မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္း (၃၈)ခုေဖၚေဆာင္ရန္ သက္ဆုိင္ရာ ရပ္ကြက္/ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ားထံ ရန္ပံုေငြလႊဲေျပာင္းေပးအပ္

မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္း (၃၈)ခုေဖၚေဆာင္ရန္ သက္ဆုိင္ရာ ရပ္ကြက္/ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ားထံ ရန္ပံုေငြလႊဲေျပာင္းေပးအပ္
စက်တင်ဘာ 10, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ ၊ ျပည္ေထာင္စုလႊတ္ေတာ္ ေဒသဖြံ႕ၿဖိဳးေရး ရန္ပုံေငြက်ပ္ သိန္း(၁၀၀၀)ျဖင့္ အေကာင္အထည္ေဖၚမည့္လုပ္ငန္း (၃၈)ခုအတြက္ သက္ဆိုင္ရာ ရပ္ကြက္/ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ားထံ ရန္ပံုေငြလႊဲေျပာင္းေပးျခင္း အခမ္းအနားကို စက္တင္ဘာလ(၁၀)ရက္ေန႔က မိုင္းျဖတ္ၿမိဳ႕၌ က်င္းပေၾကာင္း သိရသည္။
“က်ပ္သိန္းတစ္ေထာင္နဲ႔ လုပ္မယ့္လုပ္ငန္းေတြအတြက္ သက္ဆိုင္ရာ ေက်းရြာအုပ္ခ်ဳပ္ေရးနဲ႔ လုပ္ေဆာင္မယ့္အဖြဲ႕ေတြကို ထုတ္ေပးလုိက္တာပါ။ သူတို႔လုပ္ငန္းလုပ္ေဆာင္မႈေတြကို ႀကီးၾကပ္ေရးအဖြဲ႕ေတြက စိစစ္ေပးမွာပါ။ လ်ာထား ဘတ္ဂ်က္အတိုင္း ျဖစ္ဖို႔၊ အမွားအယြင္းမရိွဖို႔ေပါ့။ ဒါေပမဲ့ တစ္ခ်ိဳ႕ေက်းရြာေတြက်ေတာ့ ဒီလိုရတယ္ဆိုရင္ တအားဝမ္းသာတယ္။ သူတို႔ပူးေပါင္းေဆာင္ရြက္ၾကတယ္။ ဥပမာ ကၽြန္ေတာ္တို႔ လ်ာထားလမ္းက ေပ (၄၀၀)ေလာက္ဆုိရင္ သူတို႔လုပ္လုိက္တာက ေပ(၅၀၀)တို႔ (၆၀၀)တို႔ ျဖစ္သြားတာေတြလည္းရိွတယ္။ အဲဒီလို လုပ္တာေတြလည္း ရိွပါတယ္”ဟု မုိင္းျဖတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအားကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မိုင္းျဖတ္ၿမိဳ႕နယ္အတြက္ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြက်ပ္သိန္း(၁၀၀၀)အား မိုင္းျဖတ္ ၿမိဳ႕ေပၚရပ္ကြက္ (၃)ရပ္ကြက္၊ ေက်းရြာအုပ္စု (၁၆)အုပ္စုတြင္ ေဖၚေဆာင္မည့္ ေရရရိွေရးလုပ္ငန္း (၁၆)ခုအတြက္ က်ပ္ (၁၆၇.၉၁)သိန္း၊ လမ္းတံတားလုပ္ငန္း (၂၁)ခုအတြက္ က်ပ္ (၈၀၂.