ရခိုင္ျပည္နယ္ေျမာက္ျခမ္းအတြက္ တာခ်ီလိတ္ေစတနာရွင္မ်ား လွဴဒါန္းသည့္ (၈)ရက္တာ ကာလအတြင္း က်ပ္သိန္း(၃၀၀)ေက်ာ္ ရရွိ

ရခိုင္ျပည္နယ္ေျမာက္ျခမ္းအတြက္ တာခ်ီလိတ္ေစတနာရွင္မ်ား လွဴဒါန္းသည့္ (၈)ရက္တာ ကာလအတြင္း က်ပ္သိန္း(၃၀၀)ေက်ာ္ ရရွိ
စက်တင်ဘာ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၏ ရခိုင္ျပည္နယ္ေျမာက္ျခမ္းအတြက္ ကူညီေထာက္ပံ့ေရး ေကာ္မတီမွ အလွဴခံဌာန စတင္ဖြင့္လွစ္သည့္ ၾသဂုတ္လ(၂၈)ရက္ေန႔မွစ၍ စက္တင္ဘာလ(၄)ရက္ေန႔အထိ စုေပါင္း မတည္အလွဴေငြႏွင့္ ေစတနာရွင္မ်ား၏ လာေရာက္လွဴဒါန္းေငြ စုစုေပါင္းက်ပ္သိန္း(၃၀၀)ေက်ာ္ ရရွိထားၿပီး က်ပ္သိန္း(၂၀၀)ေက်ာ္အား ေထာက္ပံ့လွဴဒါန္းထားၿပီး ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔နဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ၿပီးခဲ့တဲ့ရက္က ေငြက်ပ္ (၁၀၂)သိန္းေက်ာ္ တန္ဖိုးရွိတဲ့ ဆန္အိတ္(၄၀၀)၊ ဆီဖာ (၁၅၀)နဲ႔ ေငြက်ပ္သိန္း(၁၀၀)တို႔ကို ေပးပို႔လွဴဒါန္းျပီး ျဖစ္ပါတယ္။ ဆက္လက္ၿပီးေတာ့ ကြ်န္ေတာ္တို႔ အလွဴခံဌာနကို ဒီလ(၇)ရက္ေန႔အထိ ဖြင့္လွစ္သြားၿပီး တတိယအႀကိမ္ ထပ္မံေပးပို႔လွဴဒါန္းသြားမွာျဖစ္ပါတယ္။ ပါ၀င္လွဴဒါန္းလာၾကတဲ့ ေစတနာရွင္ အလွဴရွင္မ်ားကို ေက်းဇူးအထူးပဲ တင္ရွိပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕၏ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရး ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္အတြင္းမွ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕၏ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရး ေကာ္မတီအား ၾသဂုတ္လ (၂၇)ရက္ေန႔က ဖြဲ႕စည္းလိုက္ၿပီး ၾသဂုတ္လ (၂၈)ရက္ေန႔က စတင္ကာ နံနက္ (၈)နာရီမွ ညေန(၅)နာရီအထိ ေန႔စဥ္ တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္တြင္ အလွဴခံဌာန ဖြင့္လွစ္ထားျခင္း ျဖစ္ေၾကာင္းႏွင့္ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး(စားေသာက္ဆိုင္)ကလည္း အလွဴခံသည့္ကာလအတြင္း ေကာ္မတီဝင္မ်ားႏွင့္ လာေရာက္လွဴဒါန္းသူမ်ားကို ဧည့္ခံ ေကြ်းေမြးမႈမ်ားျဖင့္လည္း ဒါနျပဳထားေၾကာင္း သိရသည္။

စက္တင္ဘာလ(၄)ရက္ေန႔ တြင္ ေစတနာရွင္မ်ားမွ လာေရာက္လွဴဒါန္းလာၾကရာ က်ပ္ေငြ(၂၁၅၆၀၀၀) ႏွင့္ ထိုင္းဘတ္ေငြ (၉၆၂၀)ဘတ္ရရွိရာ အလွဴခံဌာနဖြင့္လွစ္သည့္ (၈)ရက္တာ ကာလအတြင္း က်ပ္သိန္း(၃၀၀)ေက်ာ္ ရရွိထားၿပီျဖစ္ေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၏ ရခိုင်ပြည်နယ်မြောက်ခြမ်းအတွက် ကူညီထောက်ပံ့ရေး ကော်မတီမှ အလှူခံဌာန စတင်ဖွင့်လှစ်သည့် သြဂုတ်လ(၂၈)ရက်နေ့မှစ၍ စက်တင်ဘာလ(၄)ရက်နေ့အထိ စုပေါင်း မတည်အလှူငွေနှင့် စေတနာရှင်များ၏ လာရောက်လှူဒါန်းငွေ စုစုပေါင်းကျပ်သိန်း(၃၀၀)ကျော် ရရှိထားပြီး ကျပ်သိန်း(၂၀၀)ကျော်အား ထောက်ပံ့လှူဒါန်းထားပြီး ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ ပြီးခဲ့တဲ့ရက်က ငွေကျပ် (၁၀၂)သိန်းကျော် တန်ဖိုးရှိတဲ့ ဆန်အိတ်(၄၀၀)၊ ဆီဖာ (၁၅၀)နဲ့ ငွေကျပ်သိန်း(၁၀၀)တို့ကို ပေးပို့လှူဒါန်းပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ အလှူခံဌာနကို ဒီလ(၇)ရက်နေ့အထိ ဖွင့်လှစ်သွားပြီး တတိယအကြိမ် ထပ်မံပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်။ ပါဝင်လှူဒါန်းလာကြတဲ့ စေတနာရှင် အလှူရှင်များကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်"ဟု တာချီလိတ်မြို့၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် တာချီလိတ်မြို့၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီအား သြဂုတ်လ (၂၇)ရက်နေ့က ဖွဲ့စည်းလိုက်ပြီး သြဂုတ်လ (၂၈)ရက်နေ့က စတင်ကာ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ နေ့စဉ် တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်တွင် အလှူခံဌာန ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းနှင့် ဗယ်လင်တိုင်း ကဖေးနှင့်အအေး(စားသောက်ဆိုင်)ကလည်း အလှူခံသည့်ကာလအတွင်း ကော်မတီဝင်များနှင့် လာရောက်လှူဒါန်းသူများကို ဧည့်ခံ ကျွေးမွေးမှုများဖြင့်လည်း ဒါနပြုထားကြောင်း သိရသည်။

စက်တင်ဘာလ(၄)ရက်နေ့ တွင် စေတနာရှင်များမှ လာရောက်လှူဒါန်းလာကြရာ ကျပ်ငွေ(၂၁၅၆၀၀၀) နှင့် ထိုင်းဘတ်ငွေ (၉၆၂၀)ဘတ်ရရှိရာ အလှူခံဌာနဖွင့်လှစ်သည့် (၈)ရက်တာ ကာလအတွင်း ကျပ်သိန်း(၃၀၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~