ရန္ကုန္ - စစ္ေတြကားလမ္းတြင္ ခရီးသည္တင္ယာဥ္အပါအဝင္ ေမာ္ေတာ္ယာဥ္ႏွစ္စီး မုိင္းခြဲခံရ

ရန္ကုန္ - စစ္ေတြကားလမ္းတြင္ ခရီးသည္တင္ယာဥ္အပါအဝင္ ေမာ္ေတာ္ယာဥ္ႏွစ္စီး မုိင္းခြဲခံရ
စက်တင်ဘာ 20, 2017
By 🌸
ရန္ကုန္ - စစ္ေတြကားလမ္း မုိင္တုိင္အမွတ္ ၉၆/၄ အနီး မင္းျပားၿမိဳ႕ႏွင့္ ေျမာက္ဦးၿမိဳ႕အၾကားတြင္ စက္တင္ဘာလ (၁၉)ရက္ေန႔ ညေန (၆)နာရီ (၅၅)မိနစ္ခန္႔က ခရီးသည္တင္ယာဥ္တစ္စီးႏွင့္ (၆)ဘီးယာဥ္တုိ႔ ျဖတ္သန္းသြားစဥ္ မုိင္းသံုးလံုးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း သိရသည္။

ရန္ကုန္မွ စစ္ေတြသို႔ ေမာင္းႏွင္လာသည့္ ကစၦပနဒီယာဥ္လုိင္းမွ ခရီးသည္တင္ေမာ္ေတာ္ယာဥ္ တစ္စီးႏွင့္ (၆)ဘီးယာဥ္တစ္စီးတို႔ အဆိုပါလမ္းပိုင္းတြင္ ျဖတ္သန္းစဥ္ အေဝးထိန္းမိုင္းယု ယူဆရသည့္ မိုင္းသံုးလံုးေပါက္ကြဲမႈေၾကာင့္ (၆)ဘီးယာဥ္၏ ေရွ႕ေလကာမွန္ကြဲသြားၿပီး ကစၦပနဒီယာဥ္လုိင္းမွ ခရီးသည္တင္ယာဥ္၏ ဘယ္ဖက္ေဘးမွန္ေလးခ်ပ္ႏွင့္ ေနာက္မွန္တို႔ ပ်က္စီးသြားခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရသူမရိွေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာသို႔ နယ္ေျမခံတပ္မွ တပ္မေတာ္သားမ်ား နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ခဲ့ရာ ေပါက္ကြဲမႈျဖစ္စဥ္မွ ရရိွေသာအခ်က္အလက္မ်ားအရ ေဒသႏၱရ(လက္လုပ္မိုင္း) အေဝးထိန္းမိုင္းျဖစ္သည္ဟုသိရၿပီး သက္ဆုိင္ရာက ဆက္လက္စံုစမ္းမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ခရီးသည္တင္ယာဥ္မ်ားအား အေဝးထိန္းမိုင္းျဖင့္ တုိက္ခုိက္မႈမ်ားကို ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလအတြင္းက ပုဏၰားကၽြန္းၿမိဳ႕နယ္အတြင္း တစ္ႀကိမ္ႏွင့္ မင္းျပားၿမိဳ႕နယ္အတြင္း ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေမာင္ယဥ္ေက်း

~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုန် - စစ်တွေကားလမ်းတွင် ခရီးသည်တင်ယာဉ်အပါအဝင် မော်တော်ယာဉ်နှစ်စီး မိုင်းခွဲခံရ
*********
ရန်ကုန် - စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၉၆/၄ အနီး မင်းပြားမြို့နှင့် မြောက်ဦးမြို့အကြားတွင် စက်တင်ဘာလ (၁၉)ရက်နေ့ ညနေ (၆)နာရီ (၅၅)မိနစ်ခန့်က ခရီးသည်တင်ယာဉ်တစ်စီးနှင့် (၆)ဘီးယာဉ်တို့ ဖြတ်သန်းသွားစဉ် မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသည့် ကစ္ဆပနဒီယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ် တစ်စီးနှင့် (၆)ဘီးယာဉ်တစ်စီးတို့ အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းစဉ် အဝေးထိန်းမိုင်းဟု ယူဆရသည့် မိုင်းသုံးလုံးပေါက်ကွဲမှုကြောင့် (၆)ဘီးယာဉ်၏ ရှေ့လေကာမှန်ကွဲသွားပြီး ကစ္ဆပနဒီယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်၏ ဘယ်ဖက်ဘေးမှန်လေးချပ်နှင့် နောက်မှန်တို့ ပျက်စီးသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ နယ်မြေခံတပ်မှ တပ်မတော်သားများ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်စဉ်မှ ရရှိသောအချက်အလက်များအရ ဒေသန္တရ(လက်လုပ်မိုင်း) အဝေးထိန်းမိုင်းဖြစ်သည်ဟုသိရပြီး သက်ဆိုင်ရာက ဆက်လက်စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်များအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တစ်ကြိမ်နှင့် မင်းပြားမြို့နယ်အတွင်း နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #မောင်ယဉ်ကျေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~