၀၉)သိန္းႏွင့္ အေထြေထြလုပ္ငန္းအတြက္ က်ပ္သိန္း(၃၀) အသံုးျပဳသြားမည္ျဖစ္ၿပီး အဆိုပါလုပ္ငန္းမ်ား ေဆာင္ရြက္မႈအား ၿမိဳ႕နယ္အဆင့္၊ ေက်းရြာအဆင့္ႀကီးၾကပ္ေရးအဖြဲ႕မ်ားျဖင့္ စိစစ္မႈလုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြေပးအပ္ပဲြ အခမ္းအနားတြင္ မိုင္းျဖတ္ ၿမိဳ႕နယ္ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္း အေကာင္အထည္ေဖၚေရးအဖဲြ႔ ဥကၠ႒ ၊ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးလင္းေဇာ္ထြန္းႏွင့္  ၿမိဳ႕နယ္ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္း အေကာင္အထည္ေဖၚေရးအဖဲြ႕ အတြင္းေရးမွဴး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစုိးလွဳိင္တို႔က အမွာစကားေျပာၾကားေၾကာင္းသိရၿပီး အခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးစုိင္းေက်ာက္၊ ျပည္နယ္လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးအားကုိႏွင့္ ရပ္ကြက္/ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။
ျပည္ေထာင္စုလႊတ္ေတာ္ဆုိင္ရာ ေဒသဖြံ႕ၿဖိဳးေရး ရန္ပုံေငြျဖင့္ အေကာင္အထည္ေဖၚမည့္ ေရရရိွေရးလုပ္ငန္း (၁၆)ခုကို နမ့္ပန္ေက်းရြာအုပ္စုအတြင္းမွ ၾကဴးဆီရြာ၊ မိုင္းဝွီးရြာ၊ နားဖတ္ရြာ၊ အေမာေဒရြာ၊ နန္႔ယန္း(၂)ရြာ၊ ဟားပီပါရြာႏွင့္ ငါးေဟစြာေဟာင္ရြာ၊ ဆားလို႔ေက်းရြာအုပ္စုအတြင္းမွ နမ့္ေဟြလံုရြာ၊ နမ့္ဟက္ပံုေက်းရြာအုပ္စုမွ ေဟြလံုဝမ္းရြာ၊ မုိင္းဟဲေက်းရြာအုပ္စုအတြင္းမွ ပါဝုန္းရြာ၊ အိုက္ငို႔ေက်းရြာအုပ္စုအတြင္းမွ နမ့္ပန္းႏြဲ႕ရြာ၊ လန္းဆတ္ေက်းရြာအုပ္စုအတြင္းမွ နမ့္ယန္းရြာႏွင့္ လန္းဆတ္ရြာ၊ နမ့္ကုန္းေက်းရြာအုပ္စုအတြင္းမွ ဆိုင္ဆတ္ရြာ၊ မြန္ကာေက်ာင္း ေက်းရြာအုပ္စုအတြင္းမွ ပါေလာင္းရြာ၊ နမ့္ယြန္းေက်းရြာအုပ္စုအတြင္းမွ နားအယ္ရြာေဟာင္းတို႔တြင္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
လမ္းတံတားလုပ္ငန္း (၂၁)ခုကို မုိင္းျဖတ္ေက်းရြာအုပ္စုအတြင္း ေတာင္းပိုရြာႏွင့္ ေမာ္ဝိန္းရြာ၊ ဝမ္လံုးေက်းရြာအုပ္စုအတြင္းမွ နားမြန္ရြာႏွင့္ ဝမ္လံုးရြာ၊ ေစ်းတန္းရပ္ကြက္မွ ကြက္သစ္၊ နမ့္နန္းေက်းရြာအုပ္စုအတြင္းမွ နန္႔နန္း(အာခါ)ရြာ၊ နန္႔နန္း(ရွမ္း)ရြာႏွင့္ ပါေယာင္း(၁)ရြာ၊ နမ့္ေလာက္ေက်းရြာအုပ္စုမွ ဝမ္ဆာရြာ၊ နမ့္ဟက္ပံုေက်းရြာအုပ္စုမွ ဟားအိုရြာ၊ နမ့္လန္းေက်းရြာအုပ္စုမွ နမ့္လန္းရြာႏွင့္ ပါထြန္ရြာ၊ ေတာသူေက်းရြာအုပ္စုမွ ေတာသူရြာ၊ မြန္ကာေက်ာင္းေက်းရြာအုပ္စုမွ ဟာဝိုင္(၃)ရြာ၊ အုိက္လံုေက်းရြာအုပ္စုမွ ဟာၾကားဒီရြာ၊ နမ့္ယြန္းေက်းရြာအုပ္စုတြင္ မပဲကိုရြာမွ ငါးေဟရြာအထိ၊ မုိင္းဟဲေက်းရြာအုပ္စုအတြင္း ဝမ္ကပ္ရြာမွ တံုလံုရြာအထိ၊ လန္းဆတ္ေက်းရြာအုပ္စုအတြင္း လန္းဆတ္ေပၚရြာႏွင့္ နမ့္ယန္းရြာခ်င္းဆက္၊ ေစ်းတန္းရပ္ကြက္၊ ဝမ္ေဟြရပ္ကြက္၊ ဝမ္မိုင္ရပ္ကြက္မ်ားတြင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အေထြေထြလုပ္ငန္းအတြက္ က်ပ္သိန္း (၃၀)မွာ မိုင္းျဖတ္ၿမိဳ႕တြင္ မီးသတ္ေရေလွာင္ကန္ တည္ေဆာက္ရန္အတြက္ျဖစ္ေၾကာင္း သိရသည္။
သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #AK

~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းဖြတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၃၈)ခုဖေါ်ဆောင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်း(၁၀၀၀)ဖြင့် အကောင်အထည်ဖေါ်မည့်လုပ်ငန်း (၃၈)ခုအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ရန်ပုံငွေလွှဲပြောင်းပေးခြင်း အခမ်းအနားကို စက်တင်ဘာလ(၁၀)ရက်နေ့က မိုင်းဖြတ်မြို့၌ ကျင်းပကြောင်း သိရသည်။

“ကျပ်သိန်းတစ်ထောင်နဲ့ လုပ်မယ့်လုပ်ငန်းတွေအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးနဲ့ လုပ်ဆောင်မယ့်အဖွဲ့တွေကို ထုတ်ပေးလိုက်တာပါ။ သူတို့လုပ်ငန်းလုပ်ဆောင်မှုတွေကို ကြီးကြပ်ရေးအဖွဲ့တွေက စိစစ်ပေးမှာပါ။ လျာထား ဘတ်ဂျက်အတိုင်း ဖြစ်ဖို့၊ အမှားအယွင်းမရှိဖို့ပေါ့။ ဒါပေမဲ့ တစ်ချို့ကျေးရွာတွေကျတော့ ဒီလိုရတယ်ဆိုရင် တအားဝမ်းသာတယ်။ သူတို့ပူးပေါင်းဆောင်ရွက်ကြတယ်။ ဥပမာ ကျွန်တော်တို့ လျာထားလမ်းက ပေ (၄၀၀)လောက်ဆိုရင် သူတို့လုပ်လိုက်တာက ပေ(၅၀၀)တို့ (၆၀၀)တို့ ဖြစ်သွားတာတွေလည်းရှိတယ်။ အဲဒီလို လုပ်တာတွေလည်း ရှိပါတယ်”ဟု မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဖြတ်မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း(၁၀၀၀)အား မိုင်းဖြတ် မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၆)အုပ်စုတွင် ဖေါ်ဆောင်မည့် ရေရရှိရေးလုပ်ငန်း (၁၆)ခုအတွက် ကျပ် (၁၆၇.၉၁)သိန်း၊ လမ်းတံတားလုပ်ငန်း (၂၁)ခုအတွက် ကျပ် (၈၀၂.၀၉)သိန်းနှင့် အထွေထွေလုပ်ငန်းအတွက် ကျပ်သိန်း(၃၀) အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်မှုအား မြို့နယ်အဆင့်၊ ကျေးရွာအဆင့်ကြီးကြပ်ရေးအဖွဲ့များဖြင့် စိစစ်မှုလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားတွင် မိုင်းဖြတ် မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနှင့်  မြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖေါ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်တို့က အမှာစကားပြောကြားကြောင်းသိရပြီး အခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားကိုနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်မည့် ရေရရှိရေးလုပ်ငန်း (၁၆)ခုကို နမ့်ပန်ကျေးရွာအုပ်စုအတွင်းမှ ကြူးဆီရွာ၊ မိုင်းဝှီးရွာ၊ နားဖတ်ရွာ၊ အမောဒေရွာ၊ နန့်ယန်း(၂)ရွာ၊ ဟားပီပါရွာနှင့် ငါးဟေစွာဟောင်ရွာ၊ ဆားလို့ကျေးရွာအုပ်စုအတွင်းမှ နမ့်ဟွေလုံရွာ၊ နမ့်ဟက်ပုံကျေးရွာအုပ်စုမှ ဟွေလုံဝမ်းရွာ၊ မိုင်းဟဲကျေးရွာအုပ်စုအတွင်းမှ ပါဝုန်းရွာ၊ အိုက်ငို့ကျေးရွာအုပ်စုအတွင်းမှ နမ့်ပန်းနွဲ့ရွာ၊ လန်းဆတ်ကျေးရွာအုပ်စုအတွင်းမှ နမ့်ယန်းရွာနှင့် လန်းဆတ်ရွာ၊ နမ့်ကုန်းကျေးရွာအုပ်စုအတွင်းမှ ဆိုင်ဆတ်ရွာ၊ မွန်ကာကျောင်း ကျေးရွာအုပ်စုအတွင်းမှ ပါလောင်းရွာ၊ နမ့်ယွန်းကျေးရွာအုပ်စုအတွင်းမှ နားအယ်ရွာဟောင်းတို့တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လမ်းတံတားလုပ်ငန်း (၂၁)ခုကို မိုင်းဖြတ်ကျေးရွာအုပ်စုအတွင်း တောင်းပိုရွာနှင့် မော်ဝိန်းရွာ၊ ဝမ်လုံးကျေးရွာအုပ်စုအတွင်းမှ နားမွန်ရွာနှင့် ဝမ်လုံးရွာ၊ စျေးတန်းရပ်ကွက်မှ ကွက်သစ်၊ နမ့်နန်းကျေးရွာအုပ်စုအတွင်းမှ နန့်နန်း(အာခါ)ရွာ၊ နန့်နန်း(ရှမ်း)ရွာနှင့် ပါယောင်း(၁)ရွာ၊ နမ့်လောက်ကျေးရွာအုပ်စုမှ ဝမ်ဆာရွာ၊ နမ့်ဟက်ပုံကျေးရွာအုပ်စုမှ ဟားအိုရွာ၊ နမ့်လန်းကျေးရွာအုပ်စုမှ နမ့်လန်းရွာနှင့် ပါထွန်ရွာ၊ တောသူကျေးရွာအုပ်စုမှ တောသူရွာ၊ မွန်ကာကျောင်းကျေးရွာအုပ်စုမှ ဟာဝိုင်(၃)ရွာ၊ အိုက်လုံကျေးရွာအုပ်စုမှ ဟာကြားဒီရွာ၊ နမ့်ယွန်းကျေးရွာအုပ်စုတွင် မပဲကိုရွာမှ ငါးဟေရွာအထိ၊ မိုင်းဟဲကျေးရွာအုပ်စုအတွင်း ဝမ်ကပ်ရွာမှ တုံလုံရွာအထိ၊ လန်းဆတ်ကျေးရွာအုပ်စုအတွင်း လန်းဆတ်ပေါ်ရွာနှင့် နမ့်ယန်းရွာချင်းဆက်၊ စျေးတန်းရပ်ကွက်၊ ဝမ်ဟွေရပ်ကွက်၊ ဝမ်မိုင်ရပ်ကွက်များတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အထွေထွေလုပ်ငန်းအတွက် ကျပ်သိန်း (၃၀)မှာ မိုင်းဖြတ်မြို့တွင် မီးသတ်ရေလှောင်ကန် တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #AK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~