မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္းတြင္ စက္တင္ဘာလ(၁)ရက္ေန႔ ေန႔လယ္ပိုင္းအခ်ိန္အထိ ယာဥ္ငယ္မ်ားသာ သြားလာႏိုင္

မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္းတြင္ စက္တင္ဘာလ(၁)ရက္ေန႔ ေန႔လယ္ပိုင္းအခ်ိန္အထိ ယာဥ္ငယ္မ်ားသာ သြားလာႏိုင္
စက်တင်ဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ၂၀၁၇ခုႏွစ္ ၾသဂုတ္လ (၃၁)ရက္ေန႔ ညပိုင္းကတည္းက မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ မိုင္းျဖတ္ - က်ဳိင္းတံု - မိုင္းျဖတ္သြားလမ္း ျပည္ေထာင္စုလမ္းမေပၚတြင္ ေတာင္ၿပိဳမႈႏွင့္အတူ မိုင္းျဖတ္တြင္ တံတားတစ္စင္း ကြ်ံက်မႈ ျဖစ္ပြားသည့္အတြက္ လတ္တေလာတြင္ စက္တင္ဘာလ(၁)ရက္ေန႔ ေန႔လယ္(၁)နာရီခြဲအခ်ိန္အထိ ယာဥ္ငယ္မ်ားသာ သြားလာႏိုင္ေသးေၾကာင္း ႏွင့္ ယာဥ္ႀကီးမ်ားမွ အေျခအေနၾကည့္၍ သြားလာမႈမ်ား ျပဳလုပ္ေနရေၾကာင္း သိရသည္။

မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္း မိုင္တိုင္အမွတ္ (၇၁၀)ႏွင့္ (၇၁၁)ၾကားေနရာတြင္ စက္တင္ဘာလ(၁)ရက္ေန႔ နံနက္ပိုင္းက ေတာင္ၿပိဳမႈျဖစ္ပြားသည့္အတြက္ မိုင္းျဖတ္ၿမိဳ႕ ျပည္သူ႔ေဆာက္လုပ္ေရး လမ္းဦးစီးဌာန ႏွင့္ တာ၀န္ရွိသူမ်ားက ျပဳျပင္မႈမ်ားေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

ဆက္လက္၍ မိုင္းျဖတ္ၿမိဳ႕နယ္စီမံကိန္းေရးဆြဲေရးဦးစီးဌာနအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ေက်ာက္စီ ခံုးေက်ာ္ တံတားတစ္စင္း ကြ်ံက်သြားမႈေၾကာင့္ တပ္နယ္မွ တပ္မေတာ္စစ္သည္မ်ား၊ သက္ဆိုင္ရာဌာနမ်ားမွ ပူးေပါင္းေဆာင္ရြက္ေနလ်က္ရွိရာ ေန႔လယ္(၁)နာရီခြဲအခ်ိန္အထိ ခရီးသည္ယာဥ္ငယ္မ်ားသာ သြားလာႏိုင္ၿပီး လမ္းအား ေျမ/ေက်ာက္ဖို႔ျခင္းမ်ား ျပဳလုပ္ေနသည့္အတြက္ ညေနပိုင္းမွသာ ယာဥ္ႀကီးမ်ား သြားလာ၍ ရႏိုင္ဖြယ္ရွိေၾကာင္း သိရသည္။

"ေလာေလာဆယ္ ေန႔လည္ (၁)နာရီခြဲအထိကေတာ့ ခရီးသည္တင္ ယာဥ္ငယ္ေတြ သြားလို႔ရတယ္။ ခရီးသည္တင္ ယာဥ္ႀကီးေတြအေနနဲ႔ကေတာ့ လူေတြအကုန္ဆင္းၿပီးမွပဲ တံတားကေန ျဖတ္လို႔ရတယ္။ ညေနပိုင္းဆို အဆင္ေျပႏိုင္ေလာက္ပါတယ္။"ဟု မိုင္းျဖတ္ေဒသခံ တစ္ဦးက ေျပာသည္။

အဆိုပါ လမ္းပိတ္ဆို႔မႈျဖစ္သြားသည့္ ေနရာမ်ားသို႔ အမွတ္ (၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ လက္ေအာက္ခံ တပ္ရင္းမ်ားမွ တပ္မေတာ္အရာရွိမ်ားႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ႏွင့္ ဌာနဆိုင္အႀကီးအကဲမ်ား၊ ဝန္ထမ္းမ်ားမွ စုေပါင္းရွင္းလင္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း / ဓာတ္ပံု - #ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း ၂၀၁၇ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့ ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းဖြတ် - ကျိုင်းတုံ - မိုင်းဖြတ်သွားလမ်း ပြည်ထောင်စုလမ်းမပေါ်တွင် တောင်ပြိုမှုနှင့်အတူ မိုင်းဖြတ်တွင် တံတားတစ်စင်း ကျွံကျမှု ဖြစ်ပွားသည့်အတွက် လတ်တလောတွင် စက်တင်ဘာလ(၁)ရက်နေ့ နေ့လယ်(၁)နာရီခွဲအချိန်အထိ ယာဉ်ငယ်များသာ သွားလာနိုင်သေးကြောင်း နှင့် ယာဉ်ကြီးများမှ အခြေအနကြေည့်၍ သွားလာမှုများ ပြုလုပ်နေရကြောင်း သိရသည်။

မိုင်းဖြတ် - ကျိုင်းတုံသွားလမ်း မိုင်တိုင်အမှတ် (၇၁၀)နှင့် (၇၁၁)ကြားနေရာတွင် စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားသည့်အတွက် မိုင်းဖြတ်မြို့ ပြည်သူ့ဆောက်လုပ်ရေး လမ်းဦးစီးဌာန နှင့် တာဝန်ရှိသူများက ပြုပြင်မှုများဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မိုင်းဖြတ်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျောက်စီ ခုံးကျော် တံတားတစ်စင်း ကျွံကျသွားမှုကြောင့် တပ်နယ်မှ တပ်မတော်စစ်သည်များ၊ သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်နေလျက်ရှိရာ နေ့လယ်(၁)နာရီခွဲအချိန်အထိ ခရီးသည်ယာဉ်ငယ်များသာ သွားလာနိုင်ပြီး လမ်းအား မြေ/ကျောက်ဖို့ခြင်းများ ပြုလုပ်နေသည့်အတွက် ညနေပိုင်းမှသာ ယာဉ်ကြီးများ သွားလာ၍ ရနိုင်ဖွယ်ရှိကြောင်း သိရသည်။

"လောလောဆယ် နေ့လည် (၁)နာရီခွဲအထိကတော့ ခရီးသည်တင် ယာဉ်ငယ်တွေ သွားလို့ရတယ်။ ခရီးသည်တင် ယာဉ်ကြီးတွေအနေနဲ့ကတော့ လူတွေအကုန်ဆင်းပြီးမှပဲ တံတားကနေ ဖြတ်လို့ရတယ်။ ညနေပိုင်းဆို အဆင်ပြေနိုင်လောက်ပါတယ်။"ဟု မိုင်းဖြတ်ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိတ်ဆို့မှုဖြစ်သွားသည့် နေရာများသို့ အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်းများမှ တပ်မတော်အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်အကြီးအကဲများ၊ ဝန်ထမ်းများမှ စုပေါင်းရှင်းလင်း ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း / ဓာတ်ပုံ - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~