ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္္က မုိင္းျဖတ္ၿမိဳ႕တြင္ လူ႔အခြင့္အေရးအေၾကာင္း ရွင္းလင္းေဆြးေႏြး

ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္္က မုိင္းျဖတ္ၿမိဳ႕တြင္ လူ႔အခြင့္အေရးအေၾကာင္း ရွင္းလင္းေဆြးေႏြး
စက်တင်ဘာ 12, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ လူ႔အခြင့္အေရးအေၾကာင္း သိေကာင္းစရာမ်ား ရွင္းလင္းေဆြးေႏြးျခင္း လုပ္ေဆာင္ေနသည့္ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္္က စက္တင္ဘာလ (၁၂)ရက္ေန႔တြင္ မိုင္းျဖတ္ၿမိဳ႕တြင္ လူ႔အခြင့္အေရးအေၾကာင္း ရွင္းလင္းေဆြးေႏြးေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားတြင္ လူ႔အခြင့္အေရးဆိုင္ရာအေျခခံအယူအဆမ်ား၊ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ဖြဲ႕စည္းျခင္းႏွင့္ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားအေၾကာင္းႏွင့္ ကမၻာ့လူ႔အခြင့္အေရး ေၾကညာစာတမ္း အေၾကာင္းတို႔အား ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ ဒုတိယဥကၠ႒ ဦးစစ္ၿမိဳင္ႏွင့္ ေကာ္မရွင္အဖြဲ႔ဝင္ ဦးခင္ေမာင္ေလးတို႔ပါဝင္သည့္ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႔က ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေကာ္မရွင္အဖြဲ႕သည္ မုိင္းျဖတ္ၿမိဳ႕မွတစ္ဆင့္ တာေလၿမိဳ႕တြင္ ဆက္လက္ရွင္းလင္းေဆြးေႏြးျခင္းမ်ား လုပ္ေဆာင္ေနၿပီး စက္တင္ဘာလ (၁၃)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕တြင္ ေဆြးေႏြးပြဲက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္အား အဖြဲ႕ဝင္ (၁၁)ဦးပါသည့္အဖြဲ႕ျဖင့္ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလ (၂၄)ရက္ေန႔တြင္ ဖြဲ႕စည္းတာဝန္ေပးခဲ့ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၆)ရက္ေန႔တြင္ ေကာ္မရွင္အဖြဲ႕ဝင္(၄)ဦးအား ၎တို႔၏သေဘာဆႏၵအေလ်ာက္ ရာထူးမွ ႏႈတ္ထြက္ခြင့္ျပဳထားသျဖင့္ လက္ရိွတြင္ အဖြဲ႕ဝင္ (၇)ဦးျဖင့္ လုပ္ငန္းတာဝန္မ်ားေဆာင္ရြက္ေနျခင္းျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင််က မိုင်းဖြတ်မြို့တွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေး
***********
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း လုပ်ဆောင်နေသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင််က စက်တင်ဘာလ (၁၂)ရက်နေ့တွင် မိုင်းဖြတ်မြို့တွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် လူ့အခွင့်အရေးဆိုင်ရာအခြေခံအယူအဆများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းတို့အား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့ပါဝင်သည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့က ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကော်မရှင်အဖွဲ့သည် မိုင်းဖြတ်မြို့မှတစ်ဆင့် တာလေမြို့တွင် ဆက်လက်ရှင်းလင်းဆွေးနွေးခြင်းများ လုပ်ဆောင်နေပြီး စက်တင်ဘာလ (၁၃)ရက်နေ့တွင် တာချီလိတ်မြို့တွင် ဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား အဖွဲ့ဝင် (၁၁)ဦးပါသည့်အဖွဲ့ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့တွင် ကော်မရှင်အဖွဲ့ဝင်(၄)ဦးအား ၎င်းတို့၏သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုထားသဖြင့် လက်ရှိတွင် အဖွဲ့ဝင် (၇)ဦးဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်နေခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~