ၂၀၁၆ ခုနှစ်က တင်ပြပြီးနောက် ကျိုင်းတုံ - တာချီလိတ်ကားလမ်းအား လုပ်ကိုင်ခွင့်ရထားသည့် သော်တာဝင်းကုမ္ပဏီက မိုင်းဖြတ်မြို့နယ်အတွင်း ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားသည့်နေရာများအား လမ်းဘေးအရံအတားများ တပ်ဆင်ခြင်းကို ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်က မိုင်းဖြတ်ကိုယ်စားလှယ်ဆိုတော့ မိုင်းဖြတ်မြို့နယ်အတွင်း လမ်းပိုင်းမှာ မတော်မဆမှု အဖြစ်များတဲ့ နေရာတွေအတွက် ဆောင်ရွက်ပေးဖို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပတဲ့ အရေးပေါ်အစည်းအဝေး ၁/၂၀၁၆ မှာ တင်ပြခဲ့တာဖြစ်ပါတယ်။ ဒီလမ်းပိုင်းမှာ ကားတွေပြုတ်ကျပြီး လူတွေ ခဏခဏသေတယ်။ ဒါကို ပြည်နယ်အစိုးရက လုပ်ပေးမလား ဒါမှမဟုတ် သက်ဆိုင်ရာကုမ္ပဏီက တာဝန်ယူလုပ်ပေးမှာလားဆိုတာ မေးတော့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ သက်ဆိုင်ရာကုမ္ပဏီက လုပ်ပေးပါ့မယ်ဆိုပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြေသွားပါတယ်။ အခုဘတ်ဂျက်မှာ သြဂုတ်လကစပြီး လမ်းဘေးအရံအတားတွေ လုပ်နေတာ အခုက တာကျောက်အထိတော့ ပြီးသွားပါပြီ”ဟု မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနနှင့် မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့တို့ထံမှ (၅)နှစ်စာမှတ်တမ်းများအရ ကျိုင်းတုံ - တာချီလိတ်လမ်းမှ မိုင်းဖြတ်မြို့နယ် အတွင်း ယာဉ်မတော်တဆမှုအများဆုံးဖြစ်ပွားသည့် (၅)နေရာတွေ့ရသဖြင့် လမ်းဘေးအရံအတားများ လုပ်ဆောင်ပေးရန် ပြည်နယ်လွှတ်တော်သို့ တင်ပြရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းထံမှ သိရသည်။

“ဒီလမ်းပိုင်းပြင်ဖို့အတွက် မိုင်းဖြတ်နဲ့ ဆိုင်းလေကြား ငါးနှစ်စာ စာရင်းကောက်တယ်။ အုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးနဲ့ နောက်ရဲနဲ့ ကျွန်တော်တို့ ငါးနှစ်စာ စာရင်းပြန်ကြည့်ပြီး အဖြစ်အများဆုံးနေရာတွေ ဆွဲထုတ်လိုက်တဲ့အခါမှာ (၅)နေရာထွက်လာတယ်။ အဲဒီ (၅)နေရာကို ကျွန်တော်တို့ဆီက ဦးအားကိုကို လွှဲပေးပြီး လွှတ်တော်မှာ တင်ခိုင်းလိုက်တယ်။ ဝန်ကြီးဌာနကလည်း BOT ရထားတဲ့ ကုမ္ပဏီကို ညွှန်ကြားပါတယ်။ အခုလည်း အဲဒီနေရာတွေကို အဓိကထား တပ်ဆင်နေပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်းမှ မြေပြိုသည့်နေရာများအား ရှင်းလင်းနေသဖြင့် လမ်းဘေးအရံအတား ကာရံခြင်းအား ခေတ္တရပ်နားထားသော်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #ULZT

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~