တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ ကချင်ရွာသွားလမ်းရှိ ချောင်းကမ်းပါးအား ပြုပြင်ပေးရန် လိုအပ်နေ
တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ ကချင်ရွာသွားလမ်းရှိ ချောင်းကမ်းပါးအား ပြုပြင်ပေးရန် လိုအပ်နေ
စကျတငျဘာ 17, 2017
By Tachileik News Agency
အဆိုပါ နေရာသည် မိုးတွင်းအခါများ၌ ချောင်းရေကြီးသည့် အချိန်မျိုးတွင် ရေတိုက်စားမှုကြောင့် လူနှင့်ယာဉ်သွားလမ်းမှာ ကျဉ်းလာကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ကချင်ရွာသွားလမ်းဘေးတွင် ချောင်းရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးပြိုကျမှုနှင့်အတူ ပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အတွက် သက်ဆိုင်ရာမှ ပြုပြင်ပေးနိုင်ရန် ရပ်ကွက်အတွင်းနေ ပြည်သူများမှ လိုလားနေကြောင်း သိရသည်။
အဆိုပါ နေရာသည် မိုးတွင်းအခါများ၌ ချောင်းရကြေီးသည့် အချိန်မျိုးတွင် ရေတိုက်စားမှုကြောင့် လူနှင့်ယာဉ်သွားလမ်းမှာ ကျဉ်းလာကြောင်း သိရသည်။
"ဒီနေရာက လမ်းက နဂိုကတည်းက ကျဉ်းပါတယ်ဆိုမှ အခု ချောင်းရေတိုက်စားမှုကြောင့် မသိမသာ မြေတွေပါသွားတယ်။ ချောင်းဘေးကို စနစ်တကျ မကာရံထားတော့ ရေတိုက်စားမှုကြောင့် လမ်းသားတွေ တဖြည်းဖြည်း ပါနပြေီ၊ လမ်းကလည်း ကျဉ်းတယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ ဒီချောင်းကို အလေးထား ဆောင်ရွက်ပေးစေချင်ပါတယ်"ဟု ကချင်ရွာနေ ကိုအားဂါက ပြောသည်။
ဝမ်ကောင်းရပ်ကွက်အတွင်း ကချင်ရွာ သွားလမ်းသည် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ နှင့် တိုင်းရင်းသားပြည်သူများမှ နေ့စဉ် ဖြတ်သန်းသွားလာနေရသော လမ်းဖြစ်သည်။
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်၊ Chan Mya
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~