က်ိဳင္းလပ္ၿမိဳ႕ မုိင္းပါလွ်ိဳးနယ္ေျမ နမ့္ခင္းေခ်ာင္းအတြင္း အမ်ိဳးသားအေလာင္းေတြ႕ရိွ

က်ိဳင္းလပ္ၿမိဳ႕ မုိင္းပါလွ်ိဳးနယ္ေျမ နမ့္ခင္းေခ်ာင္းအတြင္း အမ်ိဳးသားအေလာင္းေတြ႕ရိွ
စက်တင်ဘာ 6, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ က်ိဳင္းလပ္ၿမိဳ႕၊ မုိင္းပါလွွ်ိဳးနယ္ေျမရဲစခန္းအပုိင္ နမ့္ခင္းရြာေတာင္ဘက္ တစ္မုိင္ခန္႔အကြာရိွ နမ့္ခင္းေခ်ာင္းအတြင္း ဒိုက္ပင္မ်ားေပါက္သည့္သဲခံုေပၚတြင္ အမ်ိဳးသားအေလာင္းတစ္ေလာင္း စက္တင္ဘာလ (၆)ရက္ေန႔ ညေန(၃)နာရီခန္႔က ေတြ႔ရေၾကာင္း သိရသည္။

ဒိုက္ပင္မ်ားေပါက္သည့္ ေက်ာက္/သဲခံုတြင္ အေလာင္းတစ္ေလာင္းေတြ႔ရေၾကာင္း သတင္းအရ နယ္ေျမရဲစခန္းမွဴးႏွင့္အဖြဲ႕က သြားေရာက္စစ္ေဆးရာ ေသဆံုးသူမွာ နမ့္ခင္းပံုေက်းရြာမွ က်ေစာကဆိုသူျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့ၿပီး ေသဆံုးသူ၏ နဖူးႏွင့္ ရင္ညြန္႔တြင္ ေပါက္ၿပဲပြန္းပဲ့ဒဏ္ရာမ်ားေတြ႔ရသျဖင့္ ရဲေဆးစာႏွင့္အတူ တာေလျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္စစ္ေဆးထားေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈအား မိုင္းပါလွ်ိဳးနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္(၁/၂၀၁၇)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းလပ်မြို့ မိုင်းပါလျှိုးနယ်မြေ နမ့်ခင်းချောင်းအတွင်း အမျိုးသားအလောင်းတွေ့ရှိ
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျှှိုးနယ်မြေရဲစခန်းအပိုင် နမ့်ခင်းရွာတောင်ဘက် တစ်မိုင်ခန့်အကွာရှိ နမ့်ခင်းချောင်းအတွင်း ဒိုက်ပင်များပေါက်သည့်သဲခုံပေါ်တွင် အမျိုးသားအလောင်းတစ်လောင်း စက်တင်ဘာလ (၆)ရက်နေ့ ညနေ(၃)နာရီခန့်က တွေ့ရကြောင်း သိရသည်။

ဒိုက်ပင်များပေါက်သည့် ကျောက်/သဲခုံတွင် အလောင်းတစ်လောင်းတွေ့ရကြောင်း သတင်းအရ နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ နမ့်ခင်းပုံကျေးရွာမှ ကျစောကဆိုသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး သေဆုံးသူ၏ နဖူးနှင့် ရင်ညွန့်တွင် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများတွေ့ရသဖြင့် ရဲဆေးစာနှင့်အတူ တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။

အဆိုပါသေဆုံးမှုအား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၇)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~