တာခ်ီလိတ္ၿမိဳ႕၌ ဖြင့္လွစ္လိုက္သည့္ ျမန္မာႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲတြင္ က်ပ္ႏွစ္ေသာင္းခြဲျဖင့္ ႏိုင္ငံကူးလက္မွတ္မ်ား စတင္ ျပဳလုပ္ႏိုင္ၿပီ

တာခ်ီလိတ္ၿမိဳ႕၌ ဖြင့္လွစ္လိုက္သည့္ ျမန္မာႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲတြင္ က်ပ္ႏွစ္ေသာင္းခြဲျဖင့္ ႏိုင္ငံကူးလက္မွတ္မ်ား စတင္ ျပဳလုပ္ႏိုင္ၿပီ
စက်တင်ဘာ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ စက္တင္ဘာလ (၂၅)ရက္ေန႔က စတင္ဖြင့္လွစ္လိုက္သည့္ ျမန္မာႏုိင္ငံကူး လက္မွတ္ထုတ္ေပးေရးရံုးခြဲမွ လုပ္ငန္းမ်ား စတင္ေဆာင္ရြက္ေနၿပီး ႏုိင္ငံကူး လက္မွတ္မ်ားအား စုစုေပါင္း ကုန္က်ေငြ က်ပ္(၂၅၀၀၀)ျဖင့္ (၁၀)ရက္အတြင္း ထုတ္ေပးႏုိင္ရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကိုယ့္ႏိုင္ငံသားေတြ တစ္ဖက္ႏိုင္ငံမွာ အလုပ္ လုပ္တယ္။ သြားေရးလာေရး သက္သာေအာင္၊ အခ်ိန္ကုန္သက္သာေအာင္၊ သတ္မွတ္ထားတဲ့ ေစ်းႏႈန္းအတုိင္း ရေအာင္ဆိုၿပီးေတာ့ ႏိုင္ငံအဆင့္ ပုဂၢိဳလ္ႀကီးေတြက ေဆြးေႏြးၿပီး ေကာင္းေအာင္လုပ္ေပးတာပါ။ တိုင္းနဲ႔ျပည္နယ္ေတြ သတ္မွတ္ထားတဲ့ မွတ္ပံုတင္၊ သန္းေခါင္စာရင္း ပါတယ္ဆိုရင္ ျပည္နယ္နဲ႔တိုင္း ထည့္ၿပီးေျပာေနစရာမလိုေတာ့ပါဘူး။ ကြ်န္ေတာ္တို႔ရံုးမွာ ရန္ကုန္ရံုးလိုပဲ လုပ္ေပးမွာပါ။ ရန္ကုန္က သတ္မွတ္ခ်ိန္းဆိုတဲ့ အတိုင္းပဲ (၁၀)ရက္ဆို (၁၀)ရက္အတိုင္း ထုတ္ေပးသြားမွာ ျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲ(တာခ်ီလိတ္) မွ တာ၀န္ခံအရာရွိ ဒုတိယရဲမွဴးႀကီးေအးႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏုိင္ငံကူးလက္မွတ္ ေလွ်ာက္ထားရာတြင္ ၾကားပြဲစားမ်ားျဖင့္ ေဆာင္ရြက္ျခင္း မျပဳရန္ သတိေပးထားၿပီး စုစုေပါင္း ကုန္က်စရိတ္ က်ပ္ႏွစ္ေသာင္းငါးေထာင္ (၂၅၀၀၀)ကုန္က်မည္ျဖစ္ေၾကာင္း သိရသည္။

"အလုပ္အကိုင္အတြက္ ႏုိင္ငံကူးလက္မွတ္ဆိုရင္ တရား၀င္ အခြန္ေဆာင္ထားတဲ့ စက္ရံု၊ ကုမၸဏီ၊ အလုပ္ရံုကေနၿပီးေတာ့ သူတို႔ လုပ္သားျဖစ္ေၾကာင္း ေထာက္ခံခ်က္ပါရပါမယ္။ ျမန္မာႏိုင္ငံ အလုပ္သမား ဦးစီးဌာနရဲ႕ ၿမိဳ႕နယ္ရံုးက ေလဘာကတ္ ပါရပါမယ္။ ဆက္လက္ၿပီး လ၀က အပိုင္းကေတာ့ ႏိုင္ငံသားကိစၥ စိစစ္မွာပါ။ တစ္ဖက္ႏိုင္ငံမွာ အလုပ္ လုပ္ဖို႔အတြက္ ေလွ်ာက္ခ်င္တာဆိုရင္ အလုပ္ လုပ္လို႔ရတဲ့ ႏုိင္ငံကူးလက္မွတ္ကို ေလွ်ာက္ရမွာျဖစ္ပါတယ္၊ အေသးစိတ္သိခ်င္တာေတြဆို လာေမးရင္ ၀န္ထမ္းေတြက အေသးစိတ္ရွင္းျပေပးမွာျဖစ္ပါတယ္"ဟု တာ၀န္ခံအရာရွိ ဒုတိယရဲမွဴးႀကီးေအးႏိုင္က ေျပာသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲ (တာခ်ီလိတ္)တြင္ အလည္အပတ္၊ အလုပ္အကိုင္၊ ပညာသင္၊ စီးပြားေရး၊ ဘာသာေရးကိစၥ၊ မွီခို၊ သေဘၤာသား ႏုိင္ငံကူးလက္မွတ္အမ်ိဳးအစားအားလံုးအား ထုတ္ေပးေနၿပီး ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ႏုိင္ငံသားစိစစ္ေရးကတ္ျပားႏွင့္ အိမ္ေထာင္စုဦးေရစာရင္း (သန္းေခါင္စာရင္း)၊ အသက္ဆယ္ႏွစ္ေအာက္ ကေလးျဖစ္ပါက ေမြးစာရင္း၊ သာသနာ့ဝန္ထမ္းျဖစ္ပါက သာသနာဝင္ စိစစ္ေရးကတ္ႏွင့္ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕၏ ေထာက္ခံခ်က္မူရင္းမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားျဖစ္ပါက သက္ဆုိင္ရာ ဝန္ႀကီးဌာန၏ ျပည္ပခြင့္၊ စီးပြားေရးကိစၥျဖစ္ပါက ကုမၸဏီမွတ္ပံုတင္ (Form 6/26)၊ ႏုိင္ငံကူးလက္မွတ္အေဟာင္းရိွပါက ႏုိင္ငံကူးလက္မွတ္ စာအုပ္အေဟာင္းစသည့္ အေထာက္အထားမူရင္းမ်ား လိုအပ္ေၾကာင္း သိရသည္။

ႏိုင္ငံကူးလက္မွတ္(passport) ေလွ်ာက္ထားရာတြင္ လိုအပ္သည့္ စာရြက္စာတမ္းအေသးစိတ္မွာ မွတ္ပံုတင္မူရင္း၊ အိမ္ေထာင္စုဇယားမူရင္း၊ ႏုိင္ငံေရးပါတီ၊ NGO အဖဲြ႕အစည္းတစ္ခုခုမွ ျဖစ္ပါက သက္ဆုိင္ရာ အႀကီးအကဲ၏ ကန္႔ကြက္ရန္မရိွေၾကာင္း ေထာက္ခံခ်က္အား ရံုးတံဆိပ္ျဖင့္ ထုတ္ေပး သည့္စာ၊ ဝန္ထမ္းျဖစ္ပါက ျပည္ပခြင့္စာရြက္၊ တပ္မေတာ္သားမ်ား၏ မိသားစုဝင္ျဖစ္ပါက ကက(ၾကည္း)ေထာက္ခံစာ၊ အၿငိမ္းစားဝန္ထမ္းျဖစ္ပါက ပင္စင္စာအုပ္(သို႔မဟုတ္) အၿငိမ္းစားစာ၊ ထုတ္ပယ္ခံရေသာ ဝန္ထမ္းျဖစ္ပါက ထုတ္ပယ္စာ၊ ျပစ္ဒဏ္က်ခံဖူးသူျဖစ္ပါက ေထာင္လြတ္ဝရမ္းစာ၊ ရဟန္းသံဃာျဖစ္ပါက ၿမိဳ႕နယ္သံဃနာယကအဖြဲ႕၏ ေထာက္ခံခ်က္ႏွင့္ သာသနာဝင္ကတ္ျပားမ်ား မူရင္းအေထာက္အထား တင္ျပရန္ လိုအပ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယခင္က ထုိင္းႏုိင္ငံသို႔ အလုပ္သြားေရာက္လုပ္ကိုင္ၾကသည့္အလုပ္သမားမ်ားအတြက္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of identity –CI) (ေဒသအေခၚ အစိမ္းေရာင္ ႏိုင္ငံကူးလက္မွတ္) ကို ထုတ္ေပးခဲ့ေသာ္လည္း လြန္ခဲ့သည့္(၂)ႏွစ္ခန္႔ကတည္းက ရပ္နားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲ(တာခ်ီလိတ္)အား တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ရွမ္းရိုးမကြင္းေရွ႕ရွိ ေအာင္ခ်မ္းသာတိုက္တန္းတြင္ ဖြင့္လွစ္ထားရွိေၾကာင္းႏွင့္ တာခ်ီလိတ္နည္းတူ ျမ၀တီ ႏွင့္ ေကာ့ေသာင္းတို႔တြင္လည္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲမ်ားကို ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၂၅)ရက္ေန႔တြင္ တစ္ၿပိဳင္နက္တည္း စတင္ဖြင့္လွစ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စက်တင်ဘာလ (၂၅)ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည့် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးခွဲမှ လုပ်ငန်းများ စတင်ဆောင်ရွက်နပြေီး နိုင်ငံကူး လက်မှတ်များအား စုစုပေါင်း ကုန်ကျငွေ ကျပ်(၂၅၀၀၀)ဖြင့် (၁၀)ရက်အတွင်း ထုတ်ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကိုယ့်နိုင်ငံသားတွေ တစ်ဖက်နိုင်ငံမှာ အလုပ် လုပ်တယ်။ သွားရေးလာရေး သက်သာအောင်၊ အချိန်ကုန်သက်သာအောင်၊ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရအောင်ဆိုပြီးတော့ နိုင်ငံအဆင့် ပုဂ္ဂိုလ်ကြီးတွေက ဆွေးနွေးပြီး ကောင်းအောင်လုပ်ပေးတာပါ။ တိုင်းနဲ့ပြည်နယ်တွေ သတ်မှတ်ထားတဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပါတယ်ဆိုရင် ပြည်နယ်နဲ့တိုင်း ထည့်ပြီးပြောနေစရာမလိုတော့ပါဘူး။ ကျွန်တော်တို့ရုံးမှာ ရန်ကုန်ရုံးလိုပဲ လုပ်ပေးမှာပါ။ ရန်ကုန်က သတ်မှတ်ချိန်းဆိုတဲ့ အတိုင်းပဲ (၁၀)ရက်ဆို (၁၀)ရက်အတိုင်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(တာချီလိတ်) မှ တာဝန်ခံအရာရှိ ဒုတိယရဲမှူးကြီးအေးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ကြားပွဲစားများဖြင့် ဆောင်ရွက်ခြင်း မပြုရန် သတိပေးထားပြီး စုစုပေါင်း ကုန်ကျစရိတ် ကျပ်နှစ်သောင်းငါးထောင် (၂၅၀၀၀)ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

"အလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ်ဆိုရင် တရားဝင် အခွန်ဆောင်ထားတဲ့ စက်ရုံ၊ ကုမ္ပဏီ၊ အလုပ်ရုံကနပြေီးတော့ သူတို့ လုပ်သားဖြစ်ကြောင်း ထောက်ခံချက်ပါရပါမယ်။ မြန်မာနိုင်ငံ အလုပ်သမား ဦးစီးဌာနရဲ့ မြို့နယ်ရုံးက လေဘာကတ် ပါရပါမယ်။ ဆက်လက်ပြီး လဝက အပိုင်းကတော့ နိုင်ငံသားကိစ္စ စိစစ်မှာပါ။ တစ်ဖက်နိုင်ငံမှာ အလုပ် လုပ်ဖို့အတွက် လျှောက်ချင်တာဆိုရင် အလုပ် လုပ်လို့ရတဲ့ နိုင်ငံကူးလက်မှတ်ကို လျှောက်ရမှာဖြစ်ပါတယ်၊ အသေးစိတ်သိချင်တာတွေဆို လာမေးရင် ဝန်ထမ်းတွေက အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်"ဟု တာဝန်ခံအရာရှိ ဒုတိယရဲမှူးကြီးအေးနိုင်က ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ (တာချီလိတ်)တွင် အလည်အပတ်၊ အလုပ်အကိုင်၊ ပညာသင်၊ စီးပွားရေး၊ ဘာသာရေးကိစ္စ၊ မှီခို၊ သင်္ဘောသား