ရဲေဘာ္သံုးက်ိပ္ ေမာ္ကြန္းကမၺည္းေက်ာက္စာတိုင္စိုက္ထူရန္ မေကြးတိုင္းေဒသႀကီးအစိုးရအား တိုက္တြန္းသည့္အဆိုေဆြးေႏြးရန္ အတည္ျပဳ

ရဲေဘာ္သံုးက်ိပ္ ေမာ္ကြန္းကမၺည္းေက်ာက္စာတိုင္စိုက္ထူရန္ မေကြးတိုင္းေဒသႀကီးအစိုးရအား တိုက္တြန္းသည့္အဆိုေဆြးေႏြးရန္ အတည္ျပဳ
စက်တင်ဘာ 26, 2017
By 🌸
လြတ္လပ္ေရးႀကိဳးပမ္းခဲ့သည့္ ရဲေဘာ္သံုးက်ိပ္၏ ေမာ္ကြန္းကမၺည္းေက်ာက္စာတိုင္အား ျမန္မာ၊ အဂၤလိပ္ႏွစ္ဘာသာျဖင္႔စိုက္ထူရန္ တုိင္းေဒသႀကီးအစိုးရအား တိုက္တြန္းသည့္အဆိုကို ဒုတိယအႀကိမ္၊ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္၊ ဆဌမပံုမွန္အစည္းအေဝး စက္တင္ဘာလ(၂၇)ရက္ေန႔တြင္ ေဆြးေႏြးရန္အတည္ျပဳလုိက္ေၾကာင္း သိရသည္။

မေကြးၿမိဳ႕ လြတ္လပ္ေရးေက်ာက္တိုင္၀န္းအတြင္း၌ အဆိုပါကမၺည္းေက်ာက္စာတုိင္စိုက္ထူရန္ အစိုးရအဖြဲ႔သို႔ တိုက္တြန္းေၾကာင္းအဆိုကို ဆင္ေပါင္၀ဲၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္(၁)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေမာင္ဦးက စက္တင္ဘာလ (၂၅) ရက္ေန႔ကက်င္းပသည္႔ ဒုတိယအႀကိမ္၊ ဆဌမပံုမွန္အစည္း အေ၀း၊ပထမေန႔၌ တင္သြင္းခဲ႔ရာ လႊတ္ေတာ္ကိုယ္စားလွယ္အားလံုးက ေဆြးေႏြးရန္ သေဘာတူခဲ့ျခင္းျဖစ္သည္။

 “ရဲေဘာ္ သံုးက်ိပ္ထဲမွာ ဗိုလ္ေတဇလို႔ေခၚတဲ႔ သခင္ေအာင္ဆန္း၊ ဗိုလ္ရန္ႏိုင္လို႔ေခၚတဲ႔ ကိုထြန္း႐ွိန္၊ ဗိုလ္လေရာင္လို႔ေခၚတဲ႔ သခင္ဗဂ်မ္းတို႔(၃)ဦးဟာ မေကြးတိုင္းထဲကျဖစ္ေနတာေၾကာင္႔ရယ္၊  မ်ိဳးဆက္ သစ္ေတြသိရိွႏိုင္ဖို႔ လမ္းစေဖာ္ေပးတဲ႔အေနနဲ႔ ျမန္မာႏိုင္ငံမွာ မေကြးတိုင္းေဒသႀကီးအစိုးရက စတင္အ ေကာင္အထည္ေဖာ္ေပးလိုက္မယ္ဆိုရင္ အျခားတိုင္းေဒသႀကီးႏွင္႔ျပည္နယ္မ်ားကလည္း ဆက္လက္ ေဖာ္ ေဆာင္ၾကမယ္လို႔ ယံုၾကည္တဲ႔အတြက္ ဒီအဆိုကိုတင္ရတာပါ” ဟု အဆိုတင္သြင္းသူ ဦးတင္ေမာင္ဦးက ေျပာသည္။

