လားရှိုးမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ကြား ပြည်ထောင်စုလမ်းဘေးရှိ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၈၀၀၀)အတွက် OHC က ကျောင်းဝတ်စုံများလှူဒါန်း

လားရှိုးမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ကြား ပြည်ထောင်စုလမ်းဘေးရှိ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၈၀၀၀)အတွက် OHC က ကျောင်းဝတ်စုံများလှူဒါန်း
စကျတငျဘာ 4, 2017
By Tachileik News Agency



မန္တလေး - လားရှိုး လမ်းတစ်လျှောက်မှ ကျောင်းများအား OHC ကုမ္ပဏီက လိုက်လံလှူဒါန်းနေခြင်းဖြစ်ပြီး အဆိုပါ လှူဒါန်းပွဲသို့ ပညာရေးဌာန၊ သက်ဆိုင်ရာနယ်မြေအုပ်ချုပ်ရေးဌာန၊ နိုင်ငံရေးပါတီအချို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။


သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #Kham Oo



~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လားရှိုးမြို့နယ်မှ ကွတ်ခိုင်မြို့နယ်အထိ မိုင်(၂၄၀)အတွင်း လမ်းနံဘေးရှိ ကျေးရွာများမှ စာသင်ကျောင်းများသို့ ကျောင်းဝတ်စုံများကို အဆိုပါလမ်းပိုင်းအား လုပ်ပိုင်ခွင့် ရထားသည့် Oriental Hightway Co.ltd (OHC) က စက်တင်ဘာလ (၄)ရက်နေ့တွင် လှူဒါန်းကြောင်း သိရသည်။

“ဒီနေ့လုပ်တာက လားရှိုးမြို့နယ်မှာ (၅)ကျောင်း၊ သိန်းနီမြို့နယ်မှာ (၃)ကျောင်း၊ ကွတ်ခိုင်မြို့နယ်မှာ (၄)ကျောင်း စုစုပေါင်း (၁၂)ကျောင်း ဖြစ်ပါတယ်။ မိုင်(၂၄၀)အတွင်းမှာရှိတဲ့ကျောင်းတွေကို လားရှိုးမြို့နယ်အပိုင်းကနေ လှူတာပေါ့။ ပြီးတော့ တစ်လကို တစ်ကြိမ်လောက် အဟာရကျွေးဖို့လုပ်မှာပါ” ဟု Oriental Highway Co.ltd မှ မန်နေဂျာ ဦးအောင်နိုင်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေး - လားရှိုး လမ်းတစ်လျှောက်မှ ကျောင်းများအား OHC ကုမ္ပဏီက လိုက်လံလှူဒါန်းနခြေင်းဖြစ်ပြီး အဆိုပါ လှူဒါန်းပွဲသို့ ပညာရေးဌာန၊ သက်ဆိုင်ရာနယ်မြေအုပ်ချုပ်ရေးဌာန၊ နိုင်ငံရေးပါတီအချို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ စာသင်ကျောင်းများမှ ကျောင်းသူ၊ကျောင်းသား ဦးရေ ( ၈၀၀၀)အတွက် ကျောပိုးအိတ်နှင့် ကျောင်းဝတ်စုံ (၂)စုံစီ၊ ဆရာ၊ ဆရာမဦးရေ (၆၀၀) အတွက် ကျောင်းဝတ်စုံ(၁)စုံစီ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #Kham Oo 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~