မူဆယ္ၿမိဳ႕ လူေနရပ္ကြက္အတြင္း အသံမုိင္းေပါက္ကြဲမႈ စံုစမ္းစစ္ေဆးေန

မူဆယ္ၿမိဳ႕ လူေနရပ္ကြက္အတြင္း အသံမုိင္းေပါက္ကြဲမႈ စံုစမ္းစစ္ေဆးေန
စက်တင်ဘာ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ေတာင္ရပ္ကြက္တြင္ စက္တင္ဘာလ (၃)ရက္ နံနက္ပိုင္းက အသံမိုင္းဟု ယူဆရသည့္ မိုင္းတစ္လံုးေပါက္ကြဲမႈေၾကာင့္ ထိခိုက္ပ်က္စီးမႈ မရွိေသာ္လည္း အနီးဝန္းက်င္တြင္ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း မူဆယ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ သိရသည္။

“ေတာင္ရပ္ကြက္မွာျဖစ္တာပါ။ မနက္အေစာပိုင္းျဖစ္တာဆိုေတာ့ အထိအခိုက္အပ်က္အစီးမရွိပါဘူး။ နယ္ေျမခံ ရဲတပ္ဖြဲ႔ကေတာ့ ျဖစ္ပြားတဲ့အနီးတစ္ဝိုက္မွာ ရွာေဖြေရးေတြ လုပ္ေနတယ္လို႔သိရပါတယ္။ အသံမိုင္းလိုအရာ ေပါက္ကြဲတာလို႔ သိရပါတယ္။ ပတ္ဝန္းက်င္မွာ ထိခိုက္ပ်က္စီးတာမရွိပါဘူး”ဟု မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴးဦးဆန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

စက္တင္ဘာလ(၃)ရက္ေန႔ နံနက္ (၆)နာရီ(၁၅)မိနစ္ခန္႔တြင္ လူေနရပ္ကြက္အတြင္း ေပါက္ကြဲခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“လူေနရပ္ကြက္ဆိုေပမယ့္ လူသြားလူလာနည္းတဲ့ေနရာမွာျဖစ္တာဆိုေတာ့ အထိအခိုက္မရွိပါဘူး။ ပလတ္စတစ္နဲ႔ လုပ္ထားတဲ့ အသံမိုင္းလိုအရာ ေပါက္ကြဲတာပါ”ဟု မူဆယ္ခရိုင္ ရဲတပ္ဖြဲ႔မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားသည့္သတင္းရရွိသည္ႏွင့္ ခရိုင္ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဌာနမ်ားမွ တာဝန္ရွိသူမ်ား၊ ခရိုင္ရဲတပ္ဖြဲ႔၊ မီးသတ္တပ္ဖြဲ႔တို႔ ပူးေပါင္းၿပီး အနီးတစ္ဝိုက္တြင္ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တောင်ရပ်ကွက်တွင် စက်တင်ဘာလ (၃)ရက် နံနက်ပိုင်းက အသံမိုင်းဟု ယူဆရသည့် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု မရှိသော်လည်း အနီးဝန်းကျင်တွင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“တောင်ရပ်ကွက်မှာဖြစ်တာပါ။ မနက်အစောပိုင်းဖြစ်တာဆိုတော့ အထိအခိုက်အပျက်အစီးမရှိပါဘူး။ နယ်မြေခံ ရဲတပ်ဖွဲ့ကတော့ ဖြစ်ပွားတဲ့အနီးတစ်ဝိုက်မှာ ရှာဖွေရေးတွေ လုပ်နေတယ်လို့သိရပါတယ်။ အသံမိုင်းလိုအရာ ပေါက်ကွဲတာလို့ သိရပါတယ်။ ပတ်ဝန်းကျင်မှာ ထိခိုက်ပျက်စီးတာမရှိပါဘူး”ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဆန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

စက်တင်ဘာလ(၃)ရက်နေ့ နံနက် (၆)နာရီ(၁၅)မိနစ်ခန့်တွင် လူနေရပ်ကွက်အတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လူနေရပ်ကွက်ဆိုပေမယ့် လူသွားလူလာနည်းတဲ့နေရာမှာဖြစ်တာဆိုတော့ အထိအခိုက်မရှိပါဘူး။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ အသံမိုင်းလိုအရာ ပေါက်ကွဲတာပါ”ဟု မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်သတင်းရရှိသည်နှင့် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးဌာနများမှ တာဝန်ရှိသူများ၊ ခရိုင်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး အနီးတစ်ဝိုက်တွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~