ယင္းေက်ာက္စာတိုင္ႏွင့္အတူ မေကြးၿမိဳ႕ ၊ ဗိုလ္ခ်ဳပ္ ျမင္းစီးေၾကး႐ုပ္၀န္းအတြင္း၌ က်န္ရိွအာဇာနည္(၈)ဦး၏ ကိုယ္တစ္ပိုင္း႐ုပ္ထုမ်ားကို ေတာင္တြင္းႀကီးၿမိဳ႕၌ ေဆာင္႐ြက္ထားသကဲ႔သို႔ လုပ္ေဆာင္ေစလိုပါေၾကာင္း အဆို႐ွင္က တစ္ဆက္တည္း အႀကံျပဳခဲ႔ၿပီး လႊတ္ေတာ္မွ ယင္းအဆိုႏွင္႔ပတ္သက္၍ စက္တင္ဘာလ (၂၇)ရက္ေန႔တြင္ က်င္းပမည္႔ ဒုတိယအႀကိမ္၊ မေကြးတိုင္းေဒသ ႀကီးလႊတ္ေတာ္ ဆဌမပံုမွန္အစည္းအေ၀း၊ တတိယေန႔၌ ေဆြးေႏြးသြားရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။

သတင္း၊ ဓာတ္ပံု  #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရဲဘော်သုံးကျိပ် မော်ကွန်းကမ္ဗည်းကျောက်စာတိုင်စိုက်ထူရန် မကွေးတိုင်းဒေသကြီးအစိုးရအား တိုက်တွန်းသည့်အဆိုဆွေးနွေးရန် အတည်ပြု
**************
လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် ရဲဘော်သုံးကျိပ်၏ မော်ကွန်းကမ္ဗည်းကျောက်စာတိုင်အား မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်စိုက်ထူရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းသည့်အဆိုကို ဒုတိယအကြိမ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေး စက်တင်ဘာလ(၂၇)ရက်နေ့တွင် ဆွေးနွေးရန်အတည်ပြုလိုက်ကြောင်း သိရသည်။

မကွေးမြို့ လွတ်လပ်ရေးကျောက်တိုင်ဝန်းအတွင်း၌ အဆိုပါကမ္ဗည်းကျောက်စာတိုင်စိုက်ထူရန် အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ဆင်ပေါင်ဝဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက စက်တင်ဘာလ (၂၅) ရက်နေ့ကကျင်းပသည့် ဒုတိယအကြိမ်၊ ဆဌမပုံမှန်အစည်း အဝေး၊ပထမနေ့၌ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဆွေးနွေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။

 “ရဲဘော် သုံးကျိပ်ထဲမှာ ဗိုလ်တေဇလို့ခေါ်တဲ့ သခင်အောင်ဆန်း၊ ဗိုလ်ရန်နိုင်လို့ခေါ်တဲ့ ကိုထွန်းရှိန်၊ ဗိုလ်လရောင်လို့ခေါ်တဲ့ သခင်ဗဂျမ်းတို့(၃)ဦးဟာ မကွေးတိုင်းထဲကဖြစ်နေတာကြောင့်ရယ်၊  မျိုးဆက် သစ်တွေသိရှိနိုင်ဖို့ လမ်းစဖော်ပေးတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ မကွေးတိုင်းဒေသကြီးအစိုးရက စတင်အ ကောင်အထည်ဖော်ပေးလိုက်မယ်ဆိုရင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များကလည်း ဆက်လက် ဖော် ဆောင်ကြမယ်လို့ ယုံကြည်တဲ့အတွက် ဒီအဆိုကိုတင်ရတာပါ” ဟု အဆိုတင်သွင်းသူ ဦးတင်မောင်ဦးက ပြောသည်။

ယင်းကျောက်စာတိုင်နှင့်အတူ မကွေးမြို့ ၊ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ဝန်းအတွင်း၌ ကျန်ရှိအာဇာနည်(၈)ဦး၏ ကိုယ်တစ်ပိုင်းရုပ်ထုများကို တောင်တွင်းကြီးမြို့၌ ဆောင်ရွက်ထားသကဲ့သို့ လုပ်ဆောင်စေလိုပါကြောင်း အဆိုရှင်က တစ်ဆက်တည်း အကြံပြုခဲ့ပြီး လွှတ်တော်မှ ယင်းအဆိုနှင့်ပတ်သက်၍ စက်တင်ဘာလ (၂၇)ရက်နေ့တွင် ကျင်းပမည့် ဒုတိယအကြိမ်၊ မကွေးတိုင်းဒေသ ကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး၊ တတိယနေ့၌ ဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း၊ ဓာတ်ပုံ  #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~