ပုန္းအင္းေဒသ ရွမ္းလူမ်ိဳးမ်ား၏ ရိုးရာလက္ခတ္ေလွၿပိဳင္ပြဲ စက္တင္ဘာလ ၂၃ ရက္ႏွင့္ ၂၄ ရက္ေန႔မ်ားတြင္ က်င္းပမည္

ပုန္းအင္းေဒသ ရွမ္းလူမ်ိဳးမ်ား၏ ရိုးရာလက္ခတ္ေလွၿပိဳင္ပြဲ စက္တင္ဘာလ ၂၃ ရက္ႏွင့္ ၂၄ ရက္ေန႔မ်ားတြင္ က်င္းပမည္
စက်တင်ဘာ 11, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဟိုပံုးၿမိဳ႕နယ္၊ ပံုးအင္းေဒသ၊ အသံုးေတာ္ေက်းရြာအုပ္စု၊ ဟိုတတ္ေက်းရြာတြင္ စက္တင္ဘာလ (၂၃)ရက္ေန႔မွစ၍ ပုန္းအင္းေဒသ ရွမ္းလူမ်ိဳးမ်ား၏ ရိုးရာလက္ခတ္ ေလွၿပိဳင္ပြဲအား ႏွစ္ရက္တာ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

“ဘယ္ေလာက္ ဝင္ၿပိဳင္မလဲဆိုတာ စာရင္းေကာက္ေနတုန္းပဲ ရိွေသးတယ္။ ပုန္းအင္း တစ္ေၾကာလံုး ဝင္ၿပိဳင္ၾကမွာပါ။ ႏွစ္တိုင္းၿပိဳင္ၾကတာပဲ။ ရြာကေတာ့ (၃၉)ရြာရိွတယ္။ ဒီကိုလာရင္ ေတာင္ႀကီးကေနဆို မုိင္ (၂၀)ေလာက္ေဝးတယ္”ဟု ပုန္းအင္း ေလွၿပိဳင္ပြဲျဖစ္ေျမာက္ေရးေကာ္မတီမွ ဦးစိုင္းခဲန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေလွၿပိဳင္ပြဲအား ဟိုတတ္ေက်းရြာတြင္ စက္တင္ဘာလ (၂၃)ရက္ေန႔ နံနက္ (၉)နာရီ၌ အခမ္းအနားျဖင့္ ဖြင့္လွစ္၍ စတင္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး စက္တင္ဘာလ (၂၄)ရက္ေန႔တြင္ ေလွၿပိဳင္ပြဲႏွင့္ ဆုေပးပြဲအား ဆက္လက္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီး၊ ဟိုပံုးႏွင့္ ဆီဆိုင္ သံုးၿမိဳ႕နယ္ၾကားတြင္ရိွၿပီး တစ္ႏွစ္လွ်င္ ကုန္းေျခာက္လ၊ ေရေျခာက္လေနထုိင္ရသည့္ေဒသျဖစ္ကာ ရွမ္းျပည္နယ္၏ ဒုတိယအင္းေလးဟု တင္စားေခၚေဝၚၾကသည့္ ပုန္းအင္းေဒသတြင္ စပါးစိုက္ပ်ိဳး၊ရိတ္သိမ္းျခင္းမွအစ ေလွကိုအဓိက အသံုးျပဳရျခင္းျဖစ္ရာ ရိုးရာထိန္းသိမ္းသည့္ အေနျဖင့္ လက္ခတ္ေလွၿပိဳင္ပြဲအား ႏွစ္စဥ္က်င္းပေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
ပုန်းအင်းဒေသ ရှမ်းလူမျိုးများ၏ ရိုးရာလက်ခတ်လှေပြိုင်ပွဲ စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် ကျင်းပမည်
***********
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်၊ ပုံးအင်းဒေသ၊ အသုံးတော်ကျေးရွာအုပ်စု၊ ဟိုတတ်ကျေးရွာတွင် စက်တင်ဘာလ (၂၃)ရက်နေ့မှစ၍ ပုန်းအင်းဒေသ ရှမ်းလူမျိုးများ၏ ရိုးရာလက်ခတ် လှေပြိုင်ပွဲအား နှစ်ရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဘယ်လောက် ဝင်ပြိုင်မလဲဆိုတာ စာရင်းကောက်နေတုန်းပဲ ရှိသေးတယ်။ ပုန်းအင်း တစ်ကြောလုံး ဝင်ပြိုင်ကြမှာပါ။ နှစ်တိုင်းပြိုင်ကြတာပဲ။ ရွာကတော့ (၃၉)ရွာရှိတယ်။ ဒီကိုလာရင် တောင်ကြီးကနေဆို မိုင် (၂၀)လောက်ဝေးတယ်”ဟု ပုန်းအင်း လှေပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးစိုင်းခဲန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လှေပြိုင်ပွဲအား ဟိုတတ်ကျေးရွာတွင် စက်တင်ဘာလ (၂၃)ရက်နေ့ နံနက် (၉)နာရီ၌ အခမ်းအနားဖြင့် ဖွင့်လှစ်၍ စတင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စက်တင်ဘာလ (၂၄)ရက်နေ့တွင် လှေပြိုင်ပွဲနှင့် ဆုပေးပွဲအား ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ဟိုပုံးနှင့် ဆီဆိုင် သုံးမြို့နယ်ကြားတွင်ရှိပြီး တစ်နှစ်လျှင် ကုန်းခြောက်လ၊ ရေခြောက်လနေထိုင်ရသည့်ဒေသဖြစ်ကာ ရှမ်းပြည်နယ်၏ ဒုတိယအင်းလေးဟု တင်စားခေါ်ဝေါ်ကြသည့် ပုန်းအင်းဒေသတွင် စပါးစိုက်ပျိုး၊ရိတ်သိမ်းခြင်းမှအစ လှေကိုအဓိက အသုံးပြုရခြင်းဖြစ်ရာ ရိုးရာထိန်းသိမ်းသည့် အနေဖြင့် လက်ခတ်လှေပြိုင်ပွဲအား နှစ်စဉ်ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~