မူူဆယ္ၿမိဳ႕နယ္ စယ္လန္႔ေက်းရြာ ရြာလယ္လမ္းတြင္ ဆြဲမိုင္းေပါက္ကြဲ၍ တစ္ဦးေသ၊ မေပါက္ကြဲေသးသည့္ မိုင္းသံုးလံုး ထပ္မံရွင္းလင္းရ

မူူဆယ္ၿမိဳ႕နယ္ စယ္လန္႔ေက်းရြာ ရြာလယ္လမ္းတြင္ ဆြဲမိုင္းေပါက္ကြဲ၍ တစ္ဦးေသ၊ မေပါက္ကြဲေသးသည့္ မိုင္းသံုးလံုး ထပ္မံရွင္းလင္းရ
စက်တင်ဘာ 7, 2017
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္ စယ္လန္႔ေက်းရြာ ရြာလယ္လမ္းေဘးတြင္ စက္တင္ဘာလ (၆)ရက္ေန႔ နံနက္(၆)နာရီခြဲခန္႔က ဆြဲမိုင္းတစ္လံုးေပါက္ကြဲ၍ အရပ္သား အမ်ိဳးသားတစ္ဦးေသဆံုးသြားၿပီး အဆိုပါေနရာအနီးတစ္ဝိုက္တြင္ မေပါက္ကြဲေသးသည့္ ဆြဲမိုင္း(၃)လံုးအား သက္ဆိုင္ရာမွ ရွာေဖြေတြ႔ရွိ၍ ရွင္းလင္းႏိုင္ခဲ့ေၾကာင္း သိရသည္။

“ျဖစ္တာကေတာ့ မူဆယ္ၿမိဳ႕ကေန နမ့္ခမ္းသြားတဲ့ဘက္ မူဆယ္နဲ႔(၄)မိုင္ခန္႔အကြာ စယ္လန္႔ေက်းရြာက ရြာလယ္လမ္းနံေဘးမွာ ေပါက္ကြဲမႈျဖစ္ၿပီး အသက္(၄၅)ႏွစ္အရြယ္ ဦးအိုက္ရီ ဒဏ္ရာရသြားပါတယ္။ ေဆးရံုကို ပို႔ေနတုန္းမွာပဲ ကားေပၚမွာ ေသဆံုးသြားတာပါ” ဟု မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားရာေနရာႏွင့္ အနီးတစ္ဝိုက္တြင္ သက္ဆိုင္ရာနယ္ေျမခံရဲတပ္ဖြ႔ဲႏွင့္ တပ္မေတာ္မွတာဝန္ရိွသူတို႔က စစ္ေဆးရွာေဖြရာ စယ္လန္႔ေက်းရြာႏွင့္ နမ့္စက္ေက်းရြာၾကား လမ္းမႀကီးနံေဘးတြင္ မေပါက္ကြဲေသးသည့္ လက္လုပ္ဆြဲမိုင္း(၃)လံုးအား ထပ္မံေတြ႔ရွိရသည့္အတြက္ အဆိုပါ ဆြဲမိုင္းမ်ားအား ေန႔လယ္(၁၂)နာရီ ခန္႔တြင္ အသက္မဲ့ေစရန္ ရွင္းလင္းလုပ္ေဆာင္ထားႏိုင္ခဲ့ေၾကာင္း သိရသည္။

မူဆယ္ၿမိဳ႕ ေတာင္ရပ္ကြက္တြင္ စက္တင္ဘာလ(၃)ရက္ေန႔ကလည္း အသံမိုင္းတစ္လံုးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လူႏွင့္အေဆာက္အဦးမ်ား ထိခိုက္မႈမရွိခဲ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #မင္းမူဆယ္

~~~~~~~~⊰❂ unicode ~~~~~~~~
မူူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ရွာလယ်လမ်းတွင် ဆွဲမိုင်းပေါက်ကွဲ၍ တစ်ဦးသေ၊ မပေါက်ကွဲသေးသည့် မိုင်းသုံးလုံး ထပ်မံရှင်းလင်းရ
*******
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ရွာလယ်လမ်းဘေးတွင် စက်တင်ဘာလ (၆)ရက်နေ့ နံနက်(၆)နာရီခွဲခန့်က ဆွဲမိုင်းတစ်လုံးပေါက်ကွဲ၍ အရပ်သား အမျိုးသားတစ်ဦးသေဆုံးသွားပြီး အဆိုပါနေရာအနီးတစ်ဝိုက်တွင် မပေါက်ကွဲသေးသည့် ဆွဲမိုင်း(၃)လုံးအား သက်ဆိုင်ရာမှ ရှာဖွေတွေ့ရှိ၍ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

“ဖြစ်တာကတော့ မူဆယ်မြို့ကနေ နမ့်ခမ်းသွားတဲ့ဘက် မူဆယ်နဲ့(၄)မိုင်ခန့်အကွာ စယ်လန့်ကျေးရွာက ရွာလယ်လမ်းနံဘေးမှာ ပေါက်ကွဲမှုဖြစ်ပြီး အသက်(၄၅)နှစ်အရွယ် ဦးအိုက်ရီ ဒဏ်ရာရသွားပါတယ်။ ဆေးရုံကို ပို့နေတုန်းမှာပဲ ကားပေါ်မှာ သေဆုံးသွားတာပါ” ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် အနီးတစ်ဝိုက်တွင် သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့နှင့် တပ်မတော်မှတာဝန်ရှိသူတို့က စစ်ဆေးရှာဖွေရာ စယ်လန့်ကျေးရွာနှင့် နမ့်စက်ကျေးရွာကြား လမ်းမကြီးနံဘေးတွင် မပေါက်ကွဲသေးသည့် လက်လုပ်ဆွဲမိုင်း(၃)လုံးအား ထပ်မံတွေ့ရှိရသည့်အတွက် အဆိုပါ ဆွဲမိုင်းများအား နေ့လယ်(၁၂)နာရီ ခန့်တွင် အသက်မဲ့စေရန် ရှင်းလင်းလုပ်ဆောင်ထားနိုင်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ တောင်ရပ်ကွက်တွင် စက်တင်ဘာလ(၃)ရက်နေ့ကလည်း အသံမိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှင့်အဆောက်အဦးများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #မင်းမူဆယ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~