နိုင်ငံကူးလက်မှတ်အမျိုးအစားအားလုံးအား ထုတ်ပေးနပြေီး လျှောက်ထားလိုသူများအနဖြေင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဦးရေစာရင်း (သန်းခေါင်စာရင်း)၊ အသက်ဆယ်နှစ်အောက် ကလေးဖြစ်ပါက မွေးစာရင်း၊ သာသနာ့ဝန်ထမ်းဖြစ်ပါက သာသနာဝင် စိစစ်ရေးကတ်နှင့် မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက်မူရင်းများ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ပြည်ပခွင့်၊ စီးပွားရေးကိစ္စဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင် (Form 6/26)၊ နိုင်ငံကူးလက်မှတ်အဟောင်းရှိပါက နိုင်ငံကူးလက်မှတ် စာအုပ်အဟောင်းစသည့် အထောက်အထားမူရင်းများ လိုအပ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်(passport) လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းအသေးစိတ်မှာ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ နိုင်ငံရေးပါတီ၊ NGO အဖွဲ့အစည်းတစ်ခုခုမှ ဖြစ်ပါက သက်ဆိုင်ရာ အကြီးအကဲ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်အား ရုံးတံဆိပ်ဖြင့် ထုတ်ပေး သည့်စာ၊ ဝန်ထမ်းဖြစ်ပါက ပြည်ပခွင့်စာရွက်၊ တပ်မတော်သားများ၏ မိသားစုဝင်ဖြစ်ပါက ကက(ကြည်း)ထောက်ခံစာ၊ အငြိမ်းစားဝန်ထမ်းဖြစ်ပါက ပင်စင်စာအုပ်(သို့မဟုတ်) အငြိမ်းစားစာ၊ ထုတ်ပယ်ခံရသော ဝန်ထမ်းဖြစ်ပါက ထုတ်ပယ်စာ၊ ပြစ်ဒဏ်ကျခံဖူးသူဖြစ်ပါက ထောင်လွတ်ဝရမ်းစာ၊ ရဟန်းသံဃာဖြစ်ပါက မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက်နှင့် သာသနာဝင်ကတ်ပြားများ မူရင်းအထောက်အထား တင်ပြရန် လိုအပ်သည်။

တာချီလိတ်မြို့တွင် ယခင်က ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ကြသည့်အလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of identity –CI) (ဒေသအခေါ် အစိမ်းရောင် နိုင်ငံကူးလက်မှတ်) ကို ထုတ်ပေးခဲ့သော်လည်း လွန်ခဲ့သည့်(၂)နှစ်ခန့်ကတည်းက ရပ်နားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(တာချီလိတ်)အား တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းရှေ့ရှိ အောင်ချမ်းသာတိုက်တန်းတွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် တာချီလိတ်နည်းတူ မြဝတီ နှင့် ကော့သောင်းတို့တွင်လည်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများကို ၂၀၁၇ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့တွင် တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~