ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးအတြက္ တာေလၿမိဳ႕မွ အလွဴခံပထမေန႔တြင္ က်ပ္ ၁၃ သိန္းေက်ာ္ရရိွ

ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးအတြက္ တာေလၿမိဳ႕မွ အလွဴခံပထမေန႔တြင္ က်ပ္ ၁၃ သိန္းေက်ာ္ရရိွ
စက်တင်ဘာ 6, 2017
By 🌸
ရခိုင္ျပည္နယ္ ပဋိပကၡနယ္ေျမမွ ေဒသခံမ်ားအား ကူညီေထာက္ပံ့ရန္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕တြင္ စက္တင္ဘာလ(၆)ရက္ေန႔က အလွဴခံဌာနစတင္ဖြင့္လွစ္လိုက္ရာ ပထမေန႔တြင္ အလွဴ ေငြစုစုေပါင္း(၁၃၇၇၀၀၀)က်ပ္ႏွင့္ ဘတ္ေငြ(၁၉၀၀)ရရိွေၾကာင္း သိရသည္။

တာေလၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းေရွ႕တြင္ စက္တင္ဘာလ (၁၅)ရက္ေန႔အထိ အလွဴခံဌာနဖြင့္လွစ္၍ အလွဴေငြေကာက္ခံသြားမည္ျဖစ္ၿပီး ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕)မွ တစ္ဆင့္ ရခုိင္ျပည္နယ္ေဒသခံမ်ားသို႔ ေပးပို႔လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း ရခိုင္ျပည္နယ္ကူညီေထာက္ပံ့ေရး အလွဴခံဌာန (တာေလၿမိဳ႕)မွ ဦးၿငိမ္းေသာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အလွဴခံဌာနတြင္ တာေလၿမိဳ႕အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၀န္ထမ္းမ်ားႏွင့္ တာေလၿမိဳ႕မွ ေဒသခံမ်ား ကူညီလ်က္ရွိေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ ၾသဂုတ္လ(၂၅)ရက္ေန႔မွစ၍ Arakan Rohingya Salvation Army (ARSA) အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား ဝင္ေရာက္တုိက္ခိုက္ေနသျဖင့္ ေဒသခံမ်ားမွာ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရာ စက္တင္ဘာလ(၅)ရက္ေန႔အထိ အၾကမ္းဖက္မႈေၾကာင့္ ျပည္တြင္း ေနရပ္စြန္႔ခြာရသူ တိုင္းရင္းသား (၂၆၇၄၇) ဦး ရွိေနၿပီျဖစ္ေၾကာင္း သတင္းထုတ္ျပန္ေရးေကာ္မတီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးအတွက် တာလေမြို့မှ အလှူခံပထမနေ့တွင် ကျပ် ၁၃ သိန်းကျော်ရရှိ
*******
ရခိုင်ပြည်နယ် ပဋိပက္ခနယ်မြေမှ ဒေသခံများအား ကူညီထောက်ပံ့ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် စက်တင်ဘာလ(၆)ရက်နေ့က အလှူခံဌာနစတင်ဖွင့်လှစ်လိုက်ရာ ပထမနေ့တွင် အလှူ ငွေစုစုပေါင်း(၁၃၇၇၀၀၀)ကျပ်နှင့် ဘတ်ငွေ(၁၉၀၀)ရရှိကြောင်း သိရသည်။

တာလေမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စက်တင်ဘာလ (၁၅)ရက်နေ့အထိ အလှူခံဌာနဖွင့်လှစ်၍ အလှူငွေကောက်ခံသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့)မှ တစ်ဆင့် ရခိုင်ပြည်နယ်ဒေသခံများသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေး အလှူခံဌာန (တာလေမြို့)မှ ဦးငြိမ်းသောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အလှူခံဌာနတွင် တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် တာလေမြို့မှ ဒေသခံများ ကူညီလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ(၂၅)ရက်နေ့မှစ၍ Arakan Rohingya Salvation Army (ARSA) အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်နေသဖြင့် ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရာ စက်တင်ဘာလ(၅)ရက်နေ့အထိ အကြမ်းဖက်မှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူ တိုင်းရင်းသား (၂၆၇၄၇) ဦး ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~