တာခ်ီလိတ္နယ္စပ္ ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ မူးယစ္ေဆးသံုးစြဲမႈရိွ မရိွ ဆီးစစ္ေဆးမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေန

တာခ်ီလိတ္နယ္စပ္ ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ မူးယစ္ေဆးသံုးစြဲမႈရိွ မရိွ ဆီးစစ္ေဆးမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေန
စက်တင်ဘာ 23, 2017
By Tachileik News Agency

ထိုင္း - ျမန္မာနယ္စပ္ ထုိုင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ ခ်င္းဆဲန္လမ္းခြဲ မီးပိြဳင့္အနီးတြင္ စက္တင္ဘာလ (၂၃)ရက္ေန႔က မယ္ဆိုင္ရဲတပ္ဖြဲ႕က ေရွာင္တခင္ ဆီးစစ္ျခင္း၊ အေထာက္အထား စစ္ေဆးျခင္းမ်ား ျပဳလုပ္ေနၿပီး ယခုလပိုင္းမ်ား အတြင္း ယင္းကဲ့သို႔စစ္ေဆးမႈမ်ား အႀကိမ္ေရစိပ္လာေနေၾကာင္း သိရသည္။

“ဒါကလည္း သူတို႔ဥပေဒအရ စစ္ခြင့္႐ွိပါတယ္။ ဘယ္ႏိုင္ငံသားကိုမဆို သံသယရိွတယ္ဆိုရင္ ေခၚယူ စစ္ေဆးပိုင္ခြင့္ ရိွပါတယ္။ စစ္ေဆးမႈ အႀကိမ္ေရစိပ္လာတာေတာ့ ႏွစ္လ၊ သံုးလရိွၿပီ။ မ်ားေသာအားျဖင့္ ေ႐ွာင္တခင္ဆို အခုစစ္တဲ့ေနရာ(ခ်င္းဆဲန္လမ္းခြဲမီးပိြဳင့္အနီး)ပဲ မ်ားပါတယ္။ က်န္တာကေတာ့ ၿမိဳ႕အဝင္၊ အထြက္ တရားဝင္ဂိတ္ေတြမွာ မသကၤာရင္စစ္ပါတယ္”ဟု မယ္ဆုိင္ၿမိဳ႕ေန ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ျမန္မာႏိုင္ငံဥပေဒအရ မူးယစ္ေဆးႏွင့္ပတ္သက္၍ ဖမ္းဆီးခံရသူကိုသာ မူးယစ္ေဆးသံုးစြဲျခင္းရိွ မရိွ ဆီးစစ္ေဆးျခင္း ျပဳလုပ္ေသာ္လည္း ထုိင္းႏုိင္ငံဥပေဒအရ မူးယစ္ေဆးသံုးစြဲမႈရိွမရိွ ဆီးစစ္ေဆးျခင္းအား သံသယရိွသူတုိင္းအား စစ္ေဆးပိုင္ခြင့္ရိွေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ဆီးစစ္ေဆးျခင္းျပဳလုပ္ရာတြင္ ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားအခ်ိဳ႕အား တရားမဝင္ ေငြေၾကးေတာင္းခံမႈမ်ား ရိွတတ္သည့္အတြက္ ထိုင္းႏုိင္ငံတာဝန္ရိွသူမ်ားအေနျဖင့္ အဆိုပါကိစၥမ်ား မျဖစ္ပြားေစရန္ ေဆာင္ရြက္ေပးေရးအတြက္ ျမန္မာ- ထုိင္း (၁၁)ႀကိမ္ေျမာက္ ႏွစ္ႏုိင္ငံလူကုန္ကူးမႈ ပူးေပါင္းတုိက္ဖ်က္ေရးဆိုင္ရာအစည္းအေဝးတြင္ ျမန္မာႏုိင္ငံမွ ကိုယ္စားလွယ္အဖြဲ႕က ထည့္သြင္း ေဆြးေႏြးထားေၾကာင္း သိရသည္။

“ဒီကိစၥနဲ႔ပတ္သက္လို႔ အစည္းအေဝးမွာ တင္ျပခဲ့တာက မယ္ဆိုင္ဘက္မွာ ဆီးစစ္တဲ့အခါ ေငြေၾကး ေတာင္းခံရတာမ်ိဳး ရိွေနတယ္၊ ဒီလိုေတာင္းခံတာကို ဓါတ္ပံုရိုက္ရင္လည္း တားတယ္။ ဒါေပမဲ့ ဘယ္ေနရာမွာ ရဲတပ္ဖြဲ႕ ဒါမွမဟုတ္ လဝက က ပိုက္ဆံေတာင္းတယ္ စတဲ့အေထာက္အထားေလးေတြ လူကုန္တားအဖြဲ႕တို႔၊ ခရိုင္ကိုတက္လာတဲ့ သက္ေသအေထာက္အထားေတြ၊ ေနာက္တစ္ျခား အဖြဲ႕အစည္းေတြကေန တင္ျပေပးလာတာေတြ ရိွပါတယ္။ ဒီသက္ေသ အေထာက္အထားေတြနဲ႔ ေဆြးေႏြးတာေပါ့။ အစည္းအေဝး သေဘာအရက ဟိုဘက္၊ ဒီဘက္ တင္ျပတာေတြကို သက္ဆုိင္ရာ ေတြဆီကို ျပန္လည္ ညိႇႏိႈင္းရတာပါ။ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ဟိုဘက္မွာ ဒီလိုႀကံဳရတယ္ဆိုရင္ တာခ်ီလိတ္ ခ်စ္ၾကည္ေရးတံတား(၁)က ဌာနဆိုင္ရာတာဝန္ရိွသူေတြ၊ လူကုန္တားအဖြဲ႕တို႔ကို သတင္းေပးလို႔ ရပါတယ္။ ဒီအခ်က္အလက္ေတြနဲ႔ ဟိုဘက္ကို ျပန္ေဆြးေႏြးေပးလို႔ရပါတယ္။ ကိုယ့္ဘက္က အေထာက္အထားရိွဖို႔ေတာ့ လိုတာေပါ့”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးထိန္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အစည္းအေဝးအား ထုိင္းႏုိင္ငံ ခ်င္းရိုင္းၿမိဳ႕တြင္ စက္တင္ဘာလ (၁၄)ရက္ႏွင့္ (၁၅)ရက္ေန႔မ်ားတြင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ နယ္စပ္လူကုန္ကူးမႈ ပူးေပါင္းတုိက္ဖ်က္ေရးဆိုင္ရာ (BCATIP) ဥကၠဌ၊ တာခ်ီလိတ္ခရိုင္ရဲမွဴး ဒုရဲမွဴးႀကီး ထိန္ဝင္းဦးစီးသည့္ ျမန္မာကိုယ္စားလွယ္(၁၅)ဦး တက္ေရာက္ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ချင်းဆဲန်လမ်းခွဲ မီးပွိုင့်အနီးတွင် စက်တင်ဘာလ (၂၃)ရက်နေ့က မယ်ဆိုင်ရဲတပ်ဖွဲ့က ရှောင်တခင် ဆီးစစ်ခြင်း၊ အထောက်အထား စစ်ဆေးခြင်းများ ပြုလုပ်နပြေီး ယခုလပိုင်းများ အတွင်း ယင်းကဲ့သို့စစ်ဆေးမှုများ အကြိမ်ရေစိပ်လာနေကြောင်း သိရသည်။

“ဒါကလည်း သူတို့ဥပဒေအရ စစ်ခွင့်ရှိပါတယ်။ ဘယ်နိုင်ငံသားကိုမဆို သံသယရှိတယ်ဆိုရင် ခေါ်ယူ စစ်ဆေးပိုင်ခွင့် ရှိပါတယ်။ စစ်ဆေးမှု အကြိမ်ရေစိပ်လာတာတော့ နှစ်လ၊ သုံးလရှိပြီ။ များသောအားဖြင့် ရှောင်တခင်ဆို အခုစစ်တဲ့နေရာ(ချင်းဆဲန်လမ်းခွဲမီးပွိုင့်အနီး)ပဲ များပါတယ်။ ကျန်တာကတော့ မြို့အဝင်၊ အထွက် တရားဝင်ဂိတ်တွေမှာ မသင်္ကာရင်စစ်ပါတယ်”ဟု မယ်ဆိုင်မြို့နေ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

မြန်မာနိုင်ငံဥပဒေအရ မူးယစ်ဆေးနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူကိုသာ မူးယစ်ဆေးသုံးစွဲခြင်းရှိ မရှိ ဆီးစစ်ဆေးခြင်း ပြုလုပ်သော်လည်း ထိုင်းနိုင်ငံဥပဒေအရ မူးယစ်ဆေးသုံးစွဲမှုရှိမရှိ ဆီးစစ်ဆေးခြင်းအား သံသယရှိသူတိုင်းအား စစ်ဆေးပိုင်ခွင့်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဆီးစစ်ဆေးခြင်းပြုလုပ်ရာတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့အား တရားမဝင် ငွေကြေးတောင်းခံမှုများ ရှိတတ်သည့်အတွက် ထိုင်းနိုင်ငံတာဝန်ရှိသူများအနဖြေင့် အဆိုပါကိစ္စများ မဖြစ်ပွားစေရန် ဆောင်ရွက်ပေးရေးအတွက် မြန်မာ- ထိုင်း (၁၁)ကြိမ်မြောက် နှစ်နိုင်ငံလူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့က ထည့်သွင်း ဆွေးနွေးထားကြောင်း သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ အစည်းအဝေးမှာ တင်ပြခဲ့တာက မယ်ဆိုင်ဘက်မှာ ဆီးစစ်တဲ့အခါ ငွေကြေး တောင်းခံရတာမျိုး ရှိနေတယ်၊ ဒီလိုတောင်းခံတာကို ဓာတ်ပုံရိုက်ရင်လည်း တားတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ ရဲတပ်ဖွဲ့ ဒါမှမဟုတ် လဝက က ပိုက်ဆံတောင်းတယ် စတဲ့အထောက်အထားလေးတွေ လူကုန်တားအဖွဲ့တို့၊ ခရိုင်ကိုတက်လာတဲ့ သက်သေအထောက်အထားတွေ၊ နောက်တစ်ခြား အဖွဲ့အစည်းတွေကနေ တင်ပြပေးလာတာတွေ ရှိပါတယ်။ ဒီသက်သေ အထောက်အထားတွေနဲ့ ဆွေးနွေးတာပေါ့။ အစည်းအဝေး သဘောအရက ဟိုဘက်၊ ဒီဘက် တင်ပြတာတွေကို သက်ဆိုင်ရာ တွေဆီကို ပြန်လည် ညှိနှိုင်းရတာပါ။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဟိုဘက်မှာ ဒီလိုကြုံရတယ်ဆိုရင် တာချီလိတ် ချစ်ကြည်ရေးတံတား(၁)က ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ လူကုန်တားအဖွဲ့တို့ကို သတင်းပေးလို့ ရပါတယ်။ ဒီအချက်အလက်တွေနဲ့ ဟိုဘက်ကို ပြန်ဆွေးနွေးပေးလို့ရပါတယ်။ ကိုယ့်ဘက်က အထောက်အထားရှိဖို့တော့ လိုတာပေါ့”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် စက်တင်ဘာလ (၁၄)ရက်နှင့် (၁၅)ရက်နေ့များတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ်လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ (BCATIP) ဥက္ကဌ၊ တာချီလိတ်ခရိုင်ရဲမှူး ဒုရဲမှူးကြီး ထိန်ဝင်းဦးစီးသည့် မြန်မာကိုယ်စားလှယ်(၁၅)ဦး တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~