မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ မိုင္းျဖတ္ - က်ိဳင္းတံုလမ္းပိုင္းတြင္ ေတာင္ၿပိဳက်မႈ ၅ ေနရာျဖစ္ပြား

မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ မိုင္းျဖတ္ - က်ိဳင္းတံုလမ္းပိုင္းတြင္ ေတာင္ၿပိဳက်မႈ ၅ ေနရာျဖစ္ပြား
စက်တင်ဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ၾသဂုတ္လ (၃၁)ရက္ေန႔ ညပိုင္း ကတည္းက မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ မိုင္းျဖတ္ေက်းရြာအုပ္စု မိုင္းျဖတ္ၿမိဳ႕ႏွင့္ ဆိုင္းေလေက်းရြာၾကား မိုင္းျဖတ္ - က်ဳိင္းတံုလမ္းပိုင္းတြင္ ေတာင္ၿပိဳမႈ (၅)ေနရာျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“လမ္းပိတ္ဆို႔ေနတဲ့ ေနရာေတြထဲက လမ္းတစ္ခုလံုး ေပ (၃၀) ေက်ာ္ပိတ္သြားတဲ့ မိုင္တိုင္အမွတ္ ၇၁၀ ႏွင့္ ၇၁၁ ၾကားေနရာကို ယာဥ္မ်ားသြားလာမႈ မျပတ္ေတာက္ေစေရးအတြက္ ကြ်န္ေတာ္တို႔ လမ္းဦးစီးဌာန အေနနဲ႔ ခ်က္ခ်င္းေဆာင္ရြက္ေနပါတယ္” ဟု မိုင္းျဖတ္ၿမိဳ႕ ျပည္သူ႔ေဆာက္လုပ္ေရး လမ္းဦးစီးဌာန (ၿမိဳ႕ျပ) မွ ဦးစီးအရာရွိ ဦးတင္မိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေတာင္ၿပိဳမႈေၾကာင့္ ကန္လံုေရအားလ်ွပ္စစ္ကုမၸဏီမွ မီးတုိင္တစ္တုိင္လဲက်သြားသျဖင့္ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း လ်ွပ္စစ္မီးျပတ္ေတာက္လ်က္ရွိၿပီး မိုင္းျဖတ္ၿမိဳ႕ ဝမ္မိုင္ရပ္ကြက္ ျပည္ေထာင္စုလမ္းမ ၿမိဳ႕နယ္စီမံကိန္းေရးဆြဲေရး ဦးစီးဌာနအနီးတြင္  ေက်ာက္စီခံုးေက်ာ္ တံတားတစ္စင္းတံတား  ကြ်ံက်သြားေၾကာင္း သိရသည္။

အဆိုပါလမ္းပိတ္ဆို႔မႈျဖစ္သြားသည့္ ေနရာမ်ားသို႔ အမွတ္ (၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ လက္ေအာက္ခံ တပ္ရင္းမ်ားမွ တပ္မေတာ္အရာရွိမ်ားႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ႏွင့္ ဌာနဆိုင္အႀကီးအကဲမ်ား၊ ဝန္ထမ္းမ်ား စုေပါင္းရွင္းလင္းျခင္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း / ဓာတ္ပံု - #ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း သြဂုတ်လ (၃၁)ရက်နေ့ ညပိုင်း ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းဖြတ်ကျေးရွာအုပ်စု မိုင်းဖြတ်မြို့နှင့် ဆိုင်းလေကျေးရွာကြား မိုင်းဖြတ် - ကျိုင်းတုံလမ်းပိုင်းတွင် တောင်ပြိုမှု (၅)နေရာဖြစ်ပွားခဲ့ကြောင်း သိရသည်။

“လမ်းပိတ်ဆို့နေတဲ့ နေရာတွေထဲက လမ်းတစ်ခုလုံး ပေ (၃၀) ကျော်ပိတ်သွားတဲ့ မိုင်တိုင်အမှတ် ၇၁၀ နှင့် ၇၁၁ ကြားနေရာကို ယာဉ်များသွားလာမှု မပြတ်တောက်စေရေးအတွက် ကျွန်တော်တို့ လမ်းဦးစီးဌာန အနေနဲ့ ချက်ချင်းဆောင်ရွက်နေပါတယ်” ဟု မိုင်းဖြတ်မြို့ ပြည်သူ့ဆောက်လုပ်ရေး လမ်းဦးစီးဌာန (မြို့ပြ) မှ ဦးစီးအရာရှိ ဦးတင်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တောင်ပြိုမှုကြောင့် ကန်လုံရေအားလျှပ်စစ်ကုမ္ပဏီမှ မီးတိုင်တစ်တိုင်လဲကျသွားသဖြင့် မိုင်းဖြတ်မြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်လျက်ရှိပြီး မိုင်းဖြတ်မြို့ ဝမ်မိုင်ရပ်ကွက် ပြည်ထောင်စုလမ်းမ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနအနီးတွင် ကျောက်စီခုံးကျော် တံတားတစ်စင်းတံတား ကျွံကျသွားကြောင်း သိရသည်။

အဆိုပါလမ်းပိတ်ဆို့မှုဖြစ်သွားသည့် နေရာများသို့ အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်းများမှ တပ်မတော်အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်အကြီးအကဲများ၊ ဝန်ထမ်းများ စုပေါင်းရှင်းလင်းခြင်း ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း / ဓာတ်ပုံ - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~