တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ သီတင္းကၽြတ္ပြဲေတာ္အျဖစ္ က်င္းပမည့္ ခ်စ္စြမ္းသာ ဇာတ္သဘင္၏ ေနာက္ဆံုးေန႔အား ရခုိင္ျပည္နယ္ကူညီေထာက္ပံ့ေရး ရန္ပံုေငြပြဲအျဖစ္ ျပဳလုပ္မည္

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ သီတင္းကၽြတ္ပြဲေတာ္အျဖစ္ က်င္းပမည့္ ခ်စ္စြမ္းသာ ဇာတ္သဘင္၏ ေနာက္ဆံုးေန႔အား ရခုိင္ျပည္နယ္ကူညီေထာက္ပံ့ေရး ရန္ပံုေငြပြဲအျဖစ္ ျပဳလုပ္မည္
စက်တင်ဘာ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ရခိုင္ျပည္နယ္ကူညီေရးရန္ပံုေငြပြဲအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံ သဘင္ပညာရွင္မ်ား အစည္းအရံုးက ဦးေဆာင္က်င္းပသည့္ သီတင္းကၽြတ္ပြဲေတာ္အတြင္း ေအာက္တိုဘာလ (၁၀)ရက္ေန႔တြင္ တစ္ရက္တာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“သီတင္းကၽြတ္ပြဲမွာ ခ်စ္စြမ္းသာပြဲ ကမယ္။ အဲဒီမွာ တစ္ရက္တာကို ရန္ပံုေငြပြဲအျဖစ္ ပြဲစီစဥ္တဲ့ ဦးရဲထြန္းသိန္းက ကုန္က်ခံမွာပါ။ ရန္ပံုေငြပြဲအျဖစ္ လက္မွတ္ကို ဘတ္(၂၀၀)နဲ႔ ေရာင္းခ်သြားမွာပါ။ ဒီကရတဲ့ ေငြအားလံုးကိုေတာ့ ရခိုင္ျပည္နယ္ကို ကူညီေထာက္ပံံ့ေရးအတြက္ အသံုးျပဳသြားမွာပါ။ ဒီမွာ ပါဝင္ လွဴဒါန္းခ်င္သူအားလံုး ပါဝင္လွဴဒါန္းႏုိင္ဖို႔အတြက္ ဒီလို စီစဥ္လုိက္တာပါ။ ဒီမွာေတာ့ ေဂ်ညီညီတို႔ သွ်န္ထြန္း(ျမန္မာစာ)တို႔လည္း ပါဝင္ကူညီၾကမယ္လို႔ သိရပါတယ္”ဟု  ရခုိင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ(တာခ်ီလိတ္ၿမိဳ႕နယ္)ဥကၠဌ ဦးေအာင္ၿဖိဳးရွိန္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရုိးမကြင္းတြင္ ေအာက္တိုဘာလ (၃)ရက္ေန႔မွစ၍ ေအာက္တိုဘာလ (၁၀)ရက္ေန႔အထိ က်င္းပမည့္ သီတင္းကၽြတ္ပြဲေတာ္တြင္ မင္းသား ခ်စ္စြမ္းသာ ကျပမည့္ ေရႊလာဘ္ ေငြလာဘ္သဘင္လည္း (၈)ရက္လံုး ကျပမည္ျဖစ္ရာ ေနာက္ဆံုးေန႔ျဖစ္သည့္ ေအာက္တိုဘာလ (၁၀)ရက္ေန႔တြင္ ရန္ပံုေငြပြဲအျဖစ္ ကျပျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ ဒီပြဲတစ္ရက္ကို ေကာ္မတီရန္ပံုေငြပြဲ လုပ္ခ်င္တဲ့အတြက္ စီစဥ္ေပးတာပါ။ တစ္ရက္စာ ကုန္က်စရိတ္ကို ကၽြန္ေတာ္တို႔က လွဴတာေပါ့ေနာ္။ ေကာ္မတီကေတာ့ လက္မွတ္ေတြ ကူေရာင္းေပးသြားပါမယ္။ (၁၀)ရက္ေန႔ပြဲအတြက္ ရန္ပံုေငြလက္မွတ္ေရာင္းမယ့္ အစီအစဥ္ကိုလည္း ေၾကညာပါ့မယ္”ဟု ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားအစည္းအရံုး (တာခ်ီလိတ္ၿမိဳ႕)၏ ဒုတိယဥကၠဌ ဦးရဲထြန္းသိန္း(ကိုသားႀကီး)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ မီးထြန္းပြဲေတာ္အား မီးပေဒသာလွည့္ပြဲ၊ ဇာတ္သဘင္၊ ေပ်ာ္ရႊင္စရာ ဝကၤပါ ပဲြေတာ္ႏွင့္ ကြင္းလံုးျပည့္ မီးထြန္းပဲြေတာ္တို႔ျဖင့္ စည္ကားစြာက်င္းပႏုိင္ရန္ ျပင္ဆင္ထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံ သဘင္ပညာရွင္မ်ား အစည္းအရံုးက ေဒသတြင္း လူမႈေရးအဖြဲ႕မ်ားျဖင့္ ပူးေပါင္းစီစဥ္ထားေၾကာင္း သိရသည္။

အဆိုပါ သီတင္းကၽြတ္ပြဲေတာ္တြင္ မင္းသား ခ်စ္စြမ္းသာကျပမည့္ ေရႊလာဘ္ ေငြလာဘ္သဘင္လည္း (၈)ရက္တာ ပါဝင္မည္ျဖစ္ၿပီး ရံုဝင္ခႏႈန္းထားမ်ားအျဖစ္ ဘတ္(၃၀၀)၊ ဘတ္ (၂၀၀) ႏွင့္ ဘတ္ (၁၀၀) အသီးသီး သတ္မွတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရခိုင်ပြည်နယ်ကူညီရေးရန်ပုံငွေပွဲအဖြစ် တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးက ဦးဆောင်ကျင်းပသည့် သီတင်းကျွတ်ပွဲတော်အတွင်း အောက်တိုဘာလ (၁၀)ရက်နေ့တွင် တစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“သီတင်းကျွတ်ပွဲမှာ ချစ်စွမ်းသာပွဲ ကမယ်။ အဲဒီမှာ တစ်ရက်တာကို ရန်ပုံငွေပွဲအဖြစ် ပွဲစီစဉ်တဲ့ ဦးရဲထွန်းသိန်းက ကုန်ကျခံမှာပါ။ ရန်ပုံငွေပွဲအဖြစ် လက်မှတ်ကို ဘတ်(၂၀၀)နဲ့ ရောင်းချသွားမှာပါ။ ဒီကရတဲ့ ငွေအားလုံးကိုတော့ ရခိုင်ပြည်နယ်ကို ကူညီထောက်ပံ့ရေးအတွက် အသုံးပြုသွားမှာပါ။ ဒီမှာ ပါဝင် လှူဒါန်းချင်သူအားလုံး ပါဝင်လှူဒါန်းနိုင်ဖို့အတွက် ဒီလို စီစဉ်လိုက်တာပါ။ ဒီမှာတော့ ဂျေညီညီတို့ သျှန်ထွန်း(မြန်မာစာ)တို့လည်း ပါဝင်ကူညီကြမယ်လို့ သိရပါတယ်”ဟု ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ(တာချီလိတ်မြို့နယ်)ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် အောက်တိုဘာလ (၃)ရက်နေ့မှစ၍ အောက်တိုဘာလ (၁၀)ရက်နေ့အထိ ကျင်းပမည့် သီတင်းကျွတ်ပွဲတော်တွင် မင်းသား ချစ်စွမ်းသာ ကပြမည့် ရွှေလာဘ် ငွေလာဘ်သဘင်လည်း (၈)ရက်လုံး ကပြမည်ဖြစ်ရာ နောက်ဆုံးနေ့ဖြစ်သည့် အောက်တိုဘာလ (၁၀)ရက်နေ့တွင် ရန်ပုံငွေပွဲအဖြစ် ကပြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီပွဲတစ်ရက်ကို ကော်မတီရန်ပုံငွေပွဲ လုပ်ချင်တဲ့အတွက် စီစဉ်ပေးတာပါ။ တစ်ရက်စာ ကုန်ကျစရိတ်ကို ကျွန်တော်တို့က လှူတာပေါ့နော်။ ကော်မတီကတော့ လက်မှတ်တွေ ကူရောင်းပေးသွားပါမယ်။ (၁၀)ရက်နေ့ပွဲအတွက် ရန်ပုံငွေလက်မှတ်ရောင်းမယ့် အစီအစဉ်ကိုလည်း ကြေညာပါ့မယ်”ဟု မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး (ရှမ်း/အရှေ့)၏ ဒုတိယဥက္ကဌ ဦးရဲထွန်းသိန်း(ကိုသားကြီး)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မီးထွန်းပွဲတော်အား မီးပဒေသာလှည့်ပွဲ၊ ဇာတ်သဘင်၊ ပျော်ရွှင်စရာ ဝင်္ကပါ ပွဲတော်နှင့် ကွင်းလုံးပြည့် မီးထွန်းပွဲတော်တို့ဖြင့် စည်ကားစွာကျင်းပနိုင်ရန် ပြင်ဆင်ထားကြောင်း တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးက ဒေသတွင်း လူမှုရေးအဖွဲ့များဖြင့် ပူးပေါင်းစီစဉ်ထားကြောင်း သိရသည်။

အဆိုပါ သီတင်းကျွတ်ပွဲတော်တွင် မင်းသား ချစ်စွမ်းသာကပြမည့် ရွှေလာဘ် ငွေလာဘ်သဘင်လည်း (၈)ရက်တာ ပါဝင်မည်ဖြစ်ပြီး ရုံဝင်ခနှုန်းထားများအဖြစ် ဘတ်(၃၀၀)၊ ဘတ် (၂၀၀) နှင့် ဘတ် (၁၀၀) အသီးသီး သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~