Update News

ကေလာၿမိဳ႕နယ္ မေကြ႕ရြာအနီး ကေလာ - သာစည္လမ္းတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ


ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕နယ္၊ မေကြ႕ေက်းရြာအနီး၊ ကေလာ - သာစည္ ကားလမ္းတြင္ ဆိုင္ကယ္ ေမာင္းႏွင္လာသည့္ အမ်ိဳးသားႏွစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား စက္တင္ဘာလ (၃)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၅)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ကေလာၿမိဳ႕နယ္၊ မေကြ႕ ေက်းရြာအနီး၊ ကေလာ - သာစည္ကားလမ္းတြင္ စက္တင္ဘာလ (၃) ရက္ေန႔ (၁၁)နာရီခြဲအခ်ိန္က ဆုိင္ကယ္ေမာင္းႏွင္လာသည့္ ခြန္ေမာင္မ်ိဳးဆိုသူႏွင့္ ခြန္ကိုေက်ာ္တို႔ႏွစ္ဦးအား စစ္ေဆးရာ စိတ္ႂကြ႐ူးသြပ္ ေဆးျပား (၅၇၀၀)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ခြန္ေမာင္မ်ိဳးႏွင့္ ခြန္ကိိုေက်ာ္တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သတင္းရရွိသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ မကွေ့ကျေးရွာအနီး၊ ကလော - သာစည် ကားလမ်းတွင် ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ စက်တင်ဘာလ (၃)ရက်နေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ မကွေ့ ကျေးရွာအနီး၊ ကလော - သာစည်ကားလမ်းတွင် စက်တင်ဘာလ (၃) ရက်နေ့ (၁၁)နာရီခွဲအချိန်က ဆိုင်ကယ်မောင်းနှင်လာသည့် ခွန်မောင်မျိုးဆိုသူနှင့် ခွန်ကိုကျော်တို့နှစ်ဦးအား စစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြား (၅၇၀၀)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ခွန်မောင်မျိုးနှင့် ခွန်ကိုကျော်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::