စကျတငျဘာ 9, 2017
By 🌸
“ရခိုင်မှာဖြစ်နေတာနဲ့ပတ်သက်ပြီး ကိုယ့်မကွေးတိုင်းက ပြည်နယ်နဲ့ဆက်စပ်နေတော့ ဒီကာလရှေ့မှာလည်း ခိုးဝင်လာတဲ့ဘင်္ဂါလီတွေကို ဖမ်းဆီးအရေးယူရတာမျိုးရှိခဲ့တာကြောင့် အခုလိုမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ လုံခြုံရေးအရ ဝင်ထွက်သွားလာမှုနဲ့ပတ်သက်ပြီး ပိုပြီး ဥပဒေနဲ့အညီစိစစ်နိုင်ဖို့  အင်အား တိုးမြှင့်ချထားဖို့ပြင်ဆင်နေပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် စာတတ်ကူဂိတ်အနီးတွင် အခွန်ကောက်ခံရန်မဟုတ်ဘဲ လုံခြုံရေးစစ်ဆေးမည့် ဂိတ်တစ်ခုထပ်တိုးထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောဒေသများတွင် နိုင်ငံတကာမှ ပိုမိုအာရုံစိုက်လာစေရန်နှင့် ARSA အစွန်းရောက်အကြမ်းဖက်သမားများအပေါ် ထောက်ခံမှုများတိုးမြှင့်ရရှိလာစေရန်ရည်ရွယ်၍ မြန်မာ နိုင်ငံအတွင်းရှိ မြို့ကြီးများသို့ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက် လျှက်ရှိကြောင်းသိရှိရသဖြင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ကြရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတိပေးစာထုတ်ပြန်ထားကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရခိုင်ပြည်နယ်နှင့်နယ်စပ် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် လုံခြုံရေးစစ်ဆေးမည့်ဂိတ် ထပ်တိုးဖွင့်လှစ်မည်
***********
ရခိုင်ပြည်နယ်နှင့်နယ်စပ် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် စာတတ်ကူမောင်းတံဂိတ်အနီးတွင် လုံခြုံရေးစစ်ဆေးရေးဂိတ် ထပ်တိုးဆောင်ရွက်သွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးထံမှ သိရသည်။
“ရခိုင်မှာဖြစ်နေတာနဲ့ပတ်သက်ပြီး ကိုယ့်မကွေးတိုင်းက ပြည်နယ်နဲ့ဆက်စပ်နေတော့ ဒီကာလရှေ့မှာလည်း ခိုးဝင်လာတဲ့ဘင်္ဂါလီတွေကို ဖမ်းဆီးအရေးယူရတာမျိုးရှိခဲ့တာကြောင့် အခုလိုမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ လုံခြံုရေးအရ ဝင်ထွက်သွားလာမှုနဲ့ပတ်သက်ပြီး ပိုပြီး ဥပဒေနဲ့အညီစိစစ်နိုင်ဖို့  အင်အား တိုးမြှင့်ချထားဖို့ပြင်ဆင်နေပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် စာတတ်ကူဂိတ်အနီးတွင် အခွန်ကောက်ခံရန်မဟုတ်ဘဲ လုံခြံုရေးစစ်ဆေးမည့် ဂိတ်တစ်ခုထပ်တိုးထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
“ပဒါန်းကိုကျော်လာရင် မြန်မာပြည်အနှံ့ အကုန်လုံးဆီကိုရောက်နိုင်တဲ့ ပုသိမ်-မုံရွာလမ်းမကြီးရှိသလို မင်းဘူး-မကွေးဘက်ကိုလည်း အလွယ်တကူရောက်နိုင်တယ်ဗျ။ ဒါကြောင့် အဲဒီနေရာမှာ ဂိတ်ထားပြီး လုံခြံုရေးတိုးမြှင့်ဆောင်ရွက်မယ့်ကိစ္စက မဖြစ်မနေကိုလုပ်ရမှာပါ”ဟု ငဖဲဒေသခံ တစ်ဦးကပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောဒေသများတွင် နိုင်ငံတကာမှ ပိုမိုအာရုံစိုက်လာစေရန်နှင့် ARSA အစွန်းရောက်အကြမ်းဖက်သမားများအပေါ် ထောက်ခံမှုများတိုးမြှင့်ရရှိလာစေရန်ရည်ရွယ်၍ မြန်မာ နိုင်ငံအတွင်းရှိ မြို့ကြီးများသို့ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက် လျှက်ရှိကြောင်းသိရှိရသဖြင့် လုံခြံုရေးအထူးဂရုပြုဆောင်ရွက်ကြရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတိပေးစာထုတ်ပြန်ထားကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~