ရခိုင်တွင်ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

စက်တင်ဘာ 11, 2017
By 🌸
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်ပံ့ပိုးပေးကြခြင်းသည်သာ  ရခိုင်အရေးကိစ္စဖြေရှင်းရေးတွင်အကောင်းဆုံးကူညီနိုင်မည့်နည်းလမ်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့်အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည့် သတင်းထုတ်ပြန်ချက်တွင် နေရပ်စွန့်ခွာတိမ်းရှောင်ကြရသည့် လူမှုအသိုင်းအဝန်းများအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဘက်လိုက်ခွဲခြားမှုမရှိစေဘဲ ပေးအပ်သွားမည်ဖြစ်ပြီး ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ထောင်ထားသော မြန်မာအစိုးရဦးဆောင်သည့် အကူအညီပေးရေးယန္တရားတစ်ရပ်မှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖေါ်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းမှစ၍ Arakan Rohingya Salvation Army(ARSA)ဟုခေါ်သည့် အစွန်းရောက်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသတွင်း အရပ်သားများ နေရပ်မှထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

လွတ်လပ်သော အတည်ပြုချက်များအရ ပြည်ပမှ ငွေကြေးထောက်ပံ့မှုနှင့် အားပေးလှုံ့ဆော်မှုရရှိထားသည့် အဆိုပါအကြမ်းဖက်အဖွဲ့က ယခုနှစ် သြဂုတ်လမှစတင်သည့်တိုက်ခိုက်မှုအပြင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့က ဖြစ်ပွားသည့် တိုက်ခိုက်မှုမှာလည်း ၎င်းတို့ကျုးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖေါ်ကြေညာထားကြောင်း သိရသည်။

၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်မှန်သမျှအား မည်သည့်အကြောင်းပြချက်နှင့်မျှ ခွင့်လွှတ်နိုင်မည်မဟုတ်ပါဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
ရခိုင်တွင်ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
***********

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~