ရွမ္းျပည္နယ္အတြင္း အိမ္တြင္းစက္မႈလက္မႈလုပ္ငန္းမ်ား လိုင္စင္ေလွ်ာက္ထားျခင္းဆုိင္ရာ ပညာေပးကို စက္တင္ဘာတြင္ ျပဳလုပ္မည္

ရွမ္းျပည္နယ္အတြင္း အိမ္တြင္းစက္မႈလက္မႈလုပ္ငန္းမ်ား လိုင္စင္ေလွ်ာက္ထားျခင္းဆုိင္ရာ ပညာေပးကို စက္တင္ဘာတြင္ ျပဳလုပ္မည္
စက်တင်ဘာ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း အေသးစားစက္မႈလက္မႈ လုပ္ငန္းမ်ား လိုင္စင္ေလွ်ာက္ထားမႈနည္း သျဖင့္ စက္တင္ဘာလတြင္ ပညာေပး အဆင့္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနထံမွ သိရသည္။

“ရွမ္းျပည္နယ္အတြင္းမွာရွိတဲ့ စားေသာက္ကုန္ထုတ္လုပ္တဲ့ လုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ားက မွတ္ပံုတင္ထားတာ သိပ္မရွိၾကဘူး။ သူတို႔ရဲ႕အားနည္းခ်က္က ထုတ္ကုန္ထုတ္လုပ္တဲ့ေနရာမွာ မွတ္ပံုတင္ လုပ္ရေကာင္းမွန္းလည္း မသိဘူး။ စားေသာက္ကုန္နဲ႔ ပတ္သက္တဲ့ ေဘးအႏၱရာယ္ေတြကိုလည္း ေသခ်ာ မသိၾကဘူး။ စားသံုးသူေရးရာဦးစီးဌာန အေနနဲ႔လည္း စားေသာက္ကုန္ရဲ႕ အႏၱရာယ္ရွိမႈကို အတတ္ႏိုင္ဆံုး ပညာေပး ေဆာင္ရြက္ေပးေနတယ္။ စားေသာက္ကုန္ေတြကိုလည္း ေဘးအႏၱရာယ္ကင္းရွင္းေစဖို႔ ကၽြန္ေတာ္တို႔ ဌာနကေန ဓာတ္ခြဲစမ္းသပ္ၿပီးေတာ့မွ တရား၀င္လုပ္ငန္း မွတ္ပံုတင္ေလွ်ာက္ထားဖို႕ ပညာေပးဖို႕ေဆြးေႏြးေနတယ္” ဟု ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ ဦးစီးမွဴး ဦးသက္နိုင္ဦးက ေျပာသည္။

အေသးစား စက္မႈလက္မႈလုပ္ငန္းဆိုင္ရာ ဥပေဒႏွင့္ အစားအေသာက္ေဘးအႏၱရာယ္ ကင္းရွင္းေရး ဆိုင္ရာတို႔ကို ပညာေပးေဆာင္ရြက္မႈမ်ားကို သက္ဆိုင္ရာဌာနမ်ားျဖင့္ ပူးေပါင္း ေဆာင္ရြက္သြားမည္ျဖစ္ၿပီး စက္တင္ဘာလအတြင္း ေတာင္ႀကီးၿမိဳ႕မွ စတင္မည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း အေသးစား စက္မႈ လက္မႈလုပ္ငန္း အေထြေထြျဖင့္ မွတ္ပံုတင္ထားသည့္လုပ္ငန္း (၂၉၃)ခု၊ စားေသာက္ကုန္အေသးစားလုပ္ငန္း မွတ္ပံုတင္ၿပီး (၄၁၇) ခု၊ စားေသာက္ကုန္ အေသးစား လုပ္ငန္း မွတ္ပံုတင္ (၁၀၈)ခုႏွင့္ စားေသာက္ကုန္လုပ္ငန္းမွတ္ပံုတင္ အသစ္ေလွ်ာက္ထားဆဲ ( ၃၀) ေက်ာ္ရိွေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္အေျခစိုက္ရံုးကို ၂၀၁၅ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း  - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းများ လိုင်စင်လျှောက်ထားမှုနည်း သဖြင့် စက်တင်ဘာလတွင် ပညာပေး အဆင့်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

“ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တော်တော်များများက မှတ်ပုံတင်ထားတာ သိပ်မရှိကြဘူး။ သူတို့ရဲ့အားနည်းချက်က ထုတ်ကုန်ထုတ်လုပ်တဲ့နေရာမှာ မှတ်ပုံတင် လုပ်ရကောင်းမှန်းလည်း မသိဘူး။ စားသောက်ကုန်နဲ့ ပတ်သက်တဲ့ ဘေးအန္တရာယ်တွေကိုလည်း သေချာ မသိကြဘူး။ စားသုံးသူရေးရာဦးစီးဌာန အနေနဲ့လည်း စားသောက်ကုန်ရဲ့ အန္တရာယ်ရှိမှုကို အတတ်နိုင်ဆုံး ပညာပေး ဆောင်ရွက်ပေးနေတယ်။ စားသောက်ကုန်တွေကိုလည်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ကျွန်တော်တို့ ဌာနကနေ ဓာတ်ခွဲစမ်းသပ်ပြီးတော့မှ တရားဝင်လုပ်ငန်း မှတ်ပုံတင်လျှောက်ထားဖို့ ပညာပေးဖို့ဆွေးနွေးနေတယ်” ဟု ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးသက်နိုင်ဦးက ပြောသည်။

အသေးစား စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ ဥပဒေနှင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာတို့ကို ပညာပေးဆောင်ရွက်မှုများကို သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်တင်ဘာလအတွင်း တောင်ကြီးမြို့မှ စတင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း အသေးစား စက်မှု လက်မှုလုပ်ငန်း အထွေထွဖြေင့် မှတ်ပုံတင်ထားသည့်လုပ်ငန်း (၂၉၃)ခု၊ စားသောက်ကုန်အသေးစားလုပ်ငန်း မှတ်ပုံတင်ပြီး (၄၁၇) ခု၊ စားသောက်ကုန် အသေးစား လုပ်ငန်း မှတ်ပုံတင် (၁၀၈)ခုနှင့် စားသောက်ကုန်လုပ်ငန်းမှတ်ပုံတင် အသစ်လျှောက်ထားဆဲ ( ၃၀) ကျော်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်အခြေစိုက်ရုံးကို ၂၀၁၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~