ရခိုင္ျပည္သူမ်ားအားကူညီေရး တာေလၿမိဳ႕မွ ၄ ရက္အတြင္း လွဴဒါန္းေငြ က်ပ္ (၂၃၄၀၀၀)ႏွင့္ ထိုင္းဘတ္(၇၀၉၀)ရရိွထားၿပီး စက္တင္ဘာလ (၁၅)ရက္ေန႔အထိ အလွဴခံမည္

ရခိုင္ျပည္သူမ်ားအားကူညီေရး တာေလၿမိဳ႕မွ ၄ ရက္အတြင္း လွဴဒါန္းေငြ က်ပ္ (၂၃၄၀၀၀)ႏွင့္ ထိုင္းဘတ္(၇၀၉၀)ရရိွထားၿပီး စက္တင္ဘာလ (၁၅)ရက္ေန႔အထိ အလွဴခံမည္
စက်တင်ဘာ 9, 2017
By 🌸
ရခိုင္ျပည္နယ္ဒုကၡသည္မ်ားအား ကူညီေထာက္ပံ့ရန္အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာေလၿမိဳ႕တြင္ စက္တင္ဘာလ (၆) ရက္ေန႔မွ (၉)ရက္ေန႔အထိ (၄) ရက္တာကာလအတြင္း လာေရာက္လွဴဒါန္းမႈမွာ ျမန္မာ က်ပ္ (၂၃၄၀၀၀) ႏွင့္ ထိုင္းဘတ္(၇၀၉၀) ရရွိထားၿပီျဖစ္ၿပီး စက္တင္ဘာလ (၁၅) ရက္ေန႔အထိ ဆက္လက္ အလွဴခံသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

“စက္တင္ဘာလ (၁၆) ရက္ေန႔ၿပီးရင္ေတာ့ အလွဴခံထားလို႔ရထားသမွ်ေတြကို တာခ်ီလိတ္ၿမိဳ႕(ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ -တာခ်ီလိတ္ၿမိဳ႕)  ကိုသြားၿပီး အပ္ႏွံေပးမွာျဖစ္ပါတယ္။ သြားအပ္ႏွံတဲ့ အခါက်ရင္ေတာ့ တာေလက အုပ္ခ်ဳပ္ေရးဌာနေတြနဲ႔ ၿမိဳ႕မိၿမိဳ႕ဖေတြ၊ ဌာနဆိုင္ရာေတြ ပါဝင္မွာျဖစ္ပါတယ္။ တာခ်ီလိတ္ကေနတစ္ဆင့္ ရခိုင္ေဒသဒုကၡသည္ေတြကို အကုန္စုေပါင္းၿပီး လွဴမယ္လို႔စီစဥ္ထားပါတယ္”ဟု ရခိုင္ျပည္နယ္ကူညီေထာက္ပံ့ေရး အလွဴခံဌာန (တာေလၿမိဳ႕)မွ ဦးၿငိမ္းေသာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရခိုင္ဒုကၡသည္မ်ားအတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာေလၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းေရွ႕တြင္ တြင္ စက္တင္ဘာလ(၆)ရက္ေန႔မွစတင္၍ အလွဴခံဌာနဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး တာေလၿမိဳ႕ခံမ်ားႏွင့္အတူ ဌာနဆိုင္ရာမ်ားမွလည္း ကူညီပူးေပါင္း ပံ့ပိုးေပးလွ်က္ရွိေၾကာင္း သိရွိရသည္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ ၾသဂုတ္လ(၂၅)ရက္ေန႔မွစ၍ Arakan Rohingya Salvation Army (ARSA) အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား ဝင္ေရာက္တုိက္ခိုက္ေနသျဖင့္ ေဒသခံမ်ားမွာ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရာ စက္တင္ဘာလ(၅)ရက္ေန႔အထိ အၾကမ္းဖက္မႈေၾကာင့္ ျပည္တြင္း ေနရပ္စြန္႔ခြာရသူ တိုင္းရင္းသား (၂၆၇၄၇) ဦး ရွိေနၿပီျဖစ္ေၾကာင္း သတင္းထုတ္ျပန္ေရးေကာ္မတီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်သူများအားကူညီရေး တာလေမြို့မှ ၄ ရက်အတွင်း လှူဒါန်းငွေ ကျပ် (၂၃၄၀၀၀)နှင့် ထိုင်းဘတ်(၇၀၉၀)ရရှိထားပြီး စက်တင်ဘာလ (၁၅)ရက်နေ့အထိ အလှူခံမည်
*******
ရခိုင်ပြည်နယ်ဒုက္ခသည်များအား ကူညီထောက်ပံ့ရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့တွင် စက်တင်ဘာလ (၆) ရက်နေ့မှ (၉)ရက်နေ့အထိ (၄) ရက်တာကာလအတွင်း လာရောက်လှူဒါန်းမှုမှာ မြန်မာ ကျပ် (၂၃၄၀၀၀) နှင့် ထိုင်းဘတ်(၇၀၉၀) ရရှိထားပြီဖြစ်ပြီး စက်တင်ဘာလ (၁၅) ရက်နေ့အထိ ဆက်လက် အလှူခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“စက်တင်ဘာလ (၁၆) ရက်နေ့ပြီးရင်တော့ အလှူခံထားလို့ရထားသမျှတွေကို တာချီလိတ်မြို့(ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ -တာချီလိတ်မြို့)  ကိုသွားပြီး အပ်နှံပေးမှာဖြစ်ပါတယ်။ သွားအပ်နှံတဲ့ အခါကျရင်တော့ တာလေက အုပ်ချုပ်ရေးဌာနတွေနဲ့ မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာတွေ ပါဝင်မှာဖြစ်ပါတယ်။ တာချီလိတ်ကနေတစ်ဆင့် ရခိုင်ဒေသဒုက္ခသည်တွေကို အကုန်စုပေါင်းပြီး လှူမယ်လို့စီစဉ်ထားပါတယ်”ဟု ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေး အလှူခံဌာန (တာလေမြို့)မှ ဦးငြိမ်းသောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရခိုင်ဒုက္ခသည်များအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် တွင် စက်တင်ဘာလ(၆)ရက်နေ့မှစတင်၍ အလှူခံဌာနဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တာလေမြို့ခံများနှင့်အတူ ဌာနဆိုင်ရာများမှလည်း ကူညီပူးပေါင်း ပံ့ပိုးပေးလျှက်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ(၂၅)ရက်နေ့မှစ၍ Arakan Rohingya Salvation Army (ARSA) အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်နေသဖြင့် ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရာ စက်တင်ဘာလ(၅)ရက်နေ့အထိ အကြမ်းဖက်မှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူ တိုင်းရင်းသား (၂၆၇၄၇) ဦး